«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Aug 2017

ပြည်ထွက်နာရောဂါ (Actinomycosis and Nocardiosis)

,

 
ဒီရောဂါကတော့ ခန္တာကိုယ်အနှံ့ကအကြိတ်တွေယောင်ပြီး အရေပြားအောက်မှာအဖုအကြိတ်တွေ 
 
ထွက်လာတတ်တဲ့ရောဂါတစ်မျိိုးဖြစ်ပါတယ် ၊ ဒီရောဂါဖြစ်လာရင် Actinomyces  နဲ့ Nocardia  
 
ရောဂါပိုးနှစ်မျိုးတွဲပြီးဖြစ်တာများပါတယ် ၊ ရောဂါရင့်လာတဲ့အခါအဲဒီအဖုအကြိတ်တွေကပေါက်ပြီး 
 
ပြည်တစိုစိုထွက်နေတတ်ပါတယ် ၊ ဒီရောဂါကိုဖြစ်ပွားစေတတ်တဲ့ပိုးတွေဖြစ်တဲ့ Actinomyces 
 
viscosus, Actinomyces hordeovulnaris, Actinomyces odontolyticus, and Actinomyces 
 
meyeri  လို့အမည်ရတဲ့ဘက်တီးရီးယားပိုးတွေဟာ နို့တိုက်သတ္တဝါအများစုရဲ့ခံတွင်းပိုင်းနဲ့ 
 
အစာအိမ်အူလမ်းကြောင်းတွေမှာ အမြဲလိုလိုရှိနေတတ်တဲ့ရောဂါပိုးတွေဖြစ်ပါတယ် ၊ ကိုယ်ခံအား
 
ကောင်းနေရင် ဒုက္ခပေးလေ့မရှိကြပေမယ့် ကိုယ်ခံအား ကျဆင်းတဲ့အခါမျိုးမှာ ဒီရောဂါပိုးတွေက
 
ဒုက္ခပေးလာတတ်ကြတာဖြစ်ပါတယ်။
 
ဝမ်းဗိုက်တွင် အဖုအကြိတ်များပေါ်လာပြီးယောင်ယမ်းနေပုံ 
 
 
လည်ပင်းနေရာတတွင် အဖုအကြိတ်များပေါ်လာပြီး ယောင်ယမ်းနေပုံ
 


ကိုယ်ခံအားကျဆင်းနေတဲ့ခွေးတွေရဲ့ပါးစပ်မှာအနာဖြစ်လို့ရောဂါပိုးတွေဟာအနာကနေဝင်သွားပြီး 
 
ခန္တာကိုယ်အနှံ့ကို ပွားများရောက်ရှိသွားတဲ့အခါ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ် ၊ 
 
အဖုအကြိတ်တွေပေါက်ပြီးထွက်နေတဲ့အရည်တွေဟာ သွားငံရည်လိုအရည် ကျဲကျဲဖြစ်နိုင်သလို 
 
ပြည်တွေလည်းဖြစ်နိုင်ပါတယ် ၊ ခွေးတွေမှာ ဒီရောဂါဖြစ်တဲ့အခါ ဦးခေါင်းပိုင်း ၊ လည်ပင်းပိုင်း 
 
ဝမ်းဗိုက်အောက်ပိုင်းတွေရဲ့ အရေပြားအောက်တွေမှာအဖုအကြိတ်တွေဖြစ်ပေါ်လာ တာကိုတွေ့ရ
 
တတ်ပါတယ် ၊ ခြေချောင်းလက်ချောင်းလေးတွေရဲ့ကြားကနေ အရည်ကြည်(သို့)ပြည်တွေ စို့ထွက်
 
နေတာမျိုးလည်းဖြစ်တတ်ပါတယ်
 
 လက်ချောင်းများကြားမှ ပြည်တစိုစိုထွက်နေပုံ
 
 
 
ဒီရောဂါဖြစ်လာရင် အကြိတ်အဖုတစ်ခုချင်းကိုခွဲပြီးသန့်ရှင်းရေးလုပ်ရပါတယ် ၊ ပင်နီဆလင်အမှုန့်
 
ကို သိပ်ပေးနိုင်ပါတယ် ၊ ဆာလဖာစားဆေးနဲ့ ပင်နီဆလင်စားဆေးကိုစွဲတိုက်ပေးသင့်ပါတယ်
 
အခုနောက်ပိုင်းမှာတော့ ဆလဖာစားဆေးနဲ့Cephalosporinsစားဆေးတွေကိုတွဲတိုက်ကြပါတယ်

ဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ Link
                       
 
 Zawgyi
 
 ဒီရောဂါကတော့ ခန္တာကိုယ်အနှံ့ကအကြိတ်တွေယောင်ပြီး အရေပြားအောက်မှာအဖုအကြိတ်တွေ ထွက်လာတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါဖြစ်လာရင် Actinomyces  နဲ့ Nocardia  ရောဂါပိုးနှစ်မျိုးတွဲပြီးဖြစ်တာများပါတယ် ၊ ရောဂါရင့်လာတဲ့အခါ အဲဒီအဖုအကြိတ်တွေကပေါက်ပြီး ပြည်တစိုစိုထွက်နေတတ်ပါတယ် ၊ ဒီရောဂါကိုဖြစ်ပွားစေတတ်တဲ့ပိုးတွေဖြစ်တဲ့ Actinomyces viscosus, Actinomyces hordeovulnaris, Actinomyces odontolyticus, and Actinomyces meyeri  လို့အမည်ရတဲ့ဘက်တီးရီးယားပိုးတွေဟာ နို့တိုက်သတ္တ၀ါအများစုရဲ့ခံတွင်းပိုင်းနဲ့ အစာအိမ်အူလမ်းကြောင်းတွေမှာ အမြဲလိုလိုရှိနေတတ်တဲ့
 



အခုနောက်ပိုင်းမှာတော့ ဆလဖာစားဆေးနဲ့  cephalosporins  စားဆေးတွေကိုတွဲတိုက်ကြပါတယ်

0 မှတ်ချက်များ to “ပြည်ထွက်နာရောဂါ (Actinomycosis and Nocardiosis)”

Post a Comment