«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Jun 2018

ဆီးခဏခဏသွားခြင်း (POLYURIA AND POLYDIPSIA)

,
Unicode
 
ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားနေတာကတော့ အသည်းဆဲလ်တွေ  ကောင်းစွာ 
 
အလုပ်မလုပ်နိုင်လို့ဖြစ်တာလို့ ပညာရှင်တွေကယူဆထားကြပါတယ် ၊ဒါပေမယ့် ဘယ်လိုဘယ်ပုံ
 
ဖြစ်လာရတယ်ဆိုတဲ့ဖြစ်စဉ်ကိုတော့ တိတိကျကျ မပြောပြနိုင်ကြသေးပါဘူး ၊

 
လူနဲ့ကြွက်တွေမှာလက်တွေ့စမ်းသပ်မှုတွေအရ အသည်းရောဂါဖြစ်နေတဲ့အခါ အစာအိမ်နဲ့
 
အူလမ်းကြောင်းကပြန်လာတဲ့သွေးတွေကိုအသဲဆီသယ်ဆောင်လာတဲ့သွေးကြောကြီးထဲမှာရှိနေတဲ့ 
 
အာရုံခံစနစ်ဟာ ရေသောက်ပြီးမှန်းမသိတဲ့အတွက် ရေကိုခဏခဏသောက်တာလို့ဆိုပါတယ် ၊ 
 
ရေသောက်များလာတဲ့အတွက်၊ ဆီးလည်းခဏခဏသွားရတာဖြစ်တယ်လို့ဆိုပါတယ်။

 
ရေကိုခဏခဏသောက် ဆီးခဏခဏသွားနေတတ်တဲ့ခွေးကြောင်တွေကိုလေ့လာ ကြည့်တဲ့အခါ 
 
ခွေးရဲ့သွေးထဲမှာ cortisol လို့ခေါ်တဲ့ဓါတ်ပမာဏ အလွန်များနေတာကိုတွေ့ရပါတယ် ။

 
 
cortisol ဓါတ်များလာရခြင်းကတော့ ခန္တာကိုယ်ကထုတ်လုပ်လိုက်တဲ့ cortisol တွေကို 
 
အသည်းကမချေဖျက်နိုင်လို့ဖြစ်စေ cortisol ဓါတ်တွေကိုစုပ်ယူနိုင်တဲ့ပရိုတင်းတွေ သွေးထဲမှာ
 
နည်းနေလို့ဖြစ်စေ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

 
နောက်တစ်ချက်ကတော့ ကျောက်ကပ်ဟာ သွေးထဲကအမိုးနီးယားဓါတ်တွေကို ယူရီးယားအဖြစ် 
 
ပြောင်းလဲမပေးနိုင်တဲ့အတွက်ကြောင့် သွေးထဲမှာယူရီးယားဓါတ်တွေ စုပုံများပြားလာစေပါတယ် ၊ 
 
အဲဒီအခါမှာ ယူရီးယားရဲ့ဆီးရွှင်စေတတ်တဲ့အာနိသင်ကြောင့် ဆီးခဏခဏသွားရာကနေ ရေကို 
 
ခဏခဏသောက်ရတဲ့အဖြစ်ကို ဖြစ်ပေါ် လာစေတာလို့လည်းဆိုပါတယ်။

 
ဒီလိုအခြေအနေဟာ ခွေးတွေမှာမွေးရာပါပြသနာလည်းဖြစ်တတ်သလို အခြေအနေတစ်ခုကြောင့်
 
ဖြစ်လာတာမျိုးလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

 
ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားတဲ့ပြသနာဟာ ကြောင်တွေမှာတော့ သိပ်ဖြစ်လေ့
 
မရှိပါဘူး။
 
Zawgyi
 
 
ေရကိုခဏခဏေသာက္ၿပီး ဆီးခဏခဏသြားေနတာကေတာ့ အသည္းဆဲလ္ေတြ  ေကာင္းစြာအလုပ္မလုပ္ႏိုင္လို႔ျဖစ္တာလို႔ ပညာရွင္ေတြကယူဆထားၾကပါတယ္ ၊
ဒါေပမယ့္ ဘယ္လိုဘယ္ပံုျဖစ္လာရတယ္ဆိုတဲ့ျဖစ္စဥ္ကိုေတာ့ တိတိက်က် မေျပာျပႏိုင္ၾကေသးပါဘူး ၊

လူနဲ႔ၾကြက္ေတြမွာလက္ေတြ႕စမ္းသပ္မႈေတြအရ အသည္းေရာဂါျဖစ္ေနတဲ့အခါ အစာအိမ္နဲ႔အူလမ္းေၾကာင္းကျပန္လာတဲ့ေသြးေတြကိုအသဲဆီသယ္ေဆာင္လာတဲ့ ေသြးေၾကာႀကီးထဲမွာရွိေနတဲ့ အာရံုခံစနစ္ဟာ ေရေသာက္ၿပီးမွန္းမသိတဲ့အတြက္ ေရကိုခဏခဏ ေသာက္တာလို႔ဆိုပါတယ္ ၊ ေရေသာက္မ်ားလာတဲ့အတြက္
ဆီးလည္းခဏခဏသြားရတာျဖစ္တယ္လို႔ဆိုပါတယ္။

ေရကိုခဏခဏေသာက္ ဆီးခဏခဏသြားေနတတ္တဲ့ေခြးေၾကာင္ေတြကိုေလ့လာ ၾကည့္တဲ့အခါ ေခြးရဲ႕ေသြးထဲမွာ cortisol လို႔ေခၚတဲ့ဓါတ္ပမာဏ အလြန္မ်ားေန တာကိုေတြ႕ရပါတယ္ ။

cortisol ဓါတ္မ်ားလာရျခင္းကေတာ့ ခႏာၱကိုယ္ကထုတ္လုပ္လိုက္တဲ့ cortisol ေတြကို အသည္းကမေခ်ဖ်က္ႏိုင္လို႔ျဖစ္ေစ cortisol  ဓါတ္ေတြကိုစုပ္ယူႏိုင္တဲ့ ပရိုတင္းေတြ ေသြးထဲမွာနည္းေနလို႔ျဖစ္ေစ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ေက်ာက္ကပ္ဟာ ေသြးထဲကအမိုးနီးယားဓါတ္ေတြကို    ယူရီးယားအျဖစ္ေျပာင္းလဲမေပးႏိုင္တဲ့အတြက္ေၾကာင့္ ေသြးထဲမွာယူရီးယားဓါတ္ေတြ စုပံုမ်ားျပားလာေစပါတယ္ ၊ အဲဒီအခါမွာ ယူရီးယားရဲ႕ဆီးရႊင္ေစတတ္တဲ့အာနိသင္ ေၾကာင့္ ဆီးခဏခဏသြားရာကေန ေရကိုခဏခဏေသာက္ရတဲ့အျဖစ္ကို ျဖစ္ေပၚ လာေစတာလို႔လည္းဆိုပါတယ္။
ဒီလိုအေျခအေနဟာ ေခြးေတြမွာေမြးရာပါျပသနာလည္းျဖစ္တတ္သလို အေျခအေန
တစ္ခုေၾကာင့္ျဖစ္လာတာမ်ိဳးလည္းရွိပါတယ္။

ေရကိုခဏခဏေသာက္ၿပီး ဆီးခဏခဏသြားတဲ့ျပသနာဟာ ေၾကာင္ေတြမွာေတာ့ ျဖစ္ေလ့သိပ္မရွိပါဘူး။

0 မှတ်ချက်များ to “ဆီးခဏခဏသွားခြင်း (POLYURIA AND POLYDIPSIA) ”

Post a Comment