ခွေးကြောင်များအန်ခြင်း(Vomiting)ဟာအဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပြီးအန်ရတဲ့အကြောင်းရင်း
ကလည်းများစွာရှိပါတယ်ဘာကြောင့်အန်ရတယ်ဆိုတာကိုသိနိုင်ဖို့အတွက်ကတော့လက်တွေ့စမ်း
သပ်မှုတွေအပြင် ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ဓာတ်မှန်ရိုက်စစ်ဆေး မှုတွေပြုလုပ်ခြင်းအားဖြင့်သာ
ခွဲခြား သိရှိနိုင်မှာဖြစ်ပါတယ်။
အန်နေတဲ့လက္ခဏာက ယာယီ(Temporary Vomiting) ဖြစ်ခြင်း (သို့) နာတာရှည် (Chronic
Vomiting) ဖြစ်ခြင်းအပေါ်မူတည်ပြီး လိုအပ်သလိုဓာတ်ခွဲခန်းစမ်းသပ်မှုတွေကို ဆက်လက်
ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ခွေးတွေမှာအန်တတ်တဲ့လက္ခဏာဖြစ်ပေါ်လာလေ့ရှိတဲ့ရောဂါများကို
အောက်မှာစုစည်းဖော်ပြအပ်ပါတယ်။
- ရုတ်တရက်အပြင်းအထန်ဗိုက်နာခြင်း(Acute painful abdomen)
- ဆေးဝါးများအဆိပ်သင့်ခြင်း(Drug Poisoning)
- ရင်ခေါင်းကန့်လန့်ကာကြွက်သားပေါက်ပြဲခြင်း(Hiatal hernia)
- အင်းဆက်ပိုးများအကိုက်ခံရခြင်း(Insect stings and bites)
- သန်လုံးကောင်များစွဲကပ်နေခြင်း(Ascarids )
- Campylobacteriosis
- နာတာရှည်ဝမ်းလျှောခြင်း(Chronic Diarrhea)
- အင်ပြင်ထခြင်းခြင်း(Allergies)
- အစာရေမျိုယောင်ယမ်းခြင်း(Esophagitis)
- အစာအိမ်ရောဂါဖြစ်နေခြင်း(Stomach diseases)
- အစာအိမ်အထွက်ပေါက်ပိတ်နေခြင်း(Gastric outflow obstruction)
- အစာအိမ်လေပွခြင်း Gastric dilatation
volvulus(Bloat)
- အစာအိမ်အဝင်ဝကျဉ်းနေခြင်း(Pyloric stenosis)
- အစာအိမ်အတွင်း၌အကြိတ်အဖု(သို့)ကင်ဆာဖြစ်နေခြင်း
- Hypertrophic
gastropathy
- အဆုပ်ပွခြင်း(Pneumonia)
- အဆုပ်အတွင်း၌
ပြင်ပပစ္စည်းတစ်ခုခုဝင်နေခြင်း(Foreign
body in the lung)
- ကား/ရထားတောက်ခြင်း(Motion sickness)
- အူလမ်းကြောင်းတွင်
ကင်ဆာဖြစ်နေခြင်း(Intestinal
lymphosarcoma)
- အူခေါက်နေခြင်း(Intestinal obstruction)
- အူမကြီးယောင်ယမ်းခြင်း(Lymphocytic-plasmacytic
enterocolitis)
- မစင်စားမိခြင်း(Coprophagia)
- ကိုယ်တွင်းခေါင်းအမြှေးယောင်ခြင်း(Peritonitis)
- ဝမ်းချုပ်၌အူမကြီးအတွင်းဝမ်းများပိတ်ဆို့နေခြင်း(Fecal impaction)
- စအိုပေါက်ပုံစံမမှန်ခြင်း(Malformation
of the anus)
- အသည်းပျက်စီးနေခြင်း(Liver failure)
- သရက်ရွက်ယောင်ယမ်းခြင်း(Pancreatitis)
- ဆီးချိုရောဂါဖြစ်ခြင်း(Diabetes mellitus)
- ဆီးချိုရောဂါကြောင့်သွေးအချဉ်ပေါက်လာခြင်း(Diabetic keteacidisis)
- နာတာရှည်လေပြွန်ယောင်ရောဂါဖြစ်နေခြင်း(Chronic bronchitis)
- ဦးနှောက်ယောင်ရောဂါဖြစ်ခြင်း(Encephalitis)
- သွေးအတွင်း၌ပိုတက်စီယမ်ဓာတ်နည်းနေခြင်း(Hypokalemia(low serum potassium)
- စတီးရွိုက်မဟုတ်သောအယောင်လျှော့ဆေးများတိုက်ခြင်း(Nonsteroid anti-inflammatory
drugs)
- ဆီးကြိတ်ယောင်နေခြင်း(Prostatitis)
- ကျောက်ကပ်ယောင်နေခြင်း(Pyelonephritis)
- ကျောက်ကပ်ပျက်နေခြင်း(Kidney failure)
- ကျောက်ကပ်ကင်ဆာဖြစ်နေခြင်း(ချက်ချင်းပိန်သွားတတ်သည်)
- သားအိမ်အတွင်းပြည်တည်နေခြင်း(Pyometra)
- ရုတ်တရက်သားအိမ်ယောင်ယမ်းလာခြင်း(Acute metritis)
- သားအိမ်အတွင်းအကြိတ်တည်ကာယောင်နေခြင်း(Cystic
endometrial hyperplasia)
- ဇီးရှိနေခြင်း(Pregnancy)
ဖြစ်ပေါ်နေသောအခြေအနေပေါ်မူတည်၍သင့်လျှော်သောဓာတ်ခွဲခန်းစမ်းသပ်မှုများနှင့် ဓာတ်မှန်
ရိုက်စစ်ဆေးမှုများအား လိုအပ်သလိုဆောင်ရွက်ပြီးရောဂါကိုခွဲခြားရမှာဖြစ်ပါတယ်။