«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Jul 2017

မွေးဖွားရခက်ခဲခြင်း(DYSTOCIA )

,
မွေးဖွားရခက်ခဲမှုဖြစ်နေခြင်းကို (DYSTOCIA )လို့ခေါ်ပါတယ် ၊ 

ကြောင်တစ်ကောင်မွေးဖွားခြင်း parturition  ခေါ်  delivery  ဟာ စတင်ချိန်ကနေ

ပြီးဆုံးသည်အထိ ကြာချိန်( ၄ - ၄၂ )နာရီအထိကြာနိုင်ပါတယ်၊

ပျမ်းမျှအားဖြင့်ကြောင်တွေဟာ(၁၆)နာရီလောက်ကြာတတ်ပါတယ် ၊ မွေးဖွားမှုဟာ

အဲဒီထက်ပိုကြာလာရင်တော့ မွေဖွားရခက်ခဲခြင်းဆိုတဲ့အခြေအနေဖြစ်ပါတယ်

မွေးဖွားရခက်ခဲရတဲ့အကြောင်းရင်တွေက မိခင်ကြောင့်ဖြစ်နိုင်သလိုကလေးကြောင့်လည်း

ဖြစ်နိုင်ပါတယ် ၊ မိခင်ရဲ့သားအိမ်ကလည်းပုံမှန်အနေအထား ရှိနေရမယ့်အပြင်

သားအိမ်ထဲမှာရှိတဲ့ကလေးရဲ့အနေအထားဟာ ၊ သားအိမ်လမ်းကြောင်းအတိုင်းပြင်ပကို

ထွက်လာနိုင်ဖို့မှန်ကန်တဲ့အနေအထားအတိုင်းရှိနေမှသာ လွယ်ကူချောမွေ့စွာမွေးဖွားနိုင်

ကြတာဖြစ်ပါတယ် ၊

ကလေးမွေးဖွားဖို့ မိခင်အပိုင်းကအဆင့်ဆင့်ပြောင်းလဲလာတာကို labor stagesတွေလို့

ခေါ်ပါတယ် ၊ labor stages  အဆင့်(၃)ဆင့်ရှိပါတယ် ၊  

ပထမအဆင့်မွေးဖွားခြင်း(First stage labor) 

ကလေးမွေးဖွားနိုင်ဖို့အတွက် မိခင်ရဲ့သားအိမ်ဟာမွေးဖွားတော့မယ့်အချိန်မှာကျုံ့လိုက်

ကျယ်လိုက် ပုံမှန်လှုပ်ရှားပေးနေရပါတယ် ၊ အဲဒီလိုစတင်လှုပ်ရှားလာတဲ့အတွက်

ဗိုက်နာလာပါတယ် ၊ အဲဒီလိုလှုပ်ရှားမှုမလုပ်နိုင်တော့တာမျိုးလည်းရှိတတ်ပါတယ်

လှုပ်ရှားမှုမရှိတဲ့အခြေအနေကို (Uterine inertia) လို့ခေါ်ပါတယ် ၊  


ဒုတိယအဆင့်မွေးဖွားခြင်း (Second stage labor)   

ဒုတိယအဆင့်မှာတော့ သားအိမ်ကနေညှစ်ထုတ်တဲ့နည်းနဲ့ကလေးကိုတွန်းထုတ်ပေးလာမှာ

ဖြစ်ပါတယ်


တတိယအဆင့်မွေးဖွားခြင်း (Third stage labor) 

တတိယအဆင့်မှာ အမအင်္ဂါအ၀ကနေ fetal membranes လို့ခေါ်တဲ့ရေမွှာအိတ်စူထွက်

လာပါမယ် ၊ ရေမွှာအိတ်ဟာမိနစ်အနည်းငယ်အတွင်းပေါက်ကွဲသွားပြီး ကလေးထွက်လာ

ပါတယ် ၊ ရေမွှာအိတ်ဟာ ကလေးအားလုံးအတွက် တစ်ကြိမ်သာပေါက်ကွဲတာဖြစ်နိုင်သလို

ကလေးတစ်ကောင်မထွက်လာမီတိုင်း ရေမွှာအိတ်သီးခြားစီထွက်တာမျိုးလည်းရှိနိုင်ပါတယ် 

-ကြောင်မကြီးဟာ ၀မ်းဗိုက်တစ်ခုလုံးရဲ့လှုပ်ရှားမှုအားနဲ့နာရီဝက်လောက်မရပ်မနားပဲ

ပြင်းပြင်းထန်ထန်ညှစ်နေလျှက်သားနဲ့ကလေးကထွက်မလာဘူးဆိုရင်

-ကြောင်မကြီးက အော်ငြီးလျှက်ညှစ်ထုတ်နေရင်းက အမအင်္ဂါကို မရပ်မနားပြန်လျှက်နေရင်

-စတင်မိတ်လိုက်တဲ့ရက်ကနေ(၆၈)ရက်ကျော်လာတဲ့အထိမမွေးသေးရင်

-ကလေးမထွက်မီတိုင်း သွေးပါတဲ့အကျိအချွဲတွေထွက်ရင်

မွေးဖွားရခက်ခဲခြင်း(DYSTOCIA )အခြေအနေရောက်ပြီလို့ပြောနိုင်ပါတယ် 


ဖာဂူဆန်တုန့်ပြန်မှု (Ferguson reflex)အကြောင်း 

မွေးဖွားနေစဉ်မှာ ကြောင်မကြီးရဲ့သားအိမ်ညှစ်အားအပြင် ၀မ်းဗိုက်ကြွက်သားတွေလည်း

ညှစ်အားပေးလာစေဖို့အတွက်  အမအင်္ဂါအပေါ်ဖက်နံရံကို မကြာခဏဖိပေးရပါတယ်

အဲဒီအခါမှာ ၀မ်းဗိုက်ကြွက်သားတွေကလည်း ညှစ်အားပေးလာပါတယ် ၊ အဲလိုဖြစ်လာတာကို

ဖာဂူဆန်တုန့်ပြန်မှု(Ferguson reflex) လို့ခေါ်ပါတယ် ၊  အဲဒီလို အမအင်္ဂါအပေါ်ဖက်နံရံကို

မကြာခဏဖိပေးနေပါလျှက်နဲ့ ဖာဂူဆန်တုန့်ပြန်မှု(Ferguson reflex) ဖြစ်မလာရင်လည်း

မွေးဖွားရခက်ခဲခြင်း(DYSTOCIA )အခြေအနေရောက်ပြီလို့ပြောနိုင်ပါတယ် ။ 



မွေးဖွားရခက်ခဲရတဲ့အကြောင်းရင်းတွေက မိခင်ကြောင့်ဖြစ်နိုင်သလို ကလေးကြောင့်လည်း

ဖြစ်နိုင်ပါတယ်


ကလေးကြောင့်မွေးဖွားဖို့ခက်ရတဲ့အကြောင်းရင်းတွေကတော့ 

(၁)ကလေးရဲ့အရွယ်အစားကြီးလွန်နေခြင်း

(၂)ကလေးသေဆုံးနေခြင်း

(၃)ကလေးရဲ့အနေအထားကာမွေးဖွားဖို့အသင့်အနေအထားကိုပြောင်းလဲလာခြင်းမရှိတဲ့အချက်

တွေကြောင့်ဖြစ်ပါတယ်



မိခင်ကြောင့်မွေးဖွားဖို့ခက်ရတဲ့အကြောင်းရင်းတွေကတော့


(၁)သားအိမ်ညှစ်အားနည်းခြင်း

(၂)၀မ်းဗိုက်ကြွက်သားများ၏ညှစ်အားမရှိခြင်း

(၃)သားအိမ်အတွင်းပိုးဝင်သဖြင့် သားအိမ်ယောင်နေခြင်း

(၄)ကိုယ်ဝန်ကြောင့်သွေးအဆိပ်တက်နေခြင်း

(၅)အရိုးကွင်းပုံမမှန်ခြင်း

(၆)မိခင်ရဲ့အရိုးကွင်းကမွေးရာပါသေးငယ်နေခြင်း

(၇)သားအိမ်ခေါင်းမပွင့်ခြင်း

(၈)အမအင်္ဂါအတွင်းပိုင်းပုံမမှန်ခြင်း

(၉) အမအင်္ဂါအ၀ ပုံမှန်မဟုတ်ခြင်း

(၁၀)မွေးဖွားရန်လိုအပ်သည့်အကျိအချွဲမထွက်ခြင်း

(၁၁)သားအိမ် လိမ်ခေါက်နေခြင်း

(၁၂)သားအိမ်တွင် ကင်ဆာကဲ့သို့အဖုအကြိတ်များရှိနေခြင်း

(၁၃)သားအိမ်ချိုနှစ်ခုပူးကပ်နေခြင်း

(၁၄)မိခင်၏အသက်အရွယ်ငယ်လွန်းခြင်းကြီးလွန်းခြင်း

(၁၅)မိခင်တွင် အ၀လွန်ရောဂါရှိခြင်း

(၁၆)မွေးဖွားမှုစတင်ချိန်တွင်ပတ်ဝန်းကျင်အနေအထားရုတ်တရက်သိသိသာသာပြောင်းလဲ

သွားခြင်းစတဲ့အချက်တွေကြောင့် မွေးဖွားရာမှအခက်အခဲတွေဖြစ်လာတတ်ပါတယ်၊

အခက်အခဲဖြစ်ရတဲ့အကြောင်ရင်းအပေါ်မူတည်ပြီး ပြုပြင်မွေးဖွားပေးရမှာဖြစ်ပါတယ် ၊


သွေးစစ်ကြည့်လို့မိခင်ရဲ့သွေးထဲမှာ သကြားဓါတ်နဲ့ထုံးဓါတ်နည်းနေရင် အကြောကနေသွင်းပေး

ရပါမယ် ၊

သွေးထဲမှာ အောက်စီတိုစင်ပမာဏရှိသင့်တာထက်နည်းနေရင် ထိုးနှံပေးရပါမယ်

သားဖွားလမ်းကြောင်းမှာပိတ်ဆို့နေလို့ မွေးရခက်တာမျိုးဖြစ်နေရင်

သားအိမ်လှုပ်ရှားမှုကိုအားပေးတဲ့ဆေးတွေဟာ မိခင်နဲ့ဆက်သွယ်ထားတဲ့အချင်းတိုင်ကိုလည်း 

ပြုတ်သွားစေနိုင်တဲ့အတွက်ချင့်ချိန်ပြီးမှထိုးနှံပေးသင့်ပါတယ် ၊ မစစ်ဆေးပဲထိုးနှံပေးမိရင်

ထွက်ရမယ့်လမ်းကပိတ်နေတဲ့အတွက်ကြောင့် ကလေးတွေသေဆုံးသွားနိုင်ပါတယ်

သားအိမ်ညှစ်အားများလာပေမယ့် သားဖွားလမ်းကြောင်းကပိတ်ဆို့နေတဲ့အတွက်

သားအိမ်လည်းကွဲသွားနိုင်တဲ့အတွက် မိခင်ရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာစေနိုင်ပါတယ်

အမအင်္ဂါကနေအလေးကထွက်နေပြီးတစ်ဆို့နေလို့မထွက်နိုင်ရင်တော့

လက်နဲ့ကူညီဆွဲထုတ်ပေးသင့်ပါတယ် ၊ ကလေးထွက်လာတဲ့ပုံစံက အနေအထားမှားနေရင်

လက်ချောင်းနဲ့ထိုးသွင်းပြုပြင်ပေးနိုင်ပါတယ် ၊ အကယ်၍ လက်ချောင်းထိုးသွင်းနိုင်လောက်

အောင်မကျယ်ရင်တော့ ဆရာဝန်သုံး spay hook  သို့မဟုတ် non-ratcheted forcepsစတဲ့ 

ကိရိယာတွေနဲကူညီမွေးဖွားပေးနိုင်ပါတယ် ၊

လက်နဲ့ပြင်ပေးသည်ဖြစ်စေ ကိရိယာတွေနဲ့ပြင်ပေးသည်ဖြစ်စေလုံလောက်တဲ့ချောဆီပမာဏ

သုပ်လိမ်းပြီးပြုလုပ်ရတာဖြစ်ပါတယ်၊မိနစ်(၃၀)ကြာသည်အထိအောင်မြင်စွာမွေးဖွားပေးနိုင်ခြင်း

မရှိပါက ဗိုက်ခွဲမွေးဖွားပေးရမှာဖြစ်ပါတယ်

0 မှတ်ချက်များ to “မွေးဖွားရခက်ခဲခြင်း(DYSTOCIA )”

Post a Comment