«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2013

သွေးအားနည်းရောဂါ(Babesiosis in dog)

,
(((ဘာဘီစီယိုးစစ်ရောဂါ ဆိုတာ )))
သွေးအတွင်းမှာရှိတဲ့ သွေးနီဥတွေ ပျက်စီးပြီးတော့ သွေးအားနည်းတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်

((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
Protozoa  လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် ..

((( ကူးစက်ပုံ ))) 
ခွေးမှာတွယ်ကပ်နေတဲ့ မွှားညိုတွေ ကိုက်တာကြောင့် ရောဂါပိုးကူးစက်ခံရတာ ဖြစ်ပါတယ် .. ဒီမွှားညိုတွေဟာ ကြွက်တွေမှာလည်းတွယ်ကပ်လေ့ရှိပါတယ် … နောက်ထပ်ကူးစက်နိုင်တဲ့နည်း တစ်နည်းကတော့…ရောဂါရှိနေတဲ့ခွေးရဲ့သွေးကို...သွင်းပေးမိရာကနေပြီးတော့လည်းကူးစက်တတ်ပါ   သေးတယ် …  
((( ရောဂါလက္ခဏာများ )))

သာမန်အားဖြင့် ရောဂါလက္ခဏာတွေမပြသပဲရှိနေတတ်ပါတယ် … ဒါပေမယ့် ရောဂါလက္ခဏာ တွေပြသလာတဲ့အခါ … အဖျားကြီးတတ်ပါတယ် …  အထင်ရှားဆုံး လက္ခဏာကတော့ … သွေးအား အလွန်နည်းလာပါမယ် …. အဲဒီအကျိုးဆက် ကြောင့် အသက်ရှုတဲ့အခါမောဟိုက်ပြီး အသက်ရှုနှုန်း အလွန်မြန်နေတတ်ပါတယ်..လျှာရဲ့အရောင် ဟာ… ပန်းရောင်ဖြစ်နေရမယ့်အစား ဖြူဖတ်ဖြူရော် ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် … အသည်းနဲ့ သရက်ရွက်တွေကြီးလာတာကို စမ်းသပ်တွေ့ရှိ နိုင်ပါတယ် ….
((( ရောဂါရှာဖွေခြင်း )))

ရောဂါရှိကြောင်းသံသယရှိတဲ့ခွေးရဲ့သွေးကို ဖောက်ယူပြီး မှန်ပြားပေါ်မှာ ဖြန့်ပြီးတင်ရပါမယ် .. ပြီးတော့ Giemsa-stained ဆေးရည်နဲ့အရောင်ဆိုးပြီးအဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တဲ့ အခါ….ရောဂါရှိနေရင်  ရောဂါဖြစ်စေတဲ့ ပရိုတိုဇွား ကပ်ပါးပိုး လေးတွေကိုမြင်နိုင်ပါတယ်… သွေးရည် ကြည်ကို ဓါတ်ခွဲစစ်ဆေးပြီး ဒီ ပရိုတိုဇွားကပ်ပါးပိုးကို ခန္တာကိုယ်က ပြန်လည်တုန့်ပြန်တိုက်ခိုက်တဲ့ ခုခံဓါတ် (Antibody) တွေရှိမရှိ ရှာဖွေ တဲ့နည်းနဲ့လည်း… ရောဂါရှာဖွေလို့ရပါတယ်….ဒီနည်းကိုတော့  (IFA) Immunofluorescence antibody test  လို့ခေါ်ပါတယ် …

((( ကုသခြင်း )))

Imidocarb    ဆေးနဲ့ ထိရောက်စွာကုသပျောက်ကင်းစေနိုင်ပါတယ်... 

((( ကြိုတင်ကာကွယ်ခြင်း )))
ခွေးရဲ့ခန္တာကိုယ်ပေါ်မှာ မွှားတွေကင်းစင်နေအောင် ဂရုပြုဆောင်ရွက်ပေးရပါမယ်  ….နိုင်ငံခြားတိုင်းပြည်တွေမှာတော့ Chilled vaccine  လို့ ခေါ်တဲ့ အေးခဲထားတဲ့ကာကွယ်ဆေးတစ်မျိုးထိုးနှံပေးထားနိုင်ပါတယ်

0 မှတ်ချက်များ to “​သွေးအားနည်းရောဂါ(Babesiosis in dog)”

Post a Comment