«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Sept 2020

ကြောင်သားလျှောရောဂါ(Toxoplasmosis)

,
 
 
ကြောင်တွေမှာဖြစ်ပွားတဲ့တိုဆိုပလပ်()မိုးစစ်ရောဂါဆိုတာကတော့ဝမ်းဗိုက်ယောင်ခြင်း
 
သားလျှောခြင်း သားပျက်ခြင်းတွေဖြစ်ပေါ်စေတဲ့ပရိုတိုဇွားရောဂါတစ်မျိုးဖြစ်ပါတယ်၊ဒီရောဂါဟာ
 
ကြောင်တွေမှာအဓိကဖြစ်ပွားတဲ့ ရောဂါဖြစ်ပေမယ့်အခြားသွေးနွေးသတ္တဝါတွေကိုလည်း 
 
ကူးစက်ဖြစ်ပွားတတ်ပါတယ်။ 

 
ဒီရောဂါက Toxoplasma gondii လို့ခေါ်တဲ့ပရိုတိုဇွားရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး 
 
ရောဂါပိုးပါတဲ့ကြွက်တွေငှက်တွေနဲ့တိရစ္ဆာန်တွေရဲ့အသားကိုကြောင်တွေကစားတဲ့အခါ 
 
ကြောင်တွေကိုကူးစက်ခံရတာ ဖြစ်ပါတယ်
 
 
Toxoplasmagondii ရောဂါပိုးတွေပါတဲ့အစာကိုစားမိတဲ့အခါ၊ကြောင်တွေရဲ့အူလမ်းကြောင်း
 
ထဲကိုရောက်လာကြပြီး မျိုးပွားကြပါတယ်၊အူထဲမှာအများကြီးပေါက်ပွားလာပြီးတဲ့အခါ  
 
ကြောင်ရဲ့မစင်နဲ့အတူပါလာပြီး ပတ်ဝန်းကျင်မှာဒီရောဂါပိုးတွေထပ်မံပြန့်နှံ့ရောက်ရှိစေနိုင်
 
ပါတယ်  
 
 
ကြောင်တွေဟာ ဒီရောဂါပိုးရှိနေတဲ့ကြွက်တွေငှက်တွေကိုစားမိရင်ဖြစ်စေ၊ရောဂါပိုးတွေ 
 
ရောနှောပါရှိနေတဲ့အစာကို စားမိရင်ဖြစ်စေ ဒီရောဂါဖြစ်တတ်ပါတယ်၊ဒီရောဂါရှိတဲ့လူနဲ့
 
ကြောင်တွေမှာ မိခင်ရဲ့အချင်းကနေတစ်ဆင့် သန္ဓေသားဆီကိုလည်းကူးစက်နိုင်ပါတယ်

 

ကြောင်တွေမှာ ဒီရောဂါပိုးရောက်လာပေမယ့် ရောဂါလက္ခဏာတွေချက်ချင်းမပြသေးပါဘူး၊ 

 

ကြောင်ရဲ့ အူလမ်းကြောင်းထဲကနေ ခန္တာကိုယ်ရဲ့အခြားအင်္ဂါတွေဆီကို ပြန့်နှံ့ရောက်ရှိသွားတဲ့

 

အခါကျမှသာ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ် Toxoplasma gondii ရောဂါပိုးဟာ  

 

မျက်စေ့ အဆုပ် ဦးနှောက် ၊ကျောရိုးအာရုံကြောမကြီးနဲ့ပြန်ရည်ကြောစံနစ်တွေထဲကို 

 

ရောက်ရှိပြီးထိခိုက်ပျက်စီးစေပါတယ်

 

ဒီရောဂါဖြစ်ပွားတဲ့ကြောင်တွေဟာ အစားအသောက်ပျက်လာပါမယ်ချောင်းဆိုးပြီး

 

အသက်ရှုနှုန်းမြန်နေတတ်ပါတယ်၊ ပိန်ချုံးသွားခြင်း ဝမ်းပျက်ခြင်း ဖျားခြင်း ဝမ်းဗိုက်

 

ဖောင်းလာခြင်း လင့်အကြိတ်တွေယောင်ရမ်းလာခြင်းတို့ကိုတွေ့ရပြီး ဇီးရှိတဲ့ကြောင်မကြီး

 

တွေမှာ ကလေးအသေမွေးခြင်း ကလေးပျက်ကျခြင်း စတာတွေကိုလည်းတွေ့ရတတ်ပါတယ်။

 

ရောဂါကိုရှာဖွေတဲ့အခါကြောင်ရဲ့မစင်ထဲမှာ Toxoplasma gondii ရောဂါပိုးပါဝင်မှုရှိမရှိ 

 

ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရပါတယ်၊ပိုပြီးတိတိကျကျသိနိုင်ဖို့ ဓါတ်ခွဲခန်းမှာ ELISA လို့

 

ခေါ်တဲ့သွေးရည်ကြည်ကိုစစ်ဆေးနည်းနဲ့လည်းစစ်ဆေးကြည့်လို့ရပါတယ်

 

 

ရောဂါပြင်းထန်နေတဲ့ကြောင်တွေကို clindamycin ဆေးနဲ့ထိထိရောက်ရောက်

 

ကုသလို့ရပါတယ် ၊ကြောင်ရဲ့ အူလမ်းကြောင်းထဲကနေ ပိုးမျိုးစေ့တွေမစွန့်ထုတ်နိုင်  

 

အောင်လည်း ဒီဆေးကိုကြိုတင်တိုက်ကျွေးလို့ရပါတယ်။

 

ကြောင်သားလျှောရောဂါ(Toxoplasmosis)မဖြစ်စေဖို့အတွက် ကြောင်တွေကို   

 

အသားစိမ်းတွေမကျွေးသင့်တဲ့အပြင်ကျက်အောင်ချက်မထားရသေးတဲ့နွားနို့အစိမ်း

 

ကိုလည်းမတိုက်သင့်ပါဘူးကြောင်ရဲ့မစင်ထဲမှာပါလာတတ်တဲ့Toxoplasma gondii  

 

ပိုးဟာလူကိုကူးစက်နိုင်ပါတယ်

 

သတိပြုသင့်တာကကြောင်ကနေတိုက်ရိုက်ကူးစက်တာမဟုတ်ပေမယ့် ၊

 

ကြောင်ရဲ့မစင်နဲ့အတူပါလာတဲ့ Toxoplasma gondiiပိုးတွေဟာပတ်ဝန်းကျင်မှာရှိနေ

 

နိုင်တဲ့အတွက် အဲဒီပိုးတွေကို အစားအသောက်နဲ့အတူရောစားမိရင်တော့ကူးစက်ခံရ

 

နိုင်ပါတယ် ၊မိမိအိမ်မှာကြောင်မရှိပေမယ့်လည်း ဒီရောဂါကူးစက်ခံရနိုင်ပါတယ်၊ 

 

အမဲသား၊ဝက်သားတွေကို အသားတုံးကြီးကြီး ချက်ပြုတ်စားသောက်တဲ့အခါ ပိုးတွေ

 

ပါလာရင်အကုန်မသေနိုင်ပါဘူး  နွားနို့ကိုကျက်အောင်မချက်ပဲသောက်ခြင်း၊ 

 

အသီးအရွက်တွေစားသောက်တဲ့အခါရေပြောင်စင်အောင်မဆေးခြင်းစတာတွေ

 

ကြောင့်ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်၊ကိုယ်ဝန်ရှိနေတဲ့အခါရောဂါပိုးဝင်ရောက်လာ

 

ရင်တော့၊ ကလေးအသေမွေးတာတို့၊ ကလေးပျက်ကျတာတို့အပြင် ဦးနှောက်ပိုင်း

 

ဆိုင်ရာချို့ယွင်းမှုရှိတဲ့ကလေးမွေးဖွားလာတတ်ပါတယ်

ဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “ကြောင်သားလျှောရောဂါ(Toxoplasmosis) ”

Post a Comment