«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Feb 2019

ပါးစပ်တွင်အနာများပေါက်ခြင်း (Tularemia)

,
 Unicode
 
Francisella tularensis လို့ခေါ်တဲ့ဘက်တီးရီယားပိုးကြောင့် ကြောင်တွေရဲ့ပါးစပ်ထဲမှာ အနာတွေ 
 
ပေါက်တဲ့ရောဂါဖြစ်ပါတယ် ခန္တာကိုယ်ပေါ်မှာ မွှားတွေ လှေးတွေရှိတဲ့ကြောင်တွေနဲ့အိမ်လည်တတ် 
 
တဲ့ကြောင်တွေမှာဒီရောဂါဖြစ်တတ်ပါတယ်  ဒီရောဂါဖြစ်လာရင်ကြောင်ဟာမောဟိုက်နေတဲ့အပြင် 
 
ပြန်ရည်အကြိတ်တွေယောင်ပြီးဖျားလာတတ်ပါတယ်
 
 
ရောဂါအရှိန်ရလာရင်ပါးစပ်ထဲမှာအနာတွေပေါက်လာပြီး အစာမစားနိုင်တဲ့အတွက်ပိန်ချုံးလာလေ့ 
 
ရှိပါတယ် အရေပြားပေါ်ကမွှားတွေလှေးတွေအကိုက်ခံရတဲ့နေရာတွေမှာအနာခွက်လေးတွေဖြစ်နေ 
 
တာကိုတွေ့ရတတ်ပါသေးတယ်တစ်ချို့ကြောင်တွေကျတော့နှာရည်တွေမျက်ရည်တွေကျတဲ့အပြင် 
 
ဝမ်းဗိုက်နောက်ပိုင်းနေရာကအရေပြားပေါ်မှာအညိုကွက်ပေါ်လာတတ်ပါတယ်

 
ဒီရောဂါဖြစ်တဲ့ကြောင်ကို Tetracycline,chlo-ramphenicol, streptomycin (သို့) gentamicin 
 
ဆေးတစ်မျိုးမျိုးထိုးနှံခြင်းတိုက်ကျွေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

 
အရေပြားပေါ်က ကြီးမားတဲ့အနာတွေကို ခွဲစိပ်ဖြတ်တောက်ပြီးပြန်ချုပ်ပေးရင် အလျှင်အမြန် 
 
သက်သာပျောက်ကင်းနိုင်ပါတယ် ဆေးထိုးဆေးတိုက်တာကိုတော့ ရောဂါအမြစ်ပြတ်သည်အထိ 
 
အချိန်အတော်ကြာကြာကုသပေးဖို့လိုအပ်ပါတယ် ရောဂါအမြစ်မပြတ်သေးပဲဆေးကိုဖြတ်လိုက်ရင် 
 
ပြန်ဖြစ်လာတတ်ပါတယ်

 
ကြောင်တွေမှာ ဒီရောဂါမဖြစ်စေဖို့အတွက် လှေးတွေမွှားတွေကင်းစင်နေအောင် ပြုလုပ်ထားသင့် 
 
ပါတယ်၊ရောဂါဖြစ်နေတဲ့ကြောင်ကကုတ်မိရင်ဖြစ်စေဒါမှမဟုတ်ကိုက်ရင်ဖြစ်စေအခန့်မသင့်တဲ့အခါ
 
 
ဒီရောဂါပိုးဟာလူကိုကူးစက်နိုင်တဲ့အတွက်သတိပြုသင့်ပါတယ် ကြောင်ရဲ့အနာတွေကို ဆေးလိမ်း 
 
ဆေးထည့်ပေးတဲ့အခါမှာလည်း လက်အိပ်စွပ်ပြီးမှလုပ်ဆောင်ပေးသင့်ပါကြောင်းတင်ပြအပ်ပါတယ်
                                  ထပ်မံဖတ်ရှုရန် Link ကိုနှိပ်ပါ ===>> Link
 
Zawgyi
 
Francisella tularensis လို႔ေခၚတဲ့ဘက္တီးရီယားပိုးေၾကာင့္ ေၾကာင္ေတြရဲ႕ပါးစပ္ထဲမွာ အနာေတြေပါက္တဲ့ေရာဂါျဖစ္ပါတယ္ ခႏၲာကိုယ္ေပၚမွာ မႊားေတြ ေလွးေတြရွိတဲ့ေၾကာင္ေတြနဲ႔ အိမ္လည္တတ္တဲ့ေၾကာင္ေတြမွာဒီေရာဂါျဖစ္တတ္ပါတယ္  ဒီေရာဂါျဖစ္လာရင္ ေၾကာင္ဟာေမာဟိုက္ေနတဲ့အျပင္ ျပန္ရည္အႀကိတ္ေတြေယာင္ၿပီးဖ်ားလာတတ္ပါတယ္ ေရာဂါအရွိန္ရလာရင္ပါးစပ္ထဲမွာအနာေတြေပါက္လာၿပီး အစာမစားႏိုင္တဲ့အတြက္ပိန္ခ်ံဳးလာေလ့ရွိပါတယ္ အေရျပားေပၚက မႊားေတြ ေလွးေတြအကိုက္ခံရတဲ့ေနရာေတြမွာအနာခြက္ေလးေတြျဖစ္ေနတာကိုေတြ႕ရတတ္ပါေသးတယ္ တစ္ခ်ိဳ႕ေၾကာင္ေတြက်ေတာ့ ႏွာရည္ေတြမ်က္ရည္ေတြက်တဲ့အျပင္ ဝမ္းဗိုက္ေနာက္ပိုင္းေနရာကအေရျပားေပၚမွာအညိဳကြက္ေပၚလာတတ္ပါတယ္
ဒီေရာဂါျဖစ္တဲ့ေၾကာင္ကို Tetracycline, chlo-ramphenicol, streptomycin (သို႔) gentamicin ေဆးတစ္မ်ိဳးမ်ိဳးထိုးႏွံျခင္းတိုက္ေက်ြးျခင္းျဖင့္ ကုသေပးႏိုင္ပါတယ္
အေရျပားေပၚကႀကီးမားတဲ့အနာေတြကို ခြဲစိပ္ျဖတ္ေတာက္ၿပီးျပန္ခ်ဳပ္ေပးရင္ အလ်ွင္အျမန္သက္သာေပ်ာက္ကင္းႏိုင္ပါတယ္ ေဆးထိုးေဆးတိုက္တာကိုေတာ့ ေရာဂါအျမစ္ျပတ္သည္အထိ အခ်ိန္အေတာ္ၾကာၾကာကုသေပးဖို႔လိုအပ္ပါတယ္ ေရာဂါအျမစ္မျပတ္ေသးပဲေဆးကိုျဖတ္လိုက္ရင္ ျပန္ျဖစ္လာတတ္ပါတယ္
ေၾကာင္ေတြမွာဒီေရာဂါမျဖစ္ေစဖို႔အတြက္ ေလွးေတြမႊားေတြကင္းစင္ေနေအာင္ျပဳလုပ္ထားသင့္ပါတယ္
ေရာဂါျဖစ္ေနတဲ့ေၾကာင္က ကုတ္မိရင္ျဖစ္ေစ ဒါမွမဟုတ္ကိုက္ရင္ျဖစ္ေစ အခန္႔မသင့္တဲအခါ ဒီေရာဂါပိုးဟာလူကိုကူးစက္ႏိုင္တဲ့အတြက္သတိျပဳသင့္ပါတယ္ ေၾကာင္ရဲ႕အနာေတြကို ေဆးလိမ္းေဆးထည့္ေပးတဲ့အခါမွာလည္း လက္အိပ္စြပ္ၿပီးမွလုပ္ေဆာင္ေပးသင့္ပါေၾကာင္းတင္ျပအပ္ပါတယ္
  ထပ္မံဖတ္ရႈရန္ Link ကိုႏွိပ္ပါ ===>> Link

0 မှတ်ချက်များ to “ပါးစပ်တွင်အနာများပေါက်ခြင်း (Tularemia)”

Post a Comment