«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Aug 2017

အနာမကျက်သောရောဂါ (Nocardiosis)

,
ဒီရောဂါကိုဖြစ်ပွားစေတဲ့ရောဂါပိုးကတော့ Nocardia asteroides လို့ခေါ်တဲ့ပိုးဖြစ်ပါတယ် ၊ ဒီပိုးတွေဟာမြေကြီးထဲမှာရှိနေတတ်တဲ့ပိုးတွေဖြစ်ပြီး ထိခိုက်ဒါဏ်ရာတွေကတစ်ဆင့်ဖြစ်စေ လေနဲ့အတူအသက်ရှုလမ်းကြောင်းကဖြစ်စေ၀င်ရောက်လာတတ်ပါတယ် ဒီရောဂါရဲ့လက္ခဏာတွေကတော့ရောဂါပိုးရဲ့တိုက်ခိုက်ခံရတဲ့နေရာပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ် ၊ ရင်ခေါင်းပိုင်းမှာရောဂါပိုးဝင်ရောက်တိုက်ခိုက်တာခံရရင်အဆုတ်နဲ့ပါတ်သက်တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ အသက်ရှုကျပ်တာမျိုးခံစားရမှာဖြစ်ပြီး အရေပြား မှာရောဂါပိုးဝင်ရောက်တိုက်ခိုက်တာခံရရင်တော့ အနာမကျက်နိုင်တဲ့လက္ခဏာမျိုးခံစားရမှာဖြစ်ပါတယ် ၊ ယေဘုယျအားဖြင့်တော့ ကြောင်ဟာအဖျားကြောင့်
နုံးချိနေတတ်ပြီး တဖြေးဖြေးချင်းပိန်ချုံးလာတတ်ပါတယ် ရောဂါပိုးဝင်ရောက်တိုက်ခိုက်ခံရတဲ့နေရာပေါ်မူတည်ပြီး ကုသမှုအပိုင်းမှာကွဲလွဲနိုင်ပါတယ် ၊ ဓါတ်မှန်ရိုက်ကြည့်လို့ ရင်ခေါင်းထဲမှာအရည်တွေစုနေတာတွေ့ရရင်တော့ခွဲစိပ်ပြီးဖောက်ထုတ်ပစ်ရပါမယ် ၊ ခန္တာကိုယ်အတွင်းလျှော့ကျသွားတဲ့ဓါတ်ဆားတွေကိုပြန်လည်ဖြည့်တင်းပေးပြီး ပဋိဇီဝဆေးတွေကို ရေရှည်စွဲပြီးတိုက်ကျွေးပေးဖို့လည်းလိုအပ်ပါတယ် ။
ဒီရောဂါပိုးကိုသုပ်သင်နိုင်တဲ့ပဋိဇီဝဆေးတွေကတော့
(၁) Ampicillin စားဆေး
(၂)  Aminoglycosides တွေဖြစ်တဲ့ Amikacin, Kanamycin ထိုးဆေး
(၃)  Tetracyclines အုပ်စုဝင်ဆေးတွေဖြစ်တဲ့ doxycycline, minocycline စားဆေး
(၄)  Macrolides တွေဖြစ်တဲ့ Erythromycin, Clarithromycin စားဆေး
(၅)  Sulfisoxazole စားဆေးနဲ့
(၆)  Trimethoprim-sulfamethoxazole စတဲ့တိုက်ဆေးတွေနဲ့ကုသပေးနိုင်ပါတယ်

0 မှတ်ချက်များ to “အနာမကျက်သောရောဂါ (Nocardiosis)”

Post a Comment