ကြောင်ကနေလူတွေကိုကူးစက်နိုင်တဲ့အတွက် အရေးကြီးတဲ့ရောဂါတစ်ခုဖြစ်ပါတယ်၊
တကယ်တော့ဒီရောဂါပိုးဟာကြွက်တွေမှာတွယ်ကပ်လေ့ရှိတဲ့လှေးကောင်လေးတွေကနေတစ်ဆင့်
ကြွက်တွေ အချင်းချင်း ကူးစက်ဖြစ်ပွားစေတဲ့ရောဂါဖြစ်ပေမယ့် ခွေး ၊ ကြောင် တွေအပြင်
အသားစားတောရိုင်း တိရစ္ဆာန်တွေနဲ့ လူတွေကိုလည်း ကူးစက်ပြီး ရောဂါရစေနိုင်ပါတယ်
ဒီရောဂါဟာYersinia pestis လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်
၊ကြောင်တွေဟာရောဂါပိုးရှိနေတဲ့ လှေးကောင်လေးတွေအကိုက်ခံရတဲ့အခါမှ ပလိပ်ရောဂါဖြစ်ပွား
လာပါတယ် ၊ ရောဂါပိုးကူးစက်ခံရတဲ့ကြောင်တွေရဲ့ (၅၀)ရာခိုင် နှုန်းဟာ ရောဂါလက္ခဏာ ပြင်းပြင်း
ထန်ထန်မပြပဲ ကျန်းမာရေးကောင်းနေတတ်ပါတယ် ဒါဟာ သတိပြုရမယ့်အချက်ပါပဲ ။
ရောဂါပိုကူးစက်ခံရတဲ့ကြောင်တွေဟာရုတ်တရက်အပြင်းဖျားပြီးနေပြန်ကောင်းသွားတတ်ပါတယ်၊
အစားအသောက်ပျက်ပြီးအပြင်းဖျားမယ်တဲ့အပြင် ခန္တာကိုယ်မှာ အရည်ဓါတ်ခန်းတွေခြောက်လာ
လေ့ရှိတဲ့အပြင် ၊ကြောင်ရဲ့ပါးစပ်မှာ အနာတွေပေါက်တတ်ပါတယ် ၊ပြီးတော့ချောင်းဆိုးပြီးအသက်ရှု
ကျပ်လာတတ်ပါတယ်။
လက်နဲ့ကိုင်တွယ်စမ်းသပိပြည်တဲ့အခါမေးရိုးအောက်နားမှာရှိတဲ့လင့်အကြိတ်တွေယောင်ယောင်
ယမ်းနေတတ်ပြီး ၊တခါတလေအဲဒီ အကြိတ်တွေမှာ ပြည်တည်နာတွေဖြစ်ပြီးပေါက်ထွက်လာတာ
ကိုလည်းတွေ့ရတတ်ပါတယ်၊နောက်တော့ရောဂါပိုးဟာသွေးထဲကနေတစ်ဆင့်အဆုပ်ထဲကိုရောက်
သွားပါတယ်။
၊အဲဒီအခါမှာတော့အဆုပ်ယောင်ပြီးချောင်းဆိုးလာပါမယ်…ချောင်းဆိုးတဲ့အခါမှာလေနဲ့အတူပါလာ
တဲ့တံတွေးအမှုန်တွေမှာ ရောဂါပိုးတွေပါလာတာမို့ အဲဒီလေကိုရှုမိတဲ့ အခြားကြောင်တွေကို
ဆက်လက်ကူးစက်စေပါတယ်။
ရောဂါဖြစ်တဲ့ကြောင်ကိုရင်ခေါင်းကိုဓါတ်မှန်ရိုက်ကြည့်ခြင်းနဲ့ဖြစ်စေ၊သွေးရည်ကြည်ထဲမှာဒီရောဂါပိုး
ကိုခုခံတဲ့ Antobody ရှိမရှိစစ်ဆေးကြည့်တဲ့နည်းနဲ့ဖြစ်စေ၊ သွေးထဲကရောဂါပိုးကိုဓါတ်ခွဲခန်းမှာ
မွေးယူပြီးတော့ အဏုကြည့်မှန်ပြောင်းအောက်မှာရှာဖွေကြည့်တဲ့နည်းနဲ့ဖြစ်စေရောဂါရှိ မရှိကို
ရှာဖွေသိရှိနိုင်ပါတယ် ။
ဒီရောဂါ ဟုတ်မဟုတ်ကိုဓါတ်ခွဲခန်းကအဖြေမထုတ်နိုင်ခင်အချိန်လေးအတွင်းမှာပဲအသေအပျောက်
တွေဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် ဒီရောဂါလို့ သံသယရှိရုံနဲ့ အထူးဂရုပြုပြီးကိုင်တွယ် ကုသပေးရ
မှာဖြစ်ပါတယ် ၊ ဓါတ်ခွဲခန်းအဖြေရရှိတဲ့အထိစောင့်မနေပဲ ရောဂါသံသယရှိတဲ့ကြောင်ကို
ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကု ဆရာဝန်ရဲ့ညွန်ကြားချက်နဲ့အညီ သီးသန့်ခွဲခြားထားပြီးကုသမှုကို
ချက်ချင်းစတင်ဆောင်ရွက်သင့်ပါတယ် ။
ဒီရောဂါပိုးကို Streptomycin , Gentamicin , Doxycycline , Tetracycline နဲ့ Chloramphenicol
စတဲ့ပဋိဇီဝဆေးတွေနဲ့ ကုသပေးနိုင်ပါတယ်၊ ကုသမှုကိုတော့ရက်သတ္တပတ်နဲ့ချီပြီးတော့ပြုလုပ်ဖို့
လိုအပ်ပါတယ်။
ကြိုတင်ကာကွယ်နိုင်ဖို့ကတော့မိမိရဲ့ကြောင်တွေကိုအိမ်မလည်အောင်လုပ်ပေးနိုင်ရင်ကောင်းပါ
တယ်၊ အဓိကအချက်အနေနဲ့ကတော့ ကြောင်ရဲ့ခန္တာကိုယ်မှာ လှေးကောင်လေးတွေကင်းစင်
အောင်ဆောင်ရွက်ပေး ဖို့လည်းလိုအပ်ပါတယ်။
ကြောင်လှေးကိုက်ခံရရင်လူကိုကူးစက်လာနိုင်ပါတယ် ရောဂါဖြစ်နေတဲ့ကြောင်က လူကိုကုပ်ရင်
ဒါမှမဟုတ် ကိုက်ရင်လည်း လူကိုကူးစက်စေနိုင်ပါတယ် ၊ရောဂါကြောင့်အဆုပ်ယောင်နေတဲ့ကြောင်
က နှာချေချောင်းဆိုး တဲ့အခါ ထွက်လာ တဲ့တံတွေးမှုန်တွေမှာရောဂါပိုးတွေပါနေတာမို့ ရှုမိတဲ့လူ
ကိုရောဂါကူးစက်စေနိုင်ပါတယ်၊ ဒါကြောင့် ရောဂါဖြစ်တဲ့ကြောင်နဲ့ ထိစပ်မှုရှိတဲ့လူတိုင်း ကိုယ့်ရဲ့
မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့
ညွန်ကြားချက် အတိုင်း ကြိုတင်သောက်သုံးထားသင့်ပါတယ် ။