ကြောင်တွေရဲ့ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းမှာဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်၊
ဒီရောဂါကိုဖြစ်ပွားစေတဲ့ပိုးကတော့ Bordetella bronchiseptica လို့ခေါ်တဲ့ဘက်တီးရီးယား
ဖြစ်ပါတယ် ၊ ဒီဘက်တီးရီးယားပိုးဟာကြောင်တွေရဲ့အသက်ရှုလမ်းကြောင်းမှာသဘာဝအလျှောက်
ရှိနေတဲ့ပိုးတစ်မျိုးပါပဲ ၊ ဒါပေမယ့်သာမန်အားဖြင့် ကြောင်ကကျန်းမာနေရင်ဘာမှအန ္တရာယ်မပေး
ပါဘူး၊ ကြောင်တွေရဲ့အသက်ရှု လမ်းကြောင်းအထက်ပိုင်းမှာအခြားဗိုင်းရပ်(စ)ပိုးတွေကြောင့်
ရောဂါရလာခဲ့ရင်တော့ Bordetella bronchiseptica ဘက်တီးရီးယားပိုးက စတင်ပြီးအန ္တရာယ်
ပြုလာပါတော့တယ် ။
ဒီရောဂါရဲ့လက္ခဏာတွေအနေနဲ့ကတော့ ဖျားခြင်း၊ မှိုင်ခြင်း၊ချောင်းဆိုနှာချေခြင်း၊အဆုပ်ယောင်ပြီး
မောပန်းခြင်း မျက်စေ့နဲ့နှာခေါင်း အတွင်းမှပျစ်ချွဲချွဲအရည်များ ထွက်ခြင်း၊မေးရိုးနဲ့လည်ပင်းပိုင်း
အကြားနေရာမှာရှိတဲ့အကြိတ် တွေယောင်ယမ်းလာခြင်းတို့ဖြစ်တတ်ပါတယ်။
ဒီရောဂါဖြစ်လာရင် Tetracycline , Chloramphenicol , Streptomycin နဲ့ Gentamicin စတဲ့
ပဋိဇီဝဆေးတွေနဲ့ကုသပေးနိုင်ပါတယ်၊တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့စစ်ဆေးတွေ့ရှိချက်အတိုင်း
ခန္တာကိုယ်မှာချို့ယွင်းနေတဲ့အရာတွေကိုလည်း ပူးတွဲ ကုသပေးဖို့လိုအပ်ပါသေးတယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ဒီရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဆေးအနေနဲ့
နှာခေါင်းထဲကို ပက်ဖြန်းပေးရတဲ့ကာကွယ်ဆေးရှိပါတယ်။
ဆက်လက်ဖတ်ရှုလေ့လာလိုပါက လင့်ကိုနှိပ်ပါ - Link