Unicode
ကြောင်တွေမှာဖြစ်ပွားတဲ့ ဘာတိုနဲလား (CAT SCRATCH DISEASE)ရောဂါဆိုတာBartonella henselae
လို့ခေါ်တဲ့ရစ်ကားစီးယား (Rickettsia) လို့ခေါ်တဲ့ ကပ်ပါးရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး..
နာတာရှည်ဝမ်းပျက်စေတတ်ပါတယ် ၊ ဒီရောဂါပိုးဟာအရွယ်အစားအားဖြင့်သာမန်ဘက်တီးရီးယား
ပိုးတွေလောက်ပဲရှိပါတယ်၊သူတို့ရဲ့သဘာဝအရအင်းဆက်ပိုးကောင်တွေကတစ်ဆင့်ကူးစက်ဖြစ်ပွား
လေ့ရှိပြီး ပိုးမျိုးကွဲအလိုက်သတ်သတ်မှတ်မှတ်ရှိတဲ့လက်ခံကောင်ကိုသာရောဂါဖြစ်ပွားစေလေ့ရှိပါ
တယ်။
…ခန္တာကိုယ်ထဲကိုရောက်လာပြီးရောဂါဖြစ်ပွားတဲ့အခါမှာလည်း သီးသန့်ဆဲ(လ)တွေထဲမှာသာ
ခိုအောင်းနေပြီးတော့ ရောဂါကိုဖြစ်ပွားစေတာဖြစ်ပါတယ် …ဒီရောဂါပိုးဟာ ကြောင်ရဲ့ခန္တာကိုယ်
ပေါ်မှာနေတဲ့ လှေး(fleas)တွေရဲ့ခန္တာကိုယ်ထဲမှာ ခိုအောင်းနေထိုင်ကြပါတယ် ဒီပိုးတွေဟာ
အဲဒီလှေးကောင်လေးတွေကစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးထဲမှာ အမြဲလိုလိုပါလာပါတယ်၊
ဒီဘာတိုနဲလားရောဂါပိုးကြောင့်ကြောင်တွေမှာကြီးကြီးမားမားဖျားနာမဖြစ်ပေမယ့်အစားအသောက်
ပျက်ပြီး နာတာရှည်ဝမ်းပျက်စေနိုင်ပါတယ်… ခန္တာကိုယ်အရေပြားပေါ်က ပေါက်ပြဲသွားတဲ့နေရာ
ကနေ ရောဂါပိုးကဝင်ရောက်ကူးစက်တာဖြစ်ပါတယ်။
လူတွေမှာကျတော့ ရောဂါပိုးရှိနေတဲ့ကြောင်နဲ့နီးနီးကပ်ကပ်နေတတ်တဲ့ ကလေးတွေဟာ
ကြောင်လှေးကောင်လေးတွေက စွန့်ထုတ်လိုက်တဲ့မစင်တွေပါတဲ့ဖုန်မှုန့်တွေနဲ့လူးပေမိရင်ဖြစ်စေ
ကြောင်ကလျှက်တာတို့ ကုတ်တာတို့ခံရရင်ဖြစ်စေ ရောဂါပိုးဝင်ရောက်ကူးစက်တတ်တာဖြစ်ပါ
တယ်။
ဒီရောဂါပိုးဟာကြောင်တွေကို ဘာမှဒုက္ခမပေးဘူးဆိုပေမယ့် … ကြောင်ရဲ့နှုတ်ခမ်းနဲ့ခံတွင်းမှာ
နာတာရှည်ယောင်ယမ်းမှုကိုဖြစ်လာစေတတ်ပါတယ် ၊ နာတာရှည်ဝမ်းပျက်နေတဲ့ ကြောင်တွေကို
စစ်ဆေးကြည့်လိုက်ရင်… ဒီရောဂါပိုး ပါဝင်ပတ်သက်မှုရှိနေတာကိုတွေ့ရပါတယ်…
ကလေးငယ်တွေရောဂါပိုးကူးစက်ခံရရင် လင့်အကြိတ်တွေကြီးမားယောင်ရမ်းမှုဖြစ်လာစေပါတယ်
… ဒီလိုယောင်ယမ်းမှုဟာ (၂)လ ကနေ(၅)လအထိလောက်အထိ ယောင်နေတတ်ပါတယ် ..
ကလေးဟာ အစားအသောက်ပျက်လာပြီး ခပ်ငွေ့ငွေ့ဖျားနေတတ်ပါတယ် … မကြာခဏလည်း
ခေါင်းကိုက်တတ်ပါတယ်။
လူတွေမှာ ဒီရောဂါကူးစက်ခံရတယ်လို့ သံသယရှိရင်တော့ မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီးတော့
ရောဂါရှာဖွေကုသရပါမယ် … ကြောင်တွေကိုတော့ … ဒေါက်ဆီဆိုက်ကလင်းစားဆေး(သို့)
အာဇီသရိုမိုင်စင်စားဆေးကိုတိုက်ကျွေးကုသပေး နိုင်ပါတယ် ။
ဒီရောဂါပိုးက ကလေးငယ်တွေကို ကူးစက်စေနိုင်ပါတယ် … ကြောင်ကိုက်တာခံရရင်ဖြစ်စေ
ကုတ်မိရင်ဖြစ်စေ … ဆပ်ပြာနဲ့ရေများများသုံးပြီး စံနစ်တကျဆေးကြောပစ်ရပါမယ် ... မိမိမှာ
ပေါက်ပြဲနေတဲ့ဒဏ်ရာရှိရင်၊အဲဒီနေရာကို ကြောင်တွေမလျှက်အောင်ဂရုစိုက်ရပါမယ်၊ကြောင်တွေရဲ့
လက်သည်းတွေကို အချိန်မှန်ဖြတ်ပေးထားရင် အကုတ်ခံရတာနည်းသွားတဲ့အတွက်
ရောဂါကူးစက်ခံရဖို့ အခြေအနေနည်းပါးသွားစေနိုင်ပါတယ်။
မိမိရဲ့အိမ်မှာ ဒီလိုရောဂါမဖြစ်စေဖို့ ကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာ လှေးကောင်တွေမရှိအောင်
အမြဲဂရုပြုဆောင်ရွက်ပေးရပါမယ်၊ DETICK လို့ခေါ်တဲ့အစက်ချဆေးကို ကြောင်တွေပြန်မလျှက်နိုင်
တဲ့နေရာဖြစ်တဲ့ နားရွက်နှစ်ဖက်ကြားနေရာမှာ (၂)လတစ်ကြိမ်အစက် ချပေးရင် သူ့ရဲ့ကိုယ်ပေါ်မှာ
သန်း၊မွှားနဲ့လှေးတွေ ကပ်မလာနိုင်ပါဘူး … ဒီရောဂါလည်းကူးစက်မလာနိုင်တော့ပါဘူး။
ထပ်မံလေ့လာလိုပါက လင့်ကိုနှိပ်ပါ Link
Zawgyi
((( ဘာတိုနဲလား
(CAT SCRATCH DISEASE)ဆိုတာ )))
ရစ္ကားစီးယား(Rickettsia)လို႔ေခၚတဲ့
ကပ္ပါးေရာဂါပိုးေႀကာင့္ျဖစ္ပြားျခင္းျဖစ္ပါတယ္
.. ဒီေရာဂါပိုးဟာ
အရြယ္အစားအားျဖင့္သာမန္ဘက္တီးရီးယားပိုးေတြေလာက္ပဲရွိပါတယ္
သူတို႔ သဘာ၀ဟာအင္းဆက္ေတြကတစ္ဆင့္ကူးစက္ျဖစ္ပြားေလ့ရွိျပီး
ပိုးမ်ိဳးကဲြအလိုက္
သတ္သတ္မွတ္မွတ္ရွိတဲ့ လက္ခံေကာင္ကိုသာေရာဂါျဖစ္ပြားေစေလ့ရွိပါတယ္
…
ေရာဂါ ျဖစ္ပြားတဲ့အခါမွာလည္း
သီးသန္႔ဆဲ(လ)ေတြထဲမွာသာ ခိုေအာင္းေနျပီးေတာ့ ေရာဂါကိုျဖစ္ပြားေစတာျဖစ္ပါတယ္ …
((( ေရာဂါျဖစ္ပြားရျခင္းအေႀကာင္းရင္း )))
ေႀကာင္ေတြမွာကေတာ့ Bartonella henselae လို႔ေခၚတဲ့
ရစ္ကားစီးယား(Rickettsia)
ကပ္ပါးေရာဂါပိုးေႀကာင့္ျဖစ္ပြားျခင္းျဖစ္ပါတယ္ …
ဒီေရာဂါပိုးဟာေႀကာင္ရဲ႕ခႏာၱကိုယ္ေပၚမွာေနတဲ့ ေလွး(fleas)ေတြရဲ႕ခႏာၱကိုယ္ထဲမွာ ခိုေအာင္းေနထိုင္ႀကပါတယ္ သူတို႔ဟာ
အဲဒီေလွးေကာင္ေလးေတြကစြန္႔ထုတ္လိုက္တဲ့ အညစ္အေႀကးထဲမွာ အျမဲလိုလိုပါလာပါတယ္… ဒီ
ဘာတိုနဲလားေရာဂါပိုးေႀကာင့္ ေႀကာင္ေတြမွာ ႀကီးႀကီးမားမားဖ်ားနာမဟုတ္ေပမယ့္ ..
အစားအေသာက္ပ်က္ျပီး နာတာရွည္၀မ္းပ်က္ေစႏိုင္ပါတယ္ …
((( ကူးစက္ပံု )))
ေပါက္ျပဲသြားတဲ့ေနရာကေန
ေရာဂါပိုးက၀င္ေရာက္ကူးစက္တာျဖစ္ပါတယ္
ေရာဂါပိုးရိွေနတဲ့ေႀကာင္နဲ႔ နီးနီးကပ္ကပ္ေနတတ္တဲ့
ကေလးေတြမွာ ေလွးေကာင္ေလးေတြကစြန္႔ထုတ္လိုက္တဲ့မစင္ေတြလူးေပေနတဲ့
ေႀကာင္ကလွ်က္တာတို႔ ကုတ္တာတို႔ေႀကာင့္ ေရာဂါပိုးက၀င္ေရာက္ကူးစက္တာျဖစ္ပါတယ္
((( ေရာဂါလကၡဏာမ်ား )))
ဒီေရာဂါပိုးဟာေႀကာင္ေတြကို ဘာမွဒုကၡမေပးဘူးဆိုေပမယ့္ …
ေႀကာင္ရဲ႕ႏႈတ္ခမ္းနဲ႕ခံတြင္းမွာ
နာတာရွည္ေယာင္ယမ္းမႈျဖစ္ျပီး နာတာရွည္၀မ္းပ်က္ေနတဲ့
ေႀကာင္ေတြကို စစ္ေဆးႀကည့္လိုက္ရင္
… ဒီေရာဂါပိုး ပါ၀င္ပတ္သက္မႈရွိေနတာကိုေတြ႕ရပါတယ္…
ကေလးငယ္ေတြေရာဂါပိုးးကူးစက္ခံရရင္ လင့္အႀကိတ္ေတြႀကီးမားေယာင္ရမ္းမႈ ျဖစ္လာေစပါတယ္
… ဒီလိုေယာင္ယမ္းမႈဟာ (၂)လ ကေန(၅)လအထိေလာက္ ေယာင္ေနတတ္ပါတယ္ .. ကေလးဟာ အစားအေသာက္ပ်က္လာျပီး
ခပ္ေငြ႕ေငြ႕ဖ်ားေနတတ္ ပါတယ္ … မႀကာခဏ
ေခါင္းကိုက္တတ္ပါတယ္ …
((( ကုသျခင္း )))
လူေတြမွာ
ဒီေရာဂါကူးစက္ခံရတယ္လို႔ သံသယရွိရင္ေတာ့ မိသားစုဆရာ၀န္ႏဲ႔တိုင္ပင္ျပီးေတာ့
ေရာဂါရွာေဖြကုသရပါမယ္ … ေႀကာင္ေတြကိုေတာ့ … ေဒါက္ဆီဆိုက္ကလင္းစားေဆး(သို႔)
အာဇီသရိုမိုင္စင္စားေဆးကိုတိုက္ေကၽြးကုသေပး ႏိုင္ပါတယ္ …
((( လူထုက်န္းမာေရး )))
ကေလးငယ္ေတြကိုကူးစက္ေစႏိုင္ပါတယ္
… ေႀကာင္ကိုက္တာခံရရင္ျဖစ္ေစ ကုတ္မိရင္ျဖစ္ေစ … ဆပ္ျပာနဲ႔ေရမ်ားမ်ားသံုးျပီး
စံနစ္တက်ေဆးေႀကာပစ္ရပါမယ္ ... မိမိမွာ ေပါက္ျပဲေနတဲ့ဒဏ္ရာရွိရင္ … အဲဒီေနရာကို ေႀကာင္ေတြ
မလွ်က္ေအာင္ဂရုစိုက္ရပါမယ္ .. ေႀကာင္ေတြရဲ႕လက္သည္းေတြကို အခ်ိန္မွန္ျဖတ္ေပးထားရင္
အကုတ္ခံရတာနည္းသြားတဲ့အတြက္ ေရာဂါကူးစက္ခံရဖို႔ အေျခအေနနည္းပါးသြားေစႏိုင္ပါတယ္ …
((( ကာကြယ္ျခင္း )))
ေႀကာင္ရဲ႕ခႏာၱကိုယ္ေပၚမွာ
ေလွးေကာင္ေတြ မရွိေအာင္အျမဲဂရုျပဳေဆာင္ရြက္ေပးရပါမယ္ ..
DETICK လို႔ေခၚတဲ့
အစက္ခ်ေဆးကို ေႀကာင္ေတြျပန္မလွ်က္ႏိုင္တဲ့ေနရာျဖစ္တဲ့ နားရြက္ႏွစ္ဖက္ႀကားေနရာမွာ
(၂)လတစ္ႀကိမ္တစ္စက္ႏႈန္းခ်ေပးရင္ သူ႔ရဲ႕ကိုယ္ေပၚမွာ သန္း၊မႊားနဲ႔ေလွးေတြ မကပ္ႏိုင္ပါဘူး
… ဒီေရာဂါလည္း ကူးစက္မလာႏိုင္ပါဘူး …