«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Sept 2020

အမွှေးကျွတ်ခြင်း(Hypothyroidism)

,
 
 
သွေးထဲမှာသိုင်းရွှိုက်ဟိုမုန်းပမာဏနည်းနေခြင်းကို Hypothyroidism လို့ခေါ်ပါတယ်၊ဒီရောဂါဟာ 
 
ခွေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်၊သိုင်းရွှိုက်ဟိုမုန်းဆိုတာက ခန္တာကိုယ်
 
အသက်ရှင်ရပ်တည်နိုင်ဖို့ဆောင်ရွက် တဲ့ဇီဝလုပ်ငန်းတွေကိုထိမ်းချုပ်ပေးနေတဲ့ ဟိုမုန်းတွေ ဖြစ်ပြီး 
 
Thyroxine (T4)  ဟိုမုန်းနဲ့ Triiodothyronine (T3)စတဲ့ဟိုမုန်းတွေဖြစ်ပါတယ်၊   
 
 
အဲဒီသိုင်းရွှိုက်ဟိုမုန်းတွေကို မေးရိုးရဲ့နောက်ဖက် လည်ပင်းရဲ့အထက်ပိုင်းနားမှာတည်ရှိနေတဲ့ 
 
သိုင်းရွှိုက်ဂလင်းတေွကနေ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

 
ဒီရောဂါဖြစ်ပွားတဲ့ခွေးအများစုကိုလေ့လာတဲ့အခါ သူတို့ရဲ့မျိုးဗီဇကြောင့်ကိုယ်ခံစွမ်းအားစနစ်က
 
ဖောက်ပြန်လာပြီး သိုင်းရွှိုက်ဂလင်းတွေကို ဖျက်ဆီးတဲ့အတွက်ကြောင့် Hypothyroidism ရောဂါ
 
ဖြစ်ပွားလာရတာကိုတွေ့ရပါတယ်၊ သိုင်းရွှိုက်ဂလင်းပျက်စီးတဲ့အခါ သိုင်းရွှိုက်ဟိုမုန်း Thyroxin  
 
ထုတ်လုပ်မှုနည်းသွားတဲ့အတွက် ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်မှုတွေလည်းလျှော့နည်းသွား
 
ပါတယ်၊ 

 
ဒီရောဂါဟာမျိုးရိုးဗီဇကြောင့်ဖြစ်တာကများပေမယ့် စားရတဲ့အစားအသောက်နဲ့နေထိုင်ရတဲ့
 
ပတ်ဝန်းကျင်အနေအထားတွေကြောင့်လည်းဖြစ်ပွားလာနိုင်ပါသေးတယ်။ 
 
ဒီရောဂါက မျိုးစစ်ခွေးဖြစ်စေ မျိုးစပ်ခွေးဖြစ်စေအသက်အရွယ်အားဖြင့်အလယ်အလတ်ရှိတဲ့
 
ခွေးတွေမှာ ပိုအဖြစ်များပြီး ခန္တာကိုယ်အရွယ်စား အားဖြင့်ဆိုရင်တော့ အလတ်စားနဲ့အကြီးစား
 
ခွေးမျိုးတွေမှာပိုပြီးအဖြစ်များလေ့ရှိပါတယ်၊ အထူးသဖြင့် Golden Retriever, Doberman 
 
Pinscher နဲ့ Labrador Retriever ခွေးမျိုးတွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်။
 
ကြောင်တွေမှာတော့ Hypothyroidism ဖြစ်ပွားတာအလွန်နည်းပြီး၊ သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ 
 
သိုင်းရွှိုက်ဟိုမုန်းပမာဏများခြင်း Hyperthyroidism ကအဖြစ်များပါတယ်၊ 
 
 
အလတ်စားခွေးမျိုးတွေနဲ့ အကြီးစားခွေးမျိုးတွေမှာတော့ Lymphocytic Thyreoditis လို့ခေါ်တဲ့ 
 
သိုင်းရွှိုက်ဂလင်းယောင်ယမ်းခြင်းကအဖြစ်များတတ်ပါတယ်၊ အဲဒီလိုသိုင်းရွှိုက်ဂလင်းယောင်ယမ်း
 
လာတဲ့အခါမှာလည်း သိုင်းရွှိုက် ဟိုမုန်းထုတ်လုပ်မှုလျှော့နည်းသွားပြီး Hypothyroidism ရောဂါ
 
ဖြစ်ပွားလာတတ်ပါတယ်၊
 
Hypothyroidism ရောဂါဖြစ်ပွားလာရင် ပထမဦးဆုံးတွေ့ရတတ်တဲ့လက္ခဏာက အမွေးအမျှင်တွေ
 
ဟာ ပျော့ပျော့ပြောင်းပြောင်းမရှိတော့ပဲ မာတောင့်တောင့်စတင်ဖြစ်လာပါတယ်၊ အဲဒီနောက် 
 
အခြားထူးခြားတဲ့လက္ခဏာဘာမှမရှိပဲ အမွှေးတွေကျွတ်ကျလာတတ်ပါတယ်။
 
 
များသောအားဖြင့် မေးစေ့အောက်ဖက် ၊ လည်ပင်းရဲ့အောက်ပိုင်းနေရာတွေ ၊ ရင်ဘတ်ပိုင်းနဲ့ 
 
ဝမ်းဗိုက်ရဲ့ဘေးဖက်တွေဉ၊ ပေါင်ရဲ့နောက်ဖက်က နေရာတွေကအမွှေးတွေကျွတ်လာတတ်ပါတယ်၊ 
 
အဲဒီနေရာတွေမှာအမွှေးတွေပြန်ပေါက်ဖို့အလွန်နှေးတဲ့အတွက် အဲဒီနေရာတွေမှာ ပြောင်သလင်း
 
ခါနေတတ်ပါတယ်၊လှုပ်ရှားမှုလေးလေးနည်းနည်းလုပ်လိုက်တာနဲ့မောလွယ်တာကိုသတိထားကြည့်
 
ရင်သိနိုင်ပါတယ်။ 
 
 
(ကြီးထွားဟိုမုန်းချို့တဲ့ရင်လည်းအမွှေးတွေကျွတ်တတ်ပါတယ် ဒီ Link မှာဖတ်ရှုနိုင်ပါတယ်)
 
 
ခွေးဟာပုံမှန်ထက်ပိုပြီးအချိန်ကြာကြာအိပ်နေတတ်ပြီး အချိန်တိုအတွင်းမှာဝဖြိုးလာတတ်ပါတယ်၊ 
 
နှလုံးခုန်နှုန်းဟာပုံမှန်ထက်သိသိသာသာနှေးကွေးလာလေ့ရှိပြီးခွေးမတွေဆိုရင်မြိုင်ပေါ်တာရပ်တန့်
 
သွားလေ့ရှိပါတယ်၊ အချိန်နည်းနည်းကြာလာတာနဲ့အမျှတစ်ကိုယ်လုံးကအရေပြားတွေယောင်ယမ်း
 
လာပြီး ကိုင်ကြည့်ရင်ထူခေါက်ခေါက်နဲ့ မာခြောက်ခြောက်ဖြစ်နေတတ်ပါတယ် ၊ Hypothyroidism  
 
ဖြစ်ပွားမှုကြောင့် မျက်စေ့နာတာတို့ နားမကြားတာတို့လည်းဖြစ်တတ်ပါသေးတယ်။
 
 
ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားတတ်တာကလည်း Hypothyroidism ရောဂါရဲ့
 
ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ်၊ ဒီရောဂါဖြစ်နေတဲ့ခွေးတွေကိုသွေးစစ်ကြည့်တဲ့အခါ 
 
သူတို့ရဲ့သွေးထဲမှာ ကိုလက်စထရောအဆီဓာတ်ပမာဏမြင့်တက်နေတာကို တွေ့ရလေ့ရှိပါတယ်။
 
 
Hypothyroidism ဖြစ်ပွားနေတဲ့ခွေးဟာ အမူအယာပြောင်းလာပြီးဒေါသလည်းကြီးလာတတ်ပါ
 
တယ်၊ အဲဒီလိုဒေါသကြီးတဲ့လက္ခဏာကို G.S.D ခွေးတွေမှာသိသိသာသာတွေ့ရတတ်ပါတယ်၊  
 
Hypothyroidism ဖြစ်ပွားနေပြီလို့သံသယရှိလာရင် သွေးကိုဖောက်ယူပြီး ဓာတ်ခွဲခန်းမှာ Total T4  
 
လို့ခေါ်တဲ့စစ်ဆေးမှုကိုပြုလုပ်ကြည့်ရပါတယ် ၊ အဖြေပေါ်လာရင် အဲဒီအဖြေကိုထပ်မံအတည်ပြု
 
နိုင်ဖို့ Thyroid function test လို့ခေါ်တဲ့စစ်ဆေးမှုကိုလည်း ထပ်မံပြုလုပ်ကြည့်ရပါသေးတယ် ။ 
 
Hypothyroidism ရောဂါကိုလုံးဝပျောက်ကင်းအောင်ကုသဖို့ခက်ပါတယ် 
 
 
ဒါပေမယ့် လူတွေဖန်တီးထုတ်လုပ်ထားတဲ့သိုင်းရွှိုက်ဟိုမုန်း L-thyroxine ကိုအသုံးပြုပြီး
 
ထိထိရောက်ရောက်သက်သာအောင်တော့လုပ်ပေးနိုင်ပါတယ်၊ L-thyroxine ဆေးနဲ့ကုသပေး
 
လိုက်တဲ့ခွေးတွေဟာရောဂါလက္ခဏာတွေပြန်လည်သက်သာလာပြီးအမွှေးတွေလည်းပြန်ပေါက်လာ
 
လေ့ရှိပါတယ်။ 
 
 
နိုင်ငံခြားတိုင်းပြည်တွေကစီးပွားဖြစ်ခွေးသားပေါက်ခြံတွေမှာတော့ ရောင်းချဖို့အသင်ဖြစ်နေတဲ့
 
ခွေးတွေကိုမှတ်ပုံတင်ရပါတယ်၊ မှတ်ပုံတင်နိုင်ဖို့ အတွက် ခွေးရဲ့အသက်(၁၂)လအရွယ်မှာ 
 
အရိုးရောဂါဖောင်‌ဒေးရှင်း(OFA) ထံမှာစစ်ဆေးမှုခံယူပြီး Hypothyroidism ရောဂါကင်းရှင်း 
 
ကြောင်းအသိအမှတ်ပြုလက်မှတ်ရယူထားဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “အမွှေးကျွတ်ခြင်း(Hypothyroidism)”

Post a Comment