Unicode
အမြဲတန်းလိုလိုအော့အန်နေခြင်း တဖြည်းဖြည်းပိန်ချုံးလာခြင်း ရေဖျဉ်းစွဲခြင်းနဲ့ အကျိအချွဲပါတဲ့
ဝမ်းသွားခြင်း စတဲ့လက္ခဏာတွေကိုတွေ့ရှိလာတဲ့အခါမှာ တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာ
အသည်းကြောင့်လား ကျောက်ကပ်ကြောင့်လားဆိုတာ ခွဲခြားသိရှိနိုင်ဖို့လိုအပ်လာပါတယ်
အဲဒီအခါမှာ အသည်းပျက်စီးမှုရှိမရှိသိနိုင်ဖို့အတွက် သွေးထဲမှာပါဝင်နေတဲ့ ALT (alanine
Aminotransferase) နဲ့ ALKP(Alkaline phosphatase) အင်ဇိုင်းတွေကိုစစ်ဆေးကြည့်ဖို့
ညွှန်ကြားလေ့ရှိပါတယ်။
ALT (alanine aminotransferase)အင်ဇိုင်းအားစစ်ဆေးခြင်း
ALT ဟာခွေးမှာ 10 U/L ကနေ 109 IU/L အတွင်းရှိရမှာဖြစ်ပြီး ကြောင်မှာ 25 U/L ကနေ 97
IU/L အတွင်းသာ ရှိရမှာဖြစ်ပါတယ် အဲဒီထက်ပိုများနေရင်အသည်းပျက်စီးနေကြောင်းသိနိုင်
ပါတယ်။
အပြန်အလှန်အားဖြင့် အသည်းပျက်စီးခြင်းရှိမရှိသိချင်ရင် ALT လို့ခေါ်တဲ့ သွေးအတွင်းပါဝင်သော
Alanine aminotransferase အင်ဇိုင်းပမာဏကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။
ALKP(alkaline phosphatase) အင်ဇိုင်းအားစစ်ဆေးခြင်း
ALKP ဟာခွေးမှာ 1 U/L ကနေ 114 U/L အတွင်းရှိရမှာဖြစ်ပြီး ကြောင်မှာ 25 U/L ကနေ 97 U/L
အတွင်းသာရှိရမှာဖြစ်ပါတယ် အဲဒီထက်ပိုများနေရင် အသည်းပျက်စီးနေကြောင်းသိနိုင်ပါတယ်
အပြန်အလှန်အားဖြင့် အသည်းပျက်စီးခြင်းရှိမရှိသိချင်ရင် ALKP လို့ခေါ်တဲ့ သွေးအတွင်းပါဝင်တဲ့
Alkaline phosphataseအင်ဇိုင်းပမာဏကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။
Zawgyi
ရေဖျဉ်းစွဲခြင်းနဲ့
(Alanine aminotransferase) နဲ့ ALKP(alkaline phosphatase)
ကနေ 97 IU/L အတွင်းသာ
U/L
သွေးအတွင်းပါဝင်သော Alkaline