«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Feb 2019

ခြေလက်နာခြင်းရောဂါ(Anaplasmosis)

,
ဒီရောဂါကတော့ Anaplasma platys နဲ့
Anaplasma phagocytophilum လို့ခေါ်တဲ့ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်
အကြီးစားခွေးမျိုးတွေမှာ ပိုအဖြစ်များပြီး မွှားကနေတဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် Anaplasmosis ရောဂါဟာခွေးတွေမှာ Ehrlichiosis ရောဂါနဲ့တွဲဖြစ်ရင် ပိုပြင်းထန်ပြီးရက်ပိုင်းအတွင်းမှာပဲအသက်ဆုံးရှုံးနိုင်ပါတယ်
ဒီရောဂါကတော့လူတွေမှာဖြစ်ပွားတဲ့တုတ်ကွေးရောဂါလိုပဲ နုန်းချည့် နာကျင်ကိုက်ခဲပြီးဖျားတဲ့ရောဂါပါ
ဒီရောဂါနဲ့ lyme disease ရောဂါဟာ ဖြစ်ပွားပုံချင်းကော ရောဂါကူးစက်စေတဲ့မွှားအမျိုးအစားချင်းကော ခပ်ဆင်ဆင်တူနေတဲ့အတွက် လွဲတတ်တဲ့ရောဂါတွေဖြစ်ပါတယ်
မွှားကိုက်ခံရပြီး(၂)ပါတ်လောက်အကြာမှာ ရောဂါလက္ခဏာတွေစတင်ပြသလာတတ်ပြီး ရက်ပေါင်း(၂၀)လောက်ရောဂါဒဏ်ကိုခံစားရလေ့ရှိပါတယ် ရောဂါအခြေအနေဆိုးတဲ့ခွေးတွေဆိုရင် ချောင်းဆိုးတဲ့အခါ နှာခေါင်းအဝမှာသွေးစတွေစို့လာတတ်ပါတယ် ခြေလက်တွေနာကျင်ကိုက်ခဲပြီးလမ်းလျှောက်ရင်ထော့နဲ့ထော့နဲ့ဖြစ်လာတတ်ပါတယ် တခါတလေဝမ်းပျက်ပြီးအန်တာမျိုးလည်းဖြစ်တတ်ပါတယ်
ခွေးဟာခြေထောက်နာပြီးလမ်းလျှောက်တဲ့အခါထော့နဲ့ထော့နဲ့ဖြစ်တတ်ပါတယ် တခါတလေအန်တတ်ပြီး ဝမ်းလည်းပျက်တတ်ပါတယ်
ရောဂါဖြစ်တဲ့ခွေးရဲ့ကိုယ်ပေါ်မှာမွှားတွေနဲ့ အရေပြားပေါ်မှာ မွှားကိုက်ထားတဲ့ဒါဏ်ရာတွေရှိနေရင်တော့ Anaplasmosis ဖြစ်ဖို့များပါတယ်
Anaplasmosis ရောဂါဟုတ်မဟုတ်သိရှိနိုင်ဖို့ ခွေးရဲ့သွေးကိုဖောက်ယူပြီး ELISA လို့ခေါ်တဲ့ enzyme-linked immunosorbent assay ပြုလုပ်ခြင်းဖြင့်ဖြစ်စေ PCR လို့ခေါ်တဲ့ polymerase chain reaction ပြုလုပ်ခြင်းဖြင့်ဖြစ်စေ စမ်းသပ်သိရှိနိုင်ပါတယ် ဒီရောဂါပိုးဟာ အတော်အတန်ကြီးမားတဲ့အတွက် ရိုးရိုးသွေးမှန်ကြည့်ရင်တောင် ရောဂါပိုးတွေကို မှန်ပြောင်းအောက်မှာတွေ့မြင်ရနိုင်ပါတယ်
ဒီရောဂါဖြစ်တာသေချာရင် Imidocarb dipropinoate (သို့) Amicarbalide ဆေးကိုချက်ချင်းထိုးပေးရပြီး နောက်(၂)ပါတ်အကြာမှာတစ်ကြိမ်ထပ်မံထိုးပေးရပါတယ်
အဲဒီနောက်မှာ prednisode ဆေးကို(၄)ရက်လောက် ဆက်လက်တိုက်ကျွေးပေးသင့်ပါတယ်
စားဆေးအဖြစ် Tetracycline (သို့)Doxycycline စားဆေးကို တစ်လလောက်တိုက်ကျွေးသင့်ပါတယ်
ကုသပေးလို့သက်သာပျောက်ကင်းလာရင်လည်း မွှားအကိုက်မခံရအောင်ဂရုစိုက်သင့်ပါတယ် မွှားတွေထပ်ကိုက်ရင်တော့ နောက်တစ်ခါပြန်ဖြစ်နိုင်သေးတဲ့အပြင် ဒီရောဂါအတွက်ကြိုတင်ကာကွယ်ဆေးရယ်လို့မရှိတဲ့အတွက်မွှားကိုက်မခံရအောင်ဂရုပြုဖို့လိုအပ်ပါတယ်
Anaplasmosis ရောဂါဟာကမ္ဘာအနှံ့မှာဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပြီး ခွေးနဲ့ကြောင်အပြင် မွေးမြူရေးတိရစ္ဆာန်တွေနဲ့ လူတွေမှာပါဖြစ်ပွားတတ်တဲ့အတွက် ဂရုပြုသင့်တဲ့ရောဂါတစ်ခုဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “ခြေလက်နာခြင်းရောဂါ(Anaplasmosis)”

Post a Comment