«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Sept 2020

နို့မထွက်ခြင်း(AGALACTIA)

,
 
 
နို့တိုက်မိခင်တွေမှာ နို့မထွက်တဲ့ပြသနာမျိုးကိုတစ်ခါတလေမှာကြုံရတတ်ပါတယ် ၊အဲဒီလိုနို့မထွက် 
 
ရခြင်းရဲ့ အကြောင်းရင်းတွေကို လေ့လာ ကြည့်ရင် အကြမ်းအားဖြင့်အခြေခံအကြောင်းရင်း(၂)ချက် 
 
ရှိပါတယ်။
 
အဲဒီအချက်တွေကတော့
 
(၁) နို့ချမပေးနိုင်ခြင်း (Failure of Milk to Let Down) နဲ့
 
(၂) နို့ရည်ဖြစ်ပေါ်လာမှုမရှိခြင်း (Failure to Produce Enough Milk)  တို့ဖြစ်ပါတယ်
 
 
 
(၁) နို့ချမပေးနိုင်ခြင်း (Failure of Milk to Let Down)  

သဘာဝအားဖြင့်နို့တိုက်မိခင်တွေဟာမွေးခါနီးအချိန်နဲ့ သားငယ်တွေကိုမွေးဖွားပြီးလျှင်ပြီးချင်း 
 
သူတို့ရဲ့ဦးနှောက် ထဲကနေ ပရိုလက်တင် (Prolactin) လို့ခေါ်တဲ့နို့ရည်ဖြစ်ဟိုမုန်းကို ထုတ်ပေးနေ 
 
တဲ့အတွက် နို့ရည်တွေထွက်လာ ပြီးသားငယ်ကို နို့ရည်တိုက်ကျွေး လေ့ရှိကြပါတယ် ၊ မွေးပြီးတဲ့ 
 
အခါမှာသားငယ်တွေက မိခင်ရဲ့နို့သီးခေါင်းကို စို့ယူတဲ့ လှုံ့ဆွမှုကြောင့် မိခင်ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ 
 
ပီကျူထရီအကြိတ်ကနေ အောက်စီတိုစင်(Oxytocin) နို့ရည်ထွက်ဟိုမုန်းတွေကိုထုတ်ပေးတဲ့ 
 
အတွက် သွေးထဲကနေတစ်ဆင့် နို့အုံထဲကိုရောက်လာပြီးနို့ချောင်းရဲ့ အပေါက်တွေကိုကျယ်စေပြီး
 
နို့ရည်တွေထွက်လာစေတာဖြစ်ပါတယ် ၊ 
 
 
ဒါကြောင့်မို့နို့ချပေးတယ်ဆိုတဲ့ဖြစ်စဉ်ဟာကလေးကနို့ခေါင်းကို စို့ယူလိုက်တာနဲ့ ချက်ချင်းဆိုသလို 
 
ဖြစ်ပေါ်လာ တာဖြစ်ပါတယ်၊ အကယ်၍အကြောင်းတစ်ခုခုကြောင့်အဲဒီအချိန်မှာမိခင်ဟာထိတ်လန့်
 
သွား တာမျိုး ကြောက်ရွံ့တာမျိုးနဲ့ စိတ်ဖိစီးစရာအခြားတစ်ခုခုဖြစ်နေခဲ့ရင် ကျောက်ကပ်ထဲကနေ 
 
အက်ပီနက်ဖရင် (Epinephrin)ဆိုတဲ့ဟိုမုန်း ထွက်လာပါတယ် ၊ အဲဒီအက်ပီနက်ဖရင်ဟိုမုန်းဟာ 
 
နို့ပေါက်တွေကိုကျယ်စေပြီး နို့ချပေးစေတဲ့  အောက်စီတိုစင်ဟိုမုန်းရဲ့စွမ်းရည်တွေကို ပျက်ပြားသွား 
 
စေတဲ့အတွက် မိခင်ရဲ့နို့အုံကနေ နို့ထွက်လာနိုင်တော့မှာမဟုတ်ပါဘူး ၊ ဒါကြောင့်မို့ သားပေါက်ချိန် 
 
နဲ့မွေးကာစကာလတွေမှာ မိခင်ကိုတိတ်ဆိပ်ငြိမ်သက်တဲ့နေရာတွေမှာရွှေ့ပြောင်းထားသင့်ပါတယ်။
 
 
မိခင်ထိတ်လန့်လို့ထွက်လာတဲ့ (Epinephrin) ဟိုမုန်းကြောင့် မိခင်ရဲ့နို့အုံထဲမှာ နို့ရည်တွေရှိနေ 
 
ပေမယ့် နို့တွေဟာ နို့တိုင်ထဲကတဆင့် အပြင်ကိုထွက်မလာနိုင်တော့ပဲနို့အုံဟာတင်းပြီးဖောင်းကား 
 
နေတာကို တွေ့ရမှာဖြစ်ပါတယ် ။
 
 
ဒီလိုအခြေအနေမျိုးကြုံရတဲ့အခါ မိခင်ရဲ့နို့တိုင်တွေပွင့်မပွင့်နဲ့ ပုံမှန်အတိုင်းရှိမရှိကို သေသေချာချာ 
 
စစ်ဆေး ကြည့်ရပါမယ် ၊ နို့တိုင်တွေမပွင့်ရင် မိခင်ကိုတိတ်ဆိပ်ငြိမ်သက်တဲ့နေရာကိုပြောင်းရွှေ့ပြီး 
 
နို့တိုင်တွေကို လက်နဲ့ညင်ညင်သာသာနှိပ်နယ်ပေးခြင်းအားဖြင့် အောက်စီတိုစင်ဟိုမုန်း ထွက်လာ 
 
အောင်ပြုစုပေးနိုင်ပါတယ် ၊ နို့ရည်အနည်းငယ်ထွက်လာပြီဆိုရင် သားငယ်လေးတွေကိုဆက်လက် 
 
စို့စေခြင်းအားဖြင့် ပိုမိုထွက်လာစေနိုင်ပါတယ် ။
 
 
အဲလိုပြုစုပေးလို့မှ နို့ရည်ထွက်မလာရင်တော့ အောက်စီတိုစင်ဟိုမုန်းကို(၆)နာရီခြားတစ်ကြိမ်နှုန်းနဲ့
 
မွေးပြီး(၂)ရက်အထိ ထိုးနှံပေးခြင်းအားဖြင့် အခြေအနေပိုဆိုးမသွားအောင်ကုသပေးနိုင်ပါတယ် ။

 
(၂) နို့ရည်ဖြစ်ပေါ်လာမှုမရှိခြင်း (Failure to Produce Enough Milk)  
 
 
နို့ရည်လုံးဝဖြစ်ပေါ်လာခြင်းမရှိတဲ့ (AGALACTIA) အခြေအနေဆိုတာကတော့ ဇီးဆောင်ကာလ 
 
 
 
တစ်လျှောက်လုံးကနေ မွေးဖွားခါနီးအချိန်အထိ မိခင်ရဲ့နို့အုံတွေဟာ လုံးဝဖွံ့ဖြိုးကြီးထွားလာခြင်း 
 
မရှိတဲ့အခြေအနေဖြစ်ပါတယ် ၊ အဲဒီလိုဖြစ်ရတာက မျိုးရိုးဗီဇကြောင့်လည်းဖြစ်တတ်တာမို့  အဲဒီလို 
 
အခြေအနေမျိုးဆိုရင်တော့ မွေးဖွားလာတဲ့ သားငယ်လေးတွေကို နို့ရည်အတုသာတိုက်ကျွေးပြီး 
 
ပြုစုရမှာဖြစ်ပါတယ် ။
 
 
တခါတရံ သားပေါက်ကောင်ရေများလွန်းရင်လည်း သားငယ်တွေအားလုံးအတွက်လုံလောက်တဲ့ 
 
နို့ရည်ပမာဏကို မိခင်ကထုတ်မပေးနိုင်တာမျိုး လည်းရှိတတ်ပါတယ် ၊ မိခင်ဟာလုံလောက်တဲ့ 
 
ကယ်လိုရီပမာဏပါဝင်တဲ့အစာကို မစားရတဲ့အခါမျိုးမှာလုံလောက်တဲ့နို့ရည်ပမာဏထုတ်မပေးနိုင် 
 
တော့တာမျိုးဖြစ်တတ်တဲ့အတွက် နို့တိုက်မိခင်တွေကို အာဟာရပြည့်ဝတဲ့အစာအမျိုးအစားကို 
 
ရွေးချယ်ကျွေးမွေးသင့်ပါတယ် ။
 
 
အထူးသဖြင့် မွေးပြီးစ(၂)ပါတ်(၃)ပါတ်အတွင်းမှာ အာဟာရပြည့်ဝတဲ့အစာကို လုံလောက်အောင် 
 
ကျွေးပေးရင် နို့မထွက်တဲ့အဖြစ်မျိုး အတော်လေးနည်းသွားမှာဖြစ်ပါတယ် ။
 
 
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအတိုင်းဆောင်ရွက်ပေးပေမယ့် နို့ထွက်မလာရင်တော့ နို့ထွက်နေ
 
တဲ့ အခြားမိခင်ရှိရင် သူ့ရဲ့သားအရင်းတွေနဲ့ မွေးစားသားတွေအားလုံးကို အနံ့ချင်းအတူတူဖြစ်သွား 
 
အောင် ရေမွှေးပျော့ပျော့ လေးသုပ်လိမ်းပေးတဲ့နည်းနဲ့လှည့်စားပြီး နို့တိုက်ကျွေးပေးစေနိုင်ပါတယ် 
 
၊ အငှားမိခင်မရှိရင်တော့ သားငယ်လေးတွေကိုနို့ရည်အတုပြုလုပ်တိုက်ကျွေးခြင်းအားဖြင့် အသက် 
 
ကယ်ပေးနိုင်ပါတယ် ။
 
(အစားထိုးတိုက်ကျွေးပေးရမယ့်နို့ရည်အတုပြုလုပ်နည်းကို ဆက်လက်တင်ပြပေးပါမယ်)

0 မှတ်ချက်များ to “နို့မထွက်ခြင်း(AGALACTIA)”

Post a Comment