«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2017

နားရွက်ကြမ်းရောဂါ (Leproid Granuloma Syndrome)

,
  Unicode
 
 
ခွေးရဲ့ခေါင်းပိုင်း ၊ ခြေထောက်အောက်ပိုင်းနဲ့နားရွက်နေရာတွေရဲ့အရေပြားအောက်မှာ အဖု 
 
သေးသေး လေးတွေပေါက်လာတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ အဲဒီအဖုလေးတွေဟာ တစ်ခုနှစ်ခုက 
 
နေ အများအပြားပေါက်နေတတ်ပါတယ် ၊ အဖုတစ်ခုချင်းကိုစမ်းကြည့်ရင်ကြွက်နို့လိုခပ်မာမာလေး 
 
တွေဖြစ်ပြီး နာကျင်လေ့မရှိပဲ လက်နဲ့ဆွဲဆိပ်လိုက်ရင်ကျွတ်ထွက်လာလေ့ရှိပါတယ်။
 
 
ဒီလိုဖြစ်နေတဲ့ခွေးဟာဖျားနာတာမျိုးမရှိပဲ လန်းလန်းဆန်းဆန်းရှိနေတာကိုတွေ့နိုင်ပါတယ် ၊ 
 
ဒီရောဂါမျိုးဟာ အမွှေးဖွားခွေးတွေမှာဖြစ်လေ့ဖြစ်ထသိပ်မရှိပဲ အမွှေးတိုတဲ့ခွေးတွေမှာအဖြစ်များ 
 
တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ 
 
 
ဒီရောဂါဟုတ်မဟုတ်ကိုသိရှိနိုင်ဖို့အတွက် အဲဒီကြွက်နို့လိုအဖုလေးတွေကိုဖြတ်ယူပြီး ဓါတ်ခွဲခန်းမှာ 
 
အသားစစစ်ဆေးခြင်း(Histopathology examination) လုပ်ကြည့်ရမှာဖြစ်ပါတယ် ၊ ဒီရောဂါဟာ 
 
တီဘီရောဂါကိုဖြစ်စေတဲ့ mycobacteria  အုပ်စုဝင်ဘက်တီးရီယားပိုးတွေကြောင့်ဖြစ်ပွားကြောင်း 
 
ပညာရှင်အများအပြားကယူဆထားကြပါတယ် ၊ ဒါပေမယ့်အသားစကို ဓါတ်ခွဲခန်းမှာစစ်ဆေးတဲ့
 
အခါ ရောဂါပိုးကိုတွေ့ရခဲတယ်လို့ဆိုပါတယ် ၊ဒီရောဂါဖြစ်လာတဲ့ခွေးတွေကိုdoxycycline စားဆေး
 
(သို့) Amoxicillin စားဆေးကို(၂)ပါတ်(၃)ပါတ်လောက်တိုက်ကျွေးပေးရင် သက်သာပျောက်ကင်း
 
လာနိုင်ပါတယ် ။

Zawgyi
 
ခါင်းပိုင်း ၊ ခြေထောက်အောက်ပိုင်းနဲ့နားရွက်နေရာတွေရဲ့အရေပြားအောက်မှာ အဖုသေးသေးလေးတွေပေါက်လာတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ အဲဒီအဖုလေးတွေဟာ တစ်ခုနှစ်ခုကနေ အများအပြားပေါက်နေတတ်ပါတယ် ၊ အဖုတစ်ခုချင်းကိုစမ်းကြည့်ရင် ကြွ့က်နို့လိုခပ်မာမာလေးတွေဖြစ်ပြီး နာကျင်လေ့မရှိပဲ လက်နဲ့ဆွဲဆိပ်လိုက်ရင်ကျွတ်ထွက်လာလေ့ရှိပါတယ် ၊ ဒီလိုဖြစ်နေတဲ့ခွေးဟာဖျားနာတာမျိုးမရှိပဲ လန်းလန်းဆန်းဆန်းရှိနေတာကိုတွေ့နိုင်ပါတယ် ၊ ဒီရောဂါမျိုးဟာ အမွှေးဖွားခွေးတွေမှာဖြစ်လေ့ဖြစ်ထသိပ်မရှိပဲ အမွှေးတိုတဲ့ခွေးတွေမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါဟုတ်မဟုတ်ကိုသိရှိနိုင်ဖို့အတွက် အဲဒီကြွက်နို့လိုအဖုလေးတွေကိုဖြတ်ယူပြီး ဓါတ်ခွဲခန်းမှာ အသားစစစ်ဆေးခြင်း(Histopathology examination) လုပ်ကြည့်ရမှာဖြစ်ပါတယ် ၊ ဒီရောဂါဟာ တီဘီရောဂါကိုဖြစ်စေတဲ့ mycobacteria  အုပ်စုဝင်ဘက်တီးရီယားပိုးတွေကြောင့်ဖြစ်ပွားကြောင်း ပညာရှင်အများအပြားကယူဆထားကြပါတယ် ၊ ဒါပေမယ့်အသားစကို ဓါတ်ခွဲခန်းမှာစစ်ဆေးတဲ့အခါ ရောဂါပိုးကိုတွေ့ရခဲတယ်လို့ဆိုပါတယ် ၊ဒီရောဂါဖြစ်လာတဲ့ခွေးတွေကိုdoxycycline စားဆေး(သို့) Amoxicillin စားဆေးကို(၂)ပါတ်(၃)ပါတ်လောက်တိုက်ကျွေးပေးရင် သက်သာပျောက်ကင်းလာ နိုင်င်ပါတယ် ။

0 မှတ်ချက်များ to “နားရွက်ကြမ်းရောဂါ (Leproid Granuloma Syndrome)”

Post a Comment