«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

နာတာရှည်ချောင်းဆိုးရောဂါ(Histoplasmosis)

,

Read in Zawgyi

ခွေးချောင်းဆိုးတာ နာတာရှည်လိုဖြစ်နေရင်  HISTOPLASMOSIS လို့ခေါ်တဲ့ရောဂါ

ဖြစ်နိုင်ခြေများပါတယ်၊ ဒီရောဂါကတော့Histoplasma capsulatum လို့ခေါ်တဲ့မှိုရောဂါ 

ပိုးတစ်မျိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ် ပါတယ် ဒီရောဂါပိုးတွေဟာ တိရစ္ဆာန်တွေရဲ့

ဆွေးမြေ့နေတဲ့မစင်တွေရှိနေတဲ့မြေကြီးထဲမှာအများကြီးပေါက်ပွားနေတတ်ပါတယ်။

ရောဂါပိုးပါဝင်နေတဲ့အမှုန်အမွှားတွေကို လေနဲ့အတူရှုရှိုက်မိရင်ဖြစ်စေ ရောဂါပိုးပါဝင်

နေတဲ့အမှုန်အမွှားတွေကို အစာနဲ့ရောနှောစားမိရင်ဖြစ်စေဒီရောဂါဖြစ်ပွားစေပါတယ်။

ဒီရောဂါဖြစ်လာရင် အသည်းတို့ သရက်ရွက်တို့စတဲ့ကိုယ်တွင်းအင်္ဂါတွေမှာအဖုအကြိတ် 

တွေဖြစ်လာတတ်ပါတယ်။

ဒီရောဂါကြောင့်ပြင်ပမှာ ရောဂါလက္ခဏာရယ်လို့ပြသတာနည်းပေမယ့်တစ်ခါတစ်ရံမှာ

တော့ပြင်းထန်တဲ့ရောဂါလက္ခဏာတွေဖြစ်လာတတ်ပါတယ်

အဲဒီအခါမျိုးမှာ ကိုယ်အပူချိန်တက်ပြီးဖျားလာတတ်ပါတယ်ချောင်းအရမ်းဆိုးပြီး 

အသက်ရှုကြပ်တာ၊နှလုံးခုန်သံပြင်းထန်တာ၊အသက်ရှုတဲ့အသံတွေပုံမမှန်ဖြစ်တာမျိုးတွေ

ဖြစ်လာတတ်ပါတယ်

ဒီရောဂါကိုသေချာချာကုသမှုမရှိရင်တော့ နာတာရှည်ရောဂါပုံသဏ္ဍာန်ပြောင်းသွားပြီး 

တဖြည်းဖြည်းနဲ့ပိန်ချုံးလာတတ်ပါတယ်၊ခွေးဟာအမြဲတန်းလိုလိုချောင်းဆိုးနေတတ်

ပါတယ် နောက်ပိုင်းမှာတော့ရောဂါပိုးက အူထဲကိုရောက်သွားပြီး အူနံရံတွေထူထဲလာ

ပါတယ်။ 

ဒီအခါမှာ ဆေးမတိုးတဲ့ဝမ်းပျက်ဝမ်းလျှောတာမျိုးဖြစ်လာတတ်ပါတယ်တစ်ခါတစ်ရံ  

သွေးစသွေးနတွေ၊နဲ့အကျိအချွဲတွေပါတဲ့ဝမ်းတွေသွားနေတတ်ပါတယ်။ 

ဒီရောဂါဖြစ်နေတယ်လို့သံသယရှိလာရင် သွေးကိုစစ်လို့အဖြေမထွက်နိုင်ပါဘူး

ခွေးရဲ့ဝမ်းနမူနာကိုယူပြီး ဓါတ်ခွဲခန်းမှာပိုးပျိုးကြည့်တဲ့နည်းနဲ့ အဖြေရှာကြည့်ရမှာ

ဖြစ်ပါတယ်။

Ultrasonography  လို့ခေါ်တဲ့ အာထရာဆောင်းရိုက်ကြည့်ရင်တော့ အသည်းတို့

သရက်ရွက်တို့မှာအဖုအကြိတ်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ 

ဒီရောဂါကို အောက်ပါကုထုံးများနဲ့ကုသပေးနိုင်ပါတယ်

() Ketoconazole ထိရောက်မှုတော့နည်းပါတယ်၊ရေရှည်စွဲကုရတဲ့ရောဂါမျိုး

ဖြစ်တာမို့ အကုန်အကျသိပ်မခံနိုင်သူတွေအဖို့သုံးသင့်တဲ့ဆေးဖြစ်ပါတယ်။

() Itraconazole  စားဆေးကို ()လလောက်စွဲတိုက်ရပါမယ်

() Itraconazole + Amphotericin B (ရောဂါပြင်းထန်တဲ့အခါမှာသုံးပါတယ်)

() Fluconazole  ဒီဆေးက Itraconazole စားဆေးလောက်မထိရောက် ပေမယ့်  

ရောဂါပိုးကမျက်လုံးထဲတို့ ဦးနှောက်ထဲတို့ရောက်နေတဲ့အခါမျိုးမှာတော့ ဒီကုထုံးက

ပိုပြီးအစွမ်းထက်ပါတယ်။

() Corticosteroids (မှိုရောဂါပိုးတွေကို သုပ်သင်တဲ့အခါမှာ အသုံးပြုရတဲ့ဆေးတွေ 

ဟာ ဆေးကိုစတင်ပေးလိုက်ချိန်မှာလည်ပင်းပိုင်းက လေရှုပြွန်တွေကိုယောင်ယမ်းလာစေ

တဲ့အတွက် အသက်ရှုကျပ်လာတတ်ပါတယ်၊ အဲဒီလိုမဖြစ်စေဖို့အတွက် ကုသမှုရဲ့အစပိုင်း

ကာလတွေမှာအထိမ်းဆေးအဖြစ်Corticosteroids  တွေကိုတွဲပေးပြီးကုသရပါတယ်။

ဒီဆေးကိုကြာရှည်တော့မပေးရပါဘူး ၊ရေရှည်စွဲပေးမိရင် ဒီဆေးကြောင့်ပဲရောဂါပိုးတွ

ပိုမိုပွားများလာတတ်ပြီးရောဂါရဲ့အခြေအနေဟာပိုဆိုးသွားတတ်ပါတယ်။

ပိုမိုလေ့လာရန် လင့်ကိုနှိပ်ပါ    Link 

0 မှတ်ချက်များ to “ နာတာရှည်ချောင်းဆိုးရောဂါ(Histoplasmosis)”

Post a Comment