«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Feb 2019

Nebulizer စက်ဖြင့်ကုသပေးခြင်း(Nebulizer Treatment)

,
Unicode
 
 
Nebulizer နဲ့ကုသပေးခြင်းဆိုတာကတော့ အသက်ရှုလမ်းကြောင်ဆိုင်ရာရောဂါတွေဖြစ်တဲ့အခါ 
 
အဆုပ်ယောင်ပြီးအသက်ရှုမဝတဲ့အခြေအနေမျိုးတွေမှာ အမြန်ဆုံးထိထိရောက်ရောက်ကုသပေး 
 
တဲ့ကုထုံးတစ်မျိုးဖြစ်ပါတယ်

 
Nebulizer နဲ့ကုသပေးခြင်းရဲ့အခြေခံသဘောကတော့ ကုသပေးရာမှာအသုံးပြုမယ့်ဆေးအရည်ကို 
 
နှင်းမှုန်လေးတွေလိုဖြစ်သွားအောင် စက်ကိုအသုံးပြုပြီးပြောင်းလဲလိုက်ရပါတယ်
 
 
အဲဒီဆေးရည်အမှုန်လေးတွေကို ပစ္စည်းကိရိယာတွေအသုံးပြုပြီးသန့်ရှင်းတဲ့လေနဲ့အချိုးညီရောစပ် 
 
စေပါတယ်
 
 
အဲဒီနောက် ကုသပေးမယ့်ခွေးကြောင်တွေရဲ့ အဆုပ်ထဲကို တိုက်ရိုက်ရှုသွင်းနိုင်အောင် ဆောင်ရွက်
 
ပေးခြင်းဖြစ်ပါတယ် Nebulizer နဲ့ကုသပေးခြင်းအားဖြင့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ 
 
ကို လျှင်မြန်ထိရောက်စွာကုသပေးနိုင်ပါတယ်
 
 
Nebulizer စက်မှာ ဆေးရည် (၁၂)စီစီဆန့်တဲ့ဗူးတစ်ခုပါရှိပါတယ်အသုံးပြုမယ့်ဆေးရည်ပမာဏကို 
 
(၁၂)ဖြစ်အောင် ဓါတ်ဆားရည်နဲ့ထပ်မံရောစပ်ပြီး အဲဒီဗူးထဲကိုထည့်ရပါတယ်
 
  
အဲဒီနောက် ကုသပေးမယ့် ခွေးကြောင်ကို  Nebulizer စက်ရဲ့ လေလုံခန်းထဲမှာထည့်ပြီး 
 
စက်ခလုပ်ကို ဖွင့်ပေးလိုက်တဲ့အခါ ဆေးအမှုန်တွေပါတဲ့လေတွေဟာခွေးကြောင်ရှိနေတဲ့လေလုံခန်း
 
ထဲကို ဖြည်းညှင်းစွာဝင်ရောက်ဖြတ်သန်းပြီး အထွက်ပေါက်ကနေ ထွက်သွားမှာဖြစ်ပါတယ်

Nebulizer စက်ဖြင့် ကုသမှုဆောင်ရွက်ပေးနေပုံ


 
အဲဒီအခါမှာ ဆေးအမှုန်တွေဟာရောဂါရှင်ခွေးကြောင်ရဲ့အသက်ရှုမှုကြောင့်အသက်ရှုလမ်းကြောင်း 
 
အတွင်းဝင်ရောက်ပြီးခံစားနေရတဲ့ရောဂါဝေဒနာကိုအမြန်ဆုံးသက်သာပျောက်ကင်းအောင်ဆောင်
 
ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ် Nebulizer နဲ့ကုသပေးခြင်းတစ်ကြိမ်မှာအများဆုံးမိနစ်(၂၀)ခန့်သာ
 
ကြာမြင့်ပါတယ်
 
 
Nebulizer နဲ့ကုသပေးခြင်းကို အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းရောဂါများနဲ့ အသက်ရှုလမ်း 
 
ကြောင်းဆိုင်ရာအရေးပေါ်အခြေအနေတွေမှာ အသုံးပြုကုသပေးလေ့ရှိပါကြောင်းဖော်ပြအပ်ပါ 
 
တယ်။

 
 Zawgyi
 
Nebulizer စက်ဖြင့်ကုသမှုဆောင်ရွက်နေပုံ
 
 
အဲဒီအခါမှာ ဆေးအမှုန်တွေဟာ ရောဂါရှင်ခွေးကြောင်ရဲ့ အသက်ရှုမှုကြောင့် အသက်ရှုလမ်းကြောင်းအတွင်းဝင်ရောက်ပြီးခံစားနေရတဲ့ရောဂါဝေဒနာကိုအမြန်ဆုံးသက်သာပျောက်ကင်းအောင်ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ် Nebulizerစက်နဲ့ကုသပေးခြင်းဟာ တစ်ကြိမ်မှာအများဆုံးမိနစ်(၂၀)သာကြာမြင့်ရပါတယ်
Nebulizer နဲ့ကုသပေးခြင်းကို အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းရောဂါများနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာအရေးပေါ်အခြေအနေတွေမှာ အသုံးပြုကုသပေးလေ့ရှိပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “Nebulizer စက်ဖြင့်ကုသပေးခြင်း(Nebulizer Treatment)”

Post a Comment