«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Sept 2020

ခုခံအားနှင့်ဆက်နွယ်သောသွေးယိုရောဂါ (Immune-Mediate Thrombocytopenia)

,

Read in Zawgyi

ဒီရောဂါကတော့ ခွေးကြောင်တွေမှာဖြစ်တတ်တဲ့ခုခံအားစနစ်ဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ် 

ဒီရောဂါခံစားရတဲ့ခွေးကြောင်တွေရဲ့ ခန္တာကိုယ်တစ်ခုလုံးကဒွာရပေါက်တွေအားလုံးမှာ သွေးတွေစို့ 

ထွက်နေရင်ဒီရောဂါဖြစ်ဖို့များပါတယ် ။

 

ရောဂါပြင်းထန်ရင်တော့မျက်လုံးအိမ်တို့ နှာခေါင်းတို့ပါးစပ်တို့ကနေ သွေးတွေထွက်နေတတ်ပါ

တယ် ၊ဆီးသွားတဲ့အခါနဲ့ဝမ်းသွားတဲ့အခါမှာလည်း သွေးပါလာတတ်ပါတယ်။

 

အဲဒီလိုသွေးထွက်တာများလာရင်တော့ သွေးအားနည်းခြင်း(Anemia)ဖြစ်လာတဲ့အတွက်မောဟိုက်

နေတတ်ပါတယ်၊ အခန့်မသင့်လို့ ဦးနှောက်ထဲတို့ ကြောရိုးမတို့ထဲက အာရုံကြောတို့မှာ သွေးယိုရင်

တော့ သေတတ်ဆုံးပါတယ်။

ခွေးကြောင်တွေမှာ ဒီလိုသွေးတွေနေရာအနှံ့ယိုစိမ့်ထွက်လာတာဟာသူတို့ရဲ့ ခုခံအားစနစ်က

တက်ကြွလွန်းလာတာကြောင့်ဖြစ်ပါတယ်၊ ခုခံအားစနစ်ဒီလိုအခြေအနေဖြစ်လာရခြင်းရဲ့

အကြောင်းရင်းကို ပညာရှင်တွေဒီနေ့အထိရှာဖွေလို့မရသေးပါဘူး။

ဒီအခြေအနေမျိုးဖြစ်လာရင်တော့ အချိန်မီကုသပေးရင် အသက်ရှင်ဖို့အများကြီးမျှော်လင့်နိုင်

ပါတယ်၊ဖြစ်ပွားနေတဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်သွေးသွင်းကုသမှုလုပ်ရပါမယ်

ခုခံအားစနစ်ကိုလျှော့ချထားဖို့အတွက်  Prednison  စားဆေးတိုက်ကျွေးရပါတယ်။

Prednison  စားဆေးကို Azathioprine ဆိုတဲ့စားဆေးနဲ့တွဲတိုက်ရင်အာနိသင်ပိုထိရောက်ပါတယ်

Azathioprine ဆိုတဲ့စားဆေးကို စျေးကွက်ထဲမှာ (IMMURAN)ဆိုတဲ့နာမည်နဲ့ ဝယ်ယူရရှိနိုင်

ပါတယ်၊တစ်ချိန်တည်းမှာ Vincristine ထိုးဆေးကို တစ်ပါတ်တစ်ကြိမ်ထိုးနှံပေးရပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲစနစ်တကျကုသပေမယ့် ၊ ကုသနေချိန်မှာခုခံအားစနစ်က ပုံမှန်ပြန်ဖြစ်

မလာတဲ့အခါသွေးထဲမှာ Plateletလို့ခေါ်တဲ့သွေးကိုခဲစေတတ်တဲ့အရာတွေလည်း အလုံအလောက်

ပြန်ဖြစ်မလာနိုင်တဲ့အတွက်အသက်အန္တရာယ်ရှိလာနိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ထပ်မံဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link

သွေးယိုစေတတ်သောရောဂါများအကြောင်းဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ. . Link

0 မှတ်ချက်များ to “ခုခံအားနှင့်ဆက်နွယ်သောသွေးယိုရောဂါ (Immune-Mediate Thrombocytopenia) ”

Post a Comment