«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Sept 2020

ဝမ်းဗိုက်ဖောင်းကားခြင်း (Ascites)

,
ဝမ်းဗိုက်အတွင်းမှာ အရည်တွေစုလာပြီးတဖြည်းဖြည်းဖောင်းကားလာခြင်းကို  ဗိုက်ယောင်ခြင်း
 
(Ascites)လို့ ခေါ်ပါတယ်။
 
အသည်းရောဂါတစ်ခုခုဖြစ်နေတဲ့ခွေးရဲ့သွေးထဲမှာ ပရိုတင်းဓာတ်ပါဝင်မှုအလွန်လျှော့ကျလာတဲ့ 
 
အတွက် အသည်းဆီကိုသွေးပို့ပေးတဲ့ သွေးကြောတွေထဲမှာ သွေးဖိအားပိုများလာလေ့ရှိပါတယ်။
 
အဲဒီအခါမှာ သွေးအတွင်းကအရည်တွေကို ဗိုက်ခေါင်းထဲကိုစိမ့်ဝင်စေတဲ့အတွက်ကြောင့် 
 
တဖြည်းဖြည်းစုမိလာပြီး Ascites ဖြစ်လာပါတော့တယ်၊ဒါကြောင့် Ascites ဖြစ်နေတဲ့ခွေးရဲ့ဗိုက်ကို 
 
လက်နဲ့ပုတ်ကြည့်ရင် လှိုဏ်ခေါင်းသံမထွက်ပဲ အသံမာမာထွက်တာကိုတွေ့ရတာဖြစ်ပါတယ်။
 
အဲဒီလိုအခြေအနေမျိုးမှာဝမ်းဗိုက်အတွင်းကအခြေအနေကိုတိတိကျကျသိနိုင်ဖို့အာလ်ထရာဆောင်း
 
ဓာတ်မှန်ရိုက်ကြည့်ပြီး တကယ် Ascites ဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ပါတယ်။
 
 
ဝမ်းဗိုက်ဖောင်းကားခြင်း Ascites  ဖြစ်လာတတ်တဲ့ အခြားသောခွေးရောဂါတွေကတော့
 
 
- အဆုပ်အတွင်းသွေးပေါင်တက်ခြင်း(Pulmonary Hypertension)
 
- နှလုံးအလုပ်မလုပ်နိုင်ခြင်း(Dilated cardiomyopathy)
 
- နှလုံးပျက်စီးခြင်း (Congestive heart failure)
 
- နှလုံးအတွင်းသန်ကောင်များစွဲကပ်ခြင်း (Heart worms infestation)
 
- ‌ကျောက်ကပ်မကောင်းခြင်း (Nephrotic syndrome)
 
- ကျောက်ကပ်ပျက်ခြင်း (Kidney Failure)
 
- ဆီးဆိပ်သင့်ခြင်း (Uremia)
 
- အမမျိုးဉအိမ်တွင်အကြိတ်များတည်နေခြင်း (Papillary adenoma of ovaries)
 
- အမမျိုးဉအိမ်တွင်ကင်ဆာဖြစ်ခြင်း (Granulosa cell tumors of ovaries )
 
- အသည်းပျက်စီးခြင်း (Liver failure)
 
- နှလုံး၏လက်ယာဖက်အခြမ်းပျက်စီးခြင်း (Right-Sided Heart Failure)
 
- ဟစ်စတိုပလပ်စမိုးစစ်ရောဂါ (Histoplasmosis)
 
- သည်းခြေပြွန်တွင်ရောဂါဖြစ်ခြင်း (Biliary Disease)
 
- သွေးပြန်ကြောစနစ်မကောင်းခြင်း း(Impaired Venous Return)
 
- သွေးအတွင်းတွင် ပရိုတင်းဓာတ်လျှော့နည်းခြင်း (Hypoproteinemia)
 
- Presinusoidal or sinusoidal liver disease ((Portal Hypertension))
 
- အသည်းပျက်စီးနေခြင်း-Liver failure(Hypoalbuminemia))
 
- Protein-losing enteropathy((Hypoalbuminemia))
 
- Glomerulopathy
 
- Postsinusoidal Portal Hypertension
 
- နှလုံးယာဖက်အခြမ်းပျက်စီးနေခြင်း-(Right-Sided Heart Failure)
 
- အသည်းရောဂါ-Liver disease
 
- ဝမ်းဗိုက်အတွင်း၌အကြိတ်တည်ခြင်း-Neoplasia
 
- Increased Hydrostatic Pressure
 
- သွေးပြန်ကြောများယောင်ခြင်း-Vasculitis
 
- သရက်ရွက်ယောင်ခြင်း-Pancreatitis
 
- ဆီးအိမ်ကွဲ၍ဆီးများဗိုက်ခေါင်းအတွင်းစုမိနေခြင်း-Urine
 
- Neoplasia(Nonseptic)
 
- Bowel perforation (Septic)
 
- Foreign body(Septic)
 
- Trauma
 
- Infection (Chyle)
 
- Right-sided heart failure
 
- Coagulopathy (Blood)
 
- Trauma (Blood)
 
- Neoplasia (hemangiosarcoma) နဲ့
 
- Iatrogenic (postsurgical) (Blood) စတဲ့ရောဂါတွေကြောင့်ဝမ်းဗိုက်ဖောင်းကားလာတတ် ပါတယ်။

0 မှတ်ချက်များ to “ဝမ်းဗိုက်ဖောင်းကားခြင်း (Ascites)”

Post a Comment