«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Aug 2016

သွေးကြောကျယ်ဆေးများ (vasodilators)

,
unicode
 
သွေးကြောကျယ်ဆေးတွေကို (vasodilators)တွေလို့ခေါ်ပါတယ်

လက်တင်ဘာသာကနေဆင်းသက်လာတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်(vasa) ဆိုတာက

လက်တင်ဘာသာလို သွေးကြောလို့အဓိပ္မါယ်ရပါတယ်

သွေးကြောကျယ်ဆေးတွေဟာ ခန္တာကိုယ်အနှံ့အပြားမှာရှိတဲ့သွေးကြောနံရံတွေက

အသားနုလေးတွေကို လျှော့ရဲသွားစေပါတယ် ၊ အဲဒီအခါမှာသွွေးကြောတွေဟာ

တင်းတင်းရင်းရင်းမရှိတော့ပဲ လျှော့တိလျှော့ရဲဖြစ်သွားပါတော့တယ်

ဒါကြောင့်မို့သွေးကြောဟာ လိုအပ်သလိုဖောင်းနိုင်ကျယ်နိုင်ဖြစ်လာပါတယ်

မြင်လွယ်အောင်ရှင်းပြရရင် ပလပ်စတစ်အိတ်ကိုလေမှုတ်သွင်းရင် နောက်ဆုံးမှာ

ထပ်ပြီးမှုတ်သွင်းလို့မရတော့ပေမယ့် လေပူဖောင်းထဲကိုလေမှုတ်သွင်းရင် လေပူဖောင်းဟာ

လျှော့ရဲမှုရှိတဲ့အတွက် လိုအပ်သလိုဖောင်းနိုင်တဲ့သဘောမျိုးဖြစ်ပါတယ်

သွေးကြောတွေဆီကို သွေးတွေပို့လွှတ်ပေးနေတဲ့နှလုံးမှာပြသနာရှိနေလို့ ကောင်းကောင်း

အလုပ်မလုပ်နိုင်တဲ့အခါမှာ သွေးကြောတွေကတင်းနေရင် နှလုံးဟာပိုမိုအားစိုက်နေရတာကြောင့်

ဒါဏ်ပိလာပြီး ရုတ်တရက်ရပ်သွားနိုင်ပါတယ် ၊ အသက်သေဆုံးသွားနိုင်ပါတယ်

ဒါကြောင့်မို့ နှလုံးနဲ့ပါတ်သက်နေတဲ့ရောဂါတွေမှာ သွေးကြောကျယ်ဆေးတွေဟာ မရှိမဖြစ်

အရေးပါလှပါတယ်

သွေးကြောကျယ်ဆေးတွေ့အများအပြားရှိပါတယ် မြန်မာပြည်စျေးကွက်ထဲမှာကတော့ ဆေးတိုင်း

ဝယ်လို့မရနိုင်သေးပါဘူး

အသုံးများတဲ့သွေးကြောကျယ်ဆေးတွေကိုအောက်မှာဖော်ပြအပ်ပါတယ်
 
(၁)Adenosine–ဒီဆေးကထိုးဆေးပါ ADENOCARD,ADENOSINEဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်
 
    ပါတယ်
 
 
(၂) Amlodipine–ဒီဆေးကတိုက်ဆေးပါ AMLOCARD,AMLODIPINE ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်
 
    ပါတယ်
 
 
(၃) Diazoxide–ဒီဆေးကတိုက်ဆေးပါ DIZOXIDE,HYPERSTSTဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ပါတယ်
 
 
(၄) Felodipine– ဒီဆေးကတိုက်ဆေးပါ PREVEX, FELOGARD ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ပါတယ်

 
(၅) Nifedipine–ဒီဆေးကတိုက်ဆေးပါ NIFIDINE, ALDIPIN, ALONIX ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ပါတယ် 
 
 
(၆) Sildenafil – ဒီဆေးကတိုက်ဆေးပါ VIAGRA  ဆိုတဲ့နာမည်နဲ့ထုတ်လုပ်ထားပါတယ်
 
 
(၇) Adenosine– ဒီဆေးကထိုးဆေးပါ ADENOCARD,ADENOSINE ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ပါတယ်
 
 
(၈)Theophylline–ဒီဆေးကစားဆေးကောထိုးဆေးပါရရှိနိုင်ပါတယ်THEO-24 ,DURAPHYLLIN ဆိုတဲ့နာမည်တွေနဲ့
 
    ထုတ်လုပ်ပါတယ်
 
(၉) Verapamil – ဒီဆေးကစားဆေးကောထိုးဆေးပါရရှိနိုင်ပါတယ် VERAMEX  ဆိုတဲ့နာမည်နဲ့

    ထုတ်လုပ်ပါတယ်
 
(၁၀) Isosorbide– ဒီဆေးကတိုက်ဆေးပါ  MONOTRATE  ဆိုတဲ့နာမည်နဲ့မြန်မာပြည်စျေးကွက်
 
    ထဲမှာဝယ်ယူရရှိပါတယ်
 

မြန်မာပြည်မှာအသုံးများတဲ့သွေးကြောကျယ်ဆေးကတော့ Isosorbide mononitrate ဖြစ်ပါတယ်

ဒီဆေးဟာတစ်ကိုယ်လုံးမှာရှိတဲ့သွေးလွှတ်ကြောတွေအပြင် သွေးပြန်ကြောတွေကိုပါကျယ်စေ တဲ့
 
သတ္တိရှိပါတယ်ဒါကြောင့်မို့ဒီဆေးတိုက်လိုက်ရင်နှလုံးအပေါ်သက်ရောက်နေတဲ့တွန်းအားကိုလျှော့ကျ
 
သွားစေတဲ့အတွက် နှလုံးဟာသက်တောင့်သက်သာအလုပ်လုပ်နိုင်လာပါတယ်  

Isosorbide mononitrate ဆိုတဲ့ဆေးကိုစျေးကွက်ထဲမှာ MONOTRATE ဆိုတဲ့အမည်နဲ့ဝယ်ယူရရှိ 
 
နိုင်ပါတယ်
 
ဒီဆေးကိုတိုက်ကာစမှာ တိရစ္ဆာန်ဟာမူးဝေထိုင်းမှိုင်းပြီးမှိုင်နေတတ်ပါတယ် ဒါပေမယ့်စိုးရိမ်

စရာမရှိပါဘူး ဆက်လက်တိုက်ကျွေးသွားရင် (၃)ရက်မြောက်မှာကျင့်သားရလာမှာဖြစ်ပါတယ်။
 
 
 Zawgyi
 
ေသြးေၾကာက်ယ္ေဆးေတြကို (vasodilators)ေတြလို႔ေခၚပါတယ္


လက္တင္ဘာသာကေနဆင္းသက္လာတဲ့ စကားလံုးတစ္ခုျဖစ္ပါတယ္(vasa) ဆိုတာက

လက္တင္ဘာသာလို ေသြးေၾကာလို႔အဓိပၼါယ္ရပါတယ္


ေသြးေၾကာက်ယ္ေဆးေတြဟာ ခႏာၱကိုယ္အနွံ႔အျပားမွာရွိတဲ့ေသြးေၾကာနံရံေတြက

အသားႏုေလးေတြကို ေလွ်ာ့ရဲသြားေစပါတယ္ ၊ အဲဒီအခါမွာေသြြးေၾကာေတြဟာ

တင္းတင္းရင္းရင္းမရွိေတာ့ပဲ ေလွ်ာ့တိေလွ်ာ့ရဲျဖစ္သြားပါေတာ့တယ္


ဒါေၾကာင့္မို႔ေသြးေၾကာဟာ လိုအပ္သလိုေဖာင္းႏိုင္က်ယ္ႏိုင္ျဖစ္လာပါတယ္

ျမင္လြယ္ေအာင္ရွင္းျပရရင္ ပလပ္စတစ္အိတ္ကိုေလမႈတ္သြင္းရင္ ေနာက္ဆံုးမွာ

ထပ္ၿပီးမႈတ္သြင္းလို႔မရေတာ့ေပမယ့္ ေလပူေဖာင္းထဲကိုေလမႈတ္သြင္းရင္ ေလပူေဖာင္းဟာ

ေလွ်ာ့ရဲမႈရွိတဲ့အတြက္ လိုအပ္သလိုေဖာင္းႏိုင္တဲ့သေဘာမ်ိဳးျဖစ္ပါတယ္


ေသြးေၾကာေတြဆီကို ေသြးေတြပို႔လႊတ္ေပးေနတဲ့ႏွလံုးမွာျပသနာရွိေနလို႔ ေကာင္းေကာင္း

အလုပ္မလုပ္ႏိုင္တဲ့အခါမွာ ေသြးေၾကာေတြကတင္းေနရင္ ႏွလံုးဟာပိုမိုအားစိုက္ေနရတာေၾကာင့္

ဒါဏ္ပိလာၿပီး ရုတ္တရက္ရပ္သြားႏိုင္ပါတယ္ ၊ အသက္ေသဆံုးသြားႏိုင္ပါတယ္


ဒါေၾကာင့္မို႔ ႏွလံုးနဲ႔ပါတ္သက္ေနတဲ့ေရာဂါေတြမွာ ေသြးေၾကာက်ယ္ေဆးေတြဟာ မရွိမျဖစ္

အေရးပါလွပါတယ္


ေသြးေၾကာက်ယ္ေဆးေတြ့အမ်ားအျပားရွိပါတယ္ ျမန္မာျပည္ေစ်းကြက္ထဲမွာကေတာ့ ေဆးတိုင္း

၀ယ္လို႔မရႏိုင္ေသးပါဘူး

အသံုးမ်ားတဲ့ေသြးေၾကာက်ယ္ေဆးေတြကိုေအာက္မွာေဖာ္ျပအပ္ပါတယ္
(၁) Adenosine – ဒီေဆးကထိုးေဆးပါ  ADENOCARD,ADENOSINE ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္
(၂) Amlodipine – ဒီေဆးကတိုက္ေဆးပါ  AMLOCARD,AMLODIPINE ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္

(၃) Diazoxide – ဒီေဆးကတိုက္ေဆးပါ DIZOXIDE,HYPERSTST ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္

(၄) Felodipine – ဒီေဆးကတိုက္ေဆးပါ  PREVEX , FELOGARD ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္

(၅) Nifedipine – ဒီေဆးကတိုက္ေဆးပါ NIFIDINE , ALDIPIN , ALONIX  ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္

(၆) Sildenafil  – ဒီေဆးကတိုက္ေဆးပါ VIAGRA  ဆိုတဲ့နာမည္နဲ႔ထုတ္လုပ္ထားပါတယ္

(၇) Adenosine – ဒီေဆးကထိုးေဆးပါ  ADENOCARD,ADENOSINE ဆိုတဲ့နာမည္ေတြနဲ႔
ထုတ္လုပ္ထားပါတယ္

(၈) Theophylline – ဒီေဆးကစားေဆးေကာထိုးေဆးပါရရွိႏိုင္ပါတယ္  THEO-24 , DURAPHYLLIN
ဆိုတဲ့နာမည္ေတြနဲ႔ထုတ္လုပ္ထားပါတယ္

(၉) Verapamil – ဒီေဆးကစားေဆးေကာထိုးေဆးပါရရွိႏိုင္ပါတယ္ VERAMEX  ဆိုတဲ့နာမည္နဲ႔
ထုတ္လုပ္ထားပါတယ္

(၁၀) Isosorbide – ဒီေဆးကတိုက္ေဆးပါ  MONOTRATE  ဆိုတဲ့နာမည္နဲ႔ျမန္မာျပည္ေစ်းကြက္
ထဲမွာ ၀ယ္ယူရရွိပါတယ္
 

ျမန္မာျပည္မွာအသံုးမ်ားတဲ့ေသြးေၾကာက်ယ္ေဆးကေတာ့ Isosorbide mononitrate ပဲျဖစ္ပါတယ္

Isosorbide mononitrate ဆိုတဲ့ေဆးဟာတစ္ကိုယ္လံုးမွာရွိတဲ့ေသြးလႊတ္ေၾကာေတြအျပင္

ေသြးျပန္ေၾကာေတြကိုပါက်ယ္ေစတဲ့သတၱိရွိပါတယ္ ဒါေၾကာင့္မို႔ဒီေဆးတိုက္လိုက္ရင္ႏွလံုးအေပၚ

သက္ေရာက္ေနတဲ့တြန္းအားကို ေလွ်ာ့သြားေစတဲ့အတြက္ ႏွလံုးဟာသက္ေတာင့္သက္သာ

အလုပ္လုပ္ႏိုင္လာပါတယ္   

Isosorbide mononitrate ဆိုတဲ့ေဆးကိုေစ်းကြက္ထဲမွာ(MONOTRATE)ဆိုတဲ့အမည္နဲ႔
၀ယ္ယူရရွိႏိုင္ပါတယ္

ဒီေဆးကိုတိုက္ကာစမွာ တိရစာၧန္ဟာမူးေ၀ထိုင္းမိႈင္းၿပီးမိႈင္ေနတတ္ပါတယ္ ဒါေပမယ့္စိုးရိမ္

စရာမရွိပါဘူး ဆက္လက္တိုက္ေကၽြးသြားရင္ (၃)ရက္ေျမာက္မွာက်င့္သားရလာမွာျဖစ္ပါတယ္

0 မှတ်ချက်များ to “သွေးကြောကျယ်ဆေးများ (vasodilators)”

Post a Comment