ခွေးကြောင်တွေရဲ့အရေပြားပေါ်မှာ သန်း၊မွှားနဲ့လှေးကောင်တွေစွဲကပ်နေရင် ခွေးကြောင်တွေရဲ့
သဘာဝအလှအပကိုထိခိုက်ပျက်စီးစေတတ်သလို မလိုလားအပ်တဲ့ရောဂါတွေလည်းကူးစက်
ဖြစ်ပွားလာစေနိုင်တဲ့အတွက် အချစ်တော်ခွေးကြောင်တွေမှာပြင်ပကပ်ပါးတွေကင်းစင်နေအောင်
အမြဲသတိပြုထိမ်းသိမ်းပေးသင့်ပါတယ်။
အကယ်၍သင်မွေးမြူထားတဲ့ခွေးကြောင်တွေမှာ ပြင်ပကပ်ပါးကောင်တွေစွဲကပ်နေပြီဆိုရင်
အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ပြသနာကို
အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။
(၁) ပြင်ပကပ်ပါးကောင်တွေကိုထိရောက်စွာသုပ်သင်နိုင်တဲ့အပြင်အာနိသင်အားဖြင့်လည်း
တာရှည်ခံတဲ့ ဆေးအမျိုးအစားတွေကိုသာရွေးချယ်အသုံးပြုပါ ။
လှေးနဲ့မွှားကောင်တွေကိုသုပ်သင်နိုင်တဲ့ဆေးတွေများစွာရှိတဲ့အနက်isoxazolinesအုပ်စုဝင်ဆေးတွေ
ဟာ လှေးနဲ့ မွှားကောင်တွေကို အချိန်(၃)နာရီအတွင်းမှာ သုပ်သင်နိုင်ပြီး ရက်သတ္တပေါင်းများစွာ
အာနိသင်မပြယ်ပဲ ဆက်လက်တားဆီးကာကွယ်ပေးထားနိုင်တဲ့ဆေးအမျိုးအစားတွေဖြစ်ပါတယ်။
ဒါပေမယ့်ဒီဆေးကတိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့လက်မှတ်နဲ့သာဝယ်ယူလို့ရနိုင်တဲ့ဆေးအမျိုးအစား
ဖြစ်ပါတယ် ၊ ဒီဆေးကို Simparica , NexGard နဲ့ Bravecto ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ရောင်းချ
ပါတယ်။
Simparica နဲ့ NexGard ကတော့ ခွေးကြောင်တွေဝါးစားနိုင်တဲ့ပုံစံမျိုးနဲ့ ထုတ်လုပ်ထားပြီး
လစဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ် Bravecto တံဆိပ်ကတော့ ဝါးစားနိုင်တဲ့ပုံစံမျိုးအဖြစ်
ထုတ်လုပ်ထားပြီး(၃)လမှာတစ်ကြိမ်သာ တိုက်ကျွေးဖို့လိုအပ်ပါတယ်။
Bravecto ကိုလိမ်းဆေးအနေနဲ့လည်းထုတ်လုပ်ရောင်းချတာတွေရှိပါတယ်ဒီဆေးကဘေးထွက်
ဆိုးကျိုးအနေနဲ့ အာရုံကြောစနစ်ကိုထိခိုက်စေနိုင်တဲ့အတွက်တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့
ညွှန်ကြားချက်အတိုင်းသာအသုံးပြုသင့်ပါတယ် ၊
နောက်တစ်မျိုးကတော့ SPINOSAD စားဆေးဖြစ်ပါတယ် ၊ ဒီဆေးကိုလည်း ခွေးကြောင်တွေဝါးစား
နိုင်တဲ့ပုံစံမျိုးအဖြစ်ထုတ်လုပ်ထားပြီး လစဉ်တိုက်ကျွေးရတဲ့ဆေးဖြစ်ပါတယ်။
ခွေးအတွက်နဲ့ကြောင်အတွက်ဆိုပြီးသီးခြားစီထုတ်လုပ်ရောင်းချပါတယ်ဒီဆေးရဲ့ကောင်းတဲ့အချက်
ကတော့ လှေးတွေကို(၃၀)မိနစ်အတွင်းမှာ သုပ်သင်ပစ်နိုင်တာပါပဲ မကောင်းတဲ့အချက်က
ဆေးတိုက်တဲ့အခါမှာအန်တတ်တာဖြစ်ပါတယ်၊ ဒါကြောင့်အဲဒီဆေးကိုတိုက်ကျွေးမယ်ဆိုရင်
အစာနဲ့ရောကျွေးဖို့လိုအပ်ပါတယ်။
(၂) ဆေးလည်ပါတ်တပ်ဆင်ပေးထားပါ
တစ်ချို့ပိုင်ရှင်တွေကတော့ လှေးနဲ့မွှားကိုကာကွယ်ဖို့အတွက် ဆေးလည်ပတ်တပ်ဆင်ပေးရတာကို
ပိုပြီး နှစ်သက်လေ့ရှိပါတယ်။
Seresto လို ဆေးလည်ပတ်တွေမှာ imidacloprid နဲ့ flumethrin
ဆေးတွေပါဝင်တဲ့အတွက်အဲဒီဆေးလည်ပတ်မျိုးကိုတပ်ဆင်ပေးထားရင်မွှားနဲ့လှေးတွေရဲ့အန္တရာယ်
ကနေ(၈)လလောက်အထိကာကွယ်ပေးထားနိုင်ပါတယ်အဲဒီလိုအချိန်ကြာကြာကာကွယ်ပေးထားနိုင်
တာဟာဆေးလည်ပတ်တွေရဲ့အားသာချက် တစ်ခုဖြစ်ပါတယ် ။
ဆေးလည်ပတ်တွေမှာပါဝင်တဲ့ဆေးတွေဟာလူကိုအန္တရာယ်မပေးနိုင်တဲ့အတွက်ခွေးကြောင်တွေကို
ဆေးလည်ပတ်တပ်ဆင်ပေးတဲ့အခါမှာ လက်အိပ်စွပ်ပြီးကိုင်တွယ်ဖို့အထူးမလိုအပ်ပါဘူး၊
တပ်ဆင်ပေးပြီးရင်တော့ လက်ကိုသေချာစွာဆေးကြောပစ်သင့်ပါတယ် ၊ဆေးလည်ပတ်တွေဟာ
ရေနဲ့ထိတွေ့တဲ့အခါအာနိသင်လျှော့သွားတတ်ပါတယ်၊ဒါကြောင့်မို့ဆေးလည်ပတ်တပ်ဆင်ပေးထား
တဲ့ခွေးကိုရေကူးခိုင်းရင်တော့ ဆေးလည်ပတ်ရဲ့အာနိသင်က (၈)လအထိမရနိုင်တော့ပဲ(၅)လ
လောက်နဲ့ အာနိသင်ကုန်သွားတတ်ပါတယ်။
(၃) ပိုးသတ်ဆေးပါသောရေချိုးဆပ်ပြာရည်ရှန်ပူ(Shampoo)ဖြင့်ရေချိုးပေးပါ။
မိမိအိမ်မှာရှိတဲ့ခွေးကြောင်အားလုံးကို ပိုးသတ်ဆေးပါတဲ့ရေချိုးဆပ်ပြာရည်(Shampoo)နဲ့ရေချိုး
ပေးခြင်း အားဖြင့် ခန္တာကိုယ်ပေါ်မှာတွယ်ကပ်နေတဲ့ သန်း၊မွှားနဲ့ လှေးကောင်တွေကို သုပ်သင်ပစ်
နိုင်ပါတယ်။
ရေချိုးဆပ်ပြာပုံစံမဟုတ်ပဲ သန်း၊မွှား၊လှေးနှိမ်နင်းရေးအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ရေချိုးဆေးကို Snippy dip အမည်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
(၄) ကပ်ပါးကောင်တွေရဲ့မျိုးဆက်ပွားမှုသံသရာစက်ဝန်းကို တားဆီးပေးနိုင်တဲ့
ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုပါ။
ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာ လှေးမွှားစတဲ့ကပ်ပါးကောင်တွေ ကင်းစင်နေအောင်
ဆောင်ရွက်တဲ့ အခါအရွယ်ရောက်ပြီးသား လှေးမွှားတွေကို သုပ်သင်ပစ်ရုံနဲ့မလုံလောက်ပဲ
သူတို့ရဲ့မျိုးဆက်ပွားမှုကိုပါ တားဆီးနိုင်ဖို့လိုအပ်ပါတယ်
လှေးကောင်တွေရဲ့မျိုးပွားမှုသံသရာစက်ဝန်းဟာအလွန်တိုတောင်းလှတာကြောင့်လှေးတွေရဲ့မျိုးပွား
မှုကိုတားဆီးဖို့ကသိပ်ပြီးခက်ခဲလေ့မရှိပါဘူး။
လှေးတစ်ကောင်ဟာခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်
ကိုတွယ်ကပ်ပြီးတဲ့အခါ သွေးကိုစုပ်ယူစားသောက်ပြီး တစ်နေ့လျှင်ဉပေါင်း(၄၉-၅၀)ခန့် ဉချလေ့ရှိ
ပါတယ် lufenuron နဲ့ Sentinel ဆေးတွေကိုအသုံးပြုပြီး နှိမ်နင်းမယ်ဆိုရင် အရွယ်မရောက်သေး
တဲ့အကောင်ကြီးတွေသာမက သားလောင်းတွေနဲ့ဉတွေကိုပါ ဆက်လက်ဖွံ့ဖြိုးမလာနိုင်တော့
အောင်တားဆီးပေးနိုင်ပါတယ်။
(၅) မိမိအိမ်တွင်ရှိသောခွေးကြောင်များအားလုံးကိုတစ်ပြိုင်နက်တည်းကပ်ပါးနှိမ်နင်းရေး
ဆောင်ရွက်ပါ
လှေးမွှားနှိမ်နင်းရေးဆောင်ရွက်တဲ့အခါနောက်တစ်ဖန်ပြန်မဖြစ်စေရေးအတွက် ပြန်လည်ပွားများ
ကူးစက် လာနိုင်ခြင်းမရှိစေဖို့ တစ်ကောင်မှမကျန်အောင်သုပ်သင်ပစ်ဖို့အရေးကြီးပါတယ်။
ဒါကြောင့်မို့မိမိအိမ်မှာရှိတဲ့ခွေးကြောင်တွေအားလုံးကိုတစ်ပြိုင်နက်တည်းဆောင်ရွက်ဖို့အရေးကြီး
လှပါတယ်။
ဒါကြောင့် လှေးမွှားနှိမ်နင်းရေးဆောင်ရွက်တဲ့အခါ ခွေးကြောင်တစ်ကောင်တည်းအပေါ်ကိုပဲရွေးပြီး
ဆောင်ရွက်ခြင်းအားဖြင့် အခြားခွေးကြောင်တွေမှာစွဲကပ်နေတဲ့အကောင်တွေကနေ ပြန်လည်
ကူးစက်လာနိုင်တဲ့အတွက် မိမိအိမ်မှာရှိတဲ့ခွေးကြောင်တွေအားလုံးကို တစ်ပြိုင်နက်တည်းလုပ်ဖို့
လိုအပ်တဲ့အပြင် သူတို့ကိုထားတဲ့နေရာတွေနဲ့လှောင်အိမ်တွေကိုလည်း ပိုးသတ်ဆေးဖျန်းပစ်ဖို့
လိုအပ်ပါတယ်။
(၆) သားလောင်းကောင်တွေခိုအောင်းနေတတ်တဲ့နေရာတွေကိုဆေးဖျန်းပါ။
လှေးတွေမွှားတွေဟာခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာပဲရှိနေတတ်တာမဟုတ်ပါဘူး ခန္တာကိုယ်
ပေါ်ကနေ ပြုတ်ကျပြီး အိမ်ရဲ့အခင်းတွေ၊ကော်ဇောတွေနဲ့ ခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေရဲ့
အနီးကနံရံနဲ့ကြမ်းပြင်ရဲ့အကြိုအကြားနေရာတွေမှာလည်းခိုအောင်းနေလေ့ရှိတယ်ဆိုတာကိုသိထား
သင့်ပါတယ် ။
ကပ်ပါးကောင်တွေရှိနေပြီဆိုရင်ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပြင်ပမှာ သူတို့ခိုအောင်းနေတဲ့အသိုက်
တစ်ခုအမြဲရှိနေတတ်တယ်ဆိုတာကိုသိထားသင့်ပါတယ်။
ဒါကြောင့်မို့ မိမိရဲ့အိမ်မှာရှိတဲ့ခွေးကြောင်တွေကို ပြင်ပကပ်ပါးနှိမ်နင်းရေးလုပ်တဲ့အခါ သူတို့ရဲ့
ခန္တာကိုယ် အပေါ်က အကောင်တွေကို သုပ်သင်ခြင်းနဲ့တစ်ပြိုင်တည်း ခွေးကြောင်တွေနေလေ့ရှိတဲ့
နေရာတွေ ၊ ကြမ်းပြင်တွေအပါအဝင် လှေးမွှားတွေခိုအောင်းနေတဲ့အသိုက်ကိုပါတွေ့အောင်ရှာပြီး
သင့်လျှော်တဲ့ပိုးသတ်ဆေးရည်နဲ့ပက်ဖျန်းသုပ်သင်ပစ်ဖို့အလွန်အရေးကြီးလှပါတယ်။
(၇) ဖုန်စုပ်စက်ကိုအသုံးပြုပါ
မိမိအိမ်ကခွေးကြောင်တွေမှာ ကပ်ပါးကောင်တွေစွဲကပ်နေပြီဆိုရင် အင်မတန်သေးငယ်လှတဲ့
ကပ်ပါးဉတွေဟာ အိမ်ရဲ့ကြမ်းပြင်နေရာအနှံ့မှာရှိနေနိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်၊
ကပ်ပါးနှိမ်နင်းရေးဆိုင်ရာသုတေသနပြုချက်တစ်ခုအရ ခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေက
ကြမ်းပြင်တွေအခင်းတွေနဲ့ လှောင်အိမ်တွေကို ဖုန်စုပ်စက်အသုံးပြုပြီးသန့်ရှင်းရေးဆောင်ရွက်ပေး
ခြင်းဟာလှေးမွှားစတဲ့ပြင်ပကပ်ပါးများနှိမ်နင်းရေးမှာ အလွန်ထိရောက်မှုရှိတာတွေ့ရှိရပါတယ်။
ဆက်လက်လေ့လာလိုပါက လင့်ကိုနှိပ်ပါ Link