«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jul 2013

ကြောင်အရေပြားထွဋ်နာရောဂါ(Sporotrichosis)

,
Unicode 

(ကြောင်တွေမှာဖြစ်ပွားတဲ့ စပိုရိုထရီကိုးစစ်ရောဂါဆိုတာ )
 
အရေပြားအောက်မှာ အဖုအကြိတ်တွေ စိပ်ပုတီးလိုအတန်းလိုက်ဖြစ်နေတတ်တဲ့ရောဂါတစ်မျိုးဖြစ်
 
ပါတယ် …ဒီရောဂါမျိုးကိုတစ်ခါတစ်ရံမှာသာ ရှားရှားပါးပါးတွေ့ရတတ်ပါတယ် ………

 
( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )
 
Sporothrix schenckii.  လို့ခေါ်တဲ့ မှိုရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ် …
 
 
( ကူးစက်ပုံ )
 
မြေကြီးထဲမှာရှိနေတတ်တဲ့ မှိုမျိုးစေ့တွေဟာ အရေပြားပွန်းပဲ့ဒါဏ်ရာကနေ ကိုယ်တွင်းကို    
 
ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်…မှိုမျိုးစေ့တွေကို အစားအသောက်နဲ့ရောပြီး 
 
စားမိရင်ဖြစ်စေ…လေနဲ့အတူ ရှုမိရင်ဖြစ်စေ…ရောဂါဖြစ်ပွားနိုင်ပါတယ်
    
( ရောဂါလက္ခဏာများ )                        
 
အရေပြားမှာရှိတဲ့ အနာရဲ့ဘေးပတ်လည်မှာ အဖုအကြိတ်ငယ်လေးတွေထွက်လာပါတယ် … 
 
များသောအားဖြင့် ခြေလက်၊မျက်နှာနဲ့ အမြီးရင်းပိုင်းတွေမှာ တွေ့ရပါတယ် …
 
အဖုအကြိတ်ငယ်လေးတွေရဲ့ အပေါ်က အမွှေးတွေကျွတ်ကုန်ပြီးတော့ အရည်တွေစိုရွှဲနေတဲ့ 
 
အနာခွက်တွေဖြစ်ပေါ်လာပ်တယ်…တစ်ချို့ခွေးတွေမှာအနာခွက်တွေအထိဖြစ်မလာပေမယ့်လည်း 
 
အဖုအကြိတ်တွေဟာ အရေပြားအောက်မှာ စိပ်ပုတီးလို အတန်းလိုက်ဖြစ်လာတာတွေ့နိုင်ပါ တယ် …

( ရောဂါရှာဖွေခြင်း )
 
အဖုအကြိတ်တွေနေရာကထွက်နေတဲ့အရည်ကိုယူပြီး …. အဏုကြည့်မှန်ပြောင်းအောက်မှာ 
 
စစ်ဆေးကြည့်ရှုရပါတယ် … ပိုပြီးတိတိကျကျသိနိုင်ဖို့ ဓါတ်ခွဲခန်းမှာ မျိုးပွားယူပြီးစမ်းသပ်တဲ့နည်း
 
အပြင်၊ အဖုအကြိတ်နေရာက အသားစကိုရယူပြီး ဓါတ်ခွဲခန်းမှာပွားယူစမ်းသပ်တဲ့နည်းတွေနဲ့ 
 
ရောဂါရှာဖွေ ရပါတယ် …

 
( ကုသခြင်း )
 
အရေပြားမှာပဲဖြစ်နေရုံလောက်ဆိုရင် ကုသရတာလွယ်ပါတယ်… ပိုတက်ဆီယမ်အိုင်အိုဒိုက်ကို 
 
ပါးစပ်ကနေတိုက်ကျွေးပေးရပါမယ် ၊ဒီဆေးဟာ များသွားရင်အဆိပ်အတောက်ဖြစ်စေတတ်တာမို့ 
 
ဆေးတိုက်ပြီးရင်…အန်သလား…မှိုင်သွားသလား…နှလုံးခုန်ချက်တွေအပြောင်းအလဲဖြစ်လာ
 
သလား ဆိုတာ…စောင့်ကြည့်ရမှာဖြစ်ပါတယ်
 
 
ထိုးဆေးအနေနဲ့ …ဆိုဒီယမ်အိုင်အိုဒိုက်ထိုးဆေးနဲ့လည်း ကုသနိုင်ပါတယ် …
 
ရောဂါပိုးက ခန္တာကိုယ်တွင်းအထိပြန့်နှံ့နေပြီဆိုရင်တော့ … Amphotericin B  ဆေးနဲ့ 
 
ကုသရမှာဖြစ်ပါတယ်…ဒီဆေးဟာ နောက်ဆုံးအဆင့်ရွေးချယ်ရမယ့်ဆေးဖြစ်ပြီး တိရစ္ဆာန် 
 
ရောဂါကုဆရာဝန်ရဲ့ အနီးကပ်စောင့်ကြည့်ကုသမှုလိုအပ်တဲ့ဆေးဖြစ်ပါတယ် ……

( လူထုကျန်းမာရေး )
 
ရောဂါကြောင့်ဖြစ်ပွားတဲ့အနာကနေ အရည်တွေထွက်နေတဲ့ကြောင်ကိုကိုင်တွယမရင်လူကို 
 
ကူးစက်နိုင်ပါတယ်… ရောဂါဖြစ်ပွားနေတဲ့ကြောင်ရဲ့ မစင်ထဲမှာ မှိုရောဂါမျိုးစေ့တွေပါလာတတ်ပါ 
 
တယ်….ဒါကြောင့်..ကြောင်ကိုကိုင်တွယ်ပြီးတဲ့အခါသူနေတဲ့နေရာကိုသန့်ရှင်းရေးလုပ််ချိန်တွေမှာ 
 
…လက်အိပ်စွပ်ပြီးမှကိုင်တွယ်ဖို့နဲ့…သေသေချာချာ ဆေးကြောသုပ်သင်ပစ်ဖို့ အရေးကြီးပါတယ်

Zawgyi
 
 
 
အတန်းလိုက်ဖြစ်နေတတ်တဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ် …တစ်ခါတစ်ရံမှာ 
 

 
Sporothrix schenckii.  
 
((( ကူးစက်ပုံ )))
 
     
((( ရောဂါလက္ခဏာများ )))                         

((( ရောဂါရှာဖွေခြင်း )))
အဖုအကြိတ်တွေနေရာကထွက်နေတဲ့အရည်ကိုယူပြီး …. အဏုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ရှုရပါတယ် … ပိုပြီးတိတိကျကျသိနိုင်ဖို့ ဓါတ်ခွဲခန်းမှာ မျိုးပွားယူပြီးစမ်းသပ်တဲ့နည်းနဲ့ အဖုအကြိတ်နေရာက အသားစကိုရယူပြီး ဓါတ်ခွဲခန်းမှာပွားယူစမ်းသပ်တဲ့နည်းတွေနဲ့ ရောဂါရှာဖွေ ရပါတယ် … 

((( ကုသခြင်း )))
အရေပြားမှာပဲဖြစ်နေရုံလောက်ဆိုရင် ကုသရတာလွယ်ပါတယ်… ပိုတက်ဆီယမ်အိုင်အိုဒိုက်ကို ပါးစပ်ကနေတိုက်ကျွေးပေးရပါမယ် … ဆေးဟာ များသွားရင်ရင် အဆိတ်အတောက်ဖြစ်စေတတ်တာ မို့ ဆေးတိုက်ပြီးရင်…အန်သလား…မှိုင်သွားသလား…နှလုံးခုန်ချက်တွေအပြောင်းအလဲဖြစ်လာသလား ဆိုတာ…စောင့်ကြည့်ရမှာဖြစ်ပါတယ်…ထိုးဆေးအနေနဲ့ …ဆိုဒီယမ်အိုင်အိုဒိုက်ထိုးဆေးနဲ့လည်း ကုသ နိုင်ပါတယ် …
ရောဂါပိုးက ခန္တာကိုယ်တွင်းအထိ ပြန့်နှံ့နေပြီဆိုရင်တော့ Amphotericin B  ဆေးနဲ့ ကုသရမှာဖြစ်ပါတယ်…ဒီဆေးဟာ နောက်ဆုံးအဆင့်ရွေချယ်ရမယ့်ဆေးဖြစ်ပြီး တိရစ္ဆာန် ရောဂါကုဆရာဝန်ရဲ့ အနီးကပ်စောင့်ကြည့်ကုသမှု လိုအပ်ပါတယ် ……

((( လူထုကျန်းမာရေး )))
ရောဂါကြောင့်ဖြစ်ပွားတဲ့အနာကနေ အရည်တွေထွက်နေတဲ့ကြောင်ကိုကိုင်တွယမရင်လူကို ကူးစက်နိုင်ပါတယ်… ရောဂါဖြစ်ပွားနေတဲ့ကြောင်ရဲ့ မစင်ထဲမှာ မှိုရောဂါမျိုးစေ့တွေ ပါလာတတ် ပါ တယ်….ဒါကြောင့်..ကြောင်ကိုကိုင်တွယ်ပြီးတဲ့အခါ…သူနေတဲ့နေရာကိုသန့်ရှင်းရေးလုပ်ချိန်တွေမှာ …လက်အိပ်စွပ်ပြီးမှကိုင်တွယ်ဖို့နဲ့…သေသေချာချာ ဆေးကြောသုပ်သင်ပစ်ဖို့ အရေးကြီး ပါ တယ်..

0 မှတ်ချက်များ to “ကြောင်အရေပြားထွဋ်နာရောဂါ(Sporotrichosis)”

Post a Comment