«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Oct 2020

အမြီးရင်းဂျပ်စွဲနာ(Stud Tail)

,

ကြောင်တွေမှာဒီလိုအခြေအနေမျိုးဖြစ်တာဟာအထီးအမမရွေးဖြစ်တတ်ပေမယ့်၊များသောအားဖြင့် 

သင်းကွပ်မထားသေးတဲ့ကြောင်အထီးတွေမှာတွေ့ရတတ်ပါတယ်၊ဒီလိုဖြစ်လာရခြင်းရဲ့အကြောင်းရင်း

ကတော့ ကြောင်သူငယ်နာရောဂါနဲ့ခပ်ဆင်ဆင်ဖြစ်ပါတယ်၊ 

 

ကြောင်ရဲ့အမြီးရင်းနေရာရဲ့အပေါ်ပိုင်းကအရေပြားမှာရှိတဲ့ချွေးဂလင်းတွေကနေအဆီတွေအများကြီး

ထွက်နေတဲ့အတွက်ကြောင့် အဲဒီနေရာမှာအညိုရောင်ပျစ်ချွဲချွဲအဆီတွေထွက်နေတာဖြစ်ပါတယ်၊ 

အဲဒီနေရာမှာရှိတဲ့ချွေးဂလင်းတွေထဲကို ပြင်ပရောဂါပိုးတွေထပ်မံဝင်ရောက်လာရင်တော့ 

အခြေအနေကပိုဆိုးလာပြီး အနံ့အသက်မကောင်းတဲ့အဆီခဲတွေနဲ့ပေကျံနေတတ်ပါတယ် ၊

ဒီအခြေအနေကိုပြုစုကုသပေးနိုင်ဖို့အတွက်အဲဒီကြောင်ရဲ့အမြီးတစ်ခုလုံးကိုပဋိဇီဝဆေးတစ်မျိုးမျိုး 

ပါတဲ့ ရေချိုးဆပ်ပြာရည်ရှန်ပူနဲ့ နေ့စဉ်(၂)ကြိမ်ဆေးကြောသန့်စင်ပြီး Retin-A လိမ်းဆေးကို 

လူးပေးနိုင်ပါတယ်၊ အဲဒီနောက် ကလေးပေါင်ဒါမှုန့်ထည့်ပေးနိုင်ပါတယ်၊ ကြောင်ထီးဆိုရင်တော့ 

သင်းကွပ်ပစ်သင့်ပါတယ်၊

 

ပြင်ပရောဂါပိုးတွေထပ်မံဝင်ရောက်နေတဲ့အခြေအနေမျိုးမှာတော့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ 

တိုင်ပင်ပြီး Doxycycline(Doryx, Oracea)Erythromycin(E.E.S.)စတဲ့ဆေးတွေကိုတိုက်ကျွေး 

နိုင်ပါတယ်။

0 မှတ်ချက်များ to “အမြီးရင်းဂျပ်စွဲနာ(Stud Tail)”

Post a Comment