«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Sept 2020

သွေးယိုရောဂါ-Immune-mediated thrombocytopenia (IMT)

,

Read in Zawgyi 

လူအပါအဝင်သွေးနွေးသတ္တဝါတွေအားလုံးရဲ့သွေးထဲမှာ သွေးကိုခဲစေတတ်တဲ့ platelet လို့ခေါ်တဲ့ 

ဆဲလ်လေးတွေအများအပြားပါရှိနေပါတယ် ၊ အဲဒီ platelet တွေဟာခြင်ဆီရိုးထဲမှာရှိတဲ့ 

Megakaryocyte လို့ခေါ်တဲ့ဆဲလ်တွေကနေပြောင်းလဲဖြစ်ပေါ်လာတာဖြစ်ပြီး တစ်ချို့က 

Thrombocytes တွေလို့လည်းခေါ်ကြပါတယ် Platelet တွေဟာအသက်ရှင်သန်ရေးအတွက် 

မရှိမဖြစ်အရေးပါတာမို့ခန္တာကိုယ်ကလည်းလိုအပ်သလောက်ကိုမပြတ်ထုတ်လုပ်ပေးနေရတာဖြစ် 

ပါတယ်။
 

အဲဒီ Platelet တွေကိုပျက်စီးစေပြီး၊နည်းပါးသွားစေတဲ့ရောဂါတွေအနက် IMTလို့အတိုကောက် 

ခေါ်တဲ့ Immune-mediated Thrombocytopenia ရောဂါဟာ ခွေးကြောင်တွေရဲ့ကိုယ်ခံစွမ်းအား 

စနစ်ဖောက်ပြန်ရာကနေဖြစ်ပေါ်လာတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ။ 

ကိုယ်ခံစွမ်းအားဖောက်ပြန်လာတဲ့အခါ သွေးထဲက platelet တွေကိုအလွန်အကျွံသုံးစွဲပစ်လိုက်တဲ့ 

အတွက် ထုတ်လုပ်နိုင်မှုက လိုက်မမီတော့တဲ့အခါမှာ platelet တွေနည်းပါးလာပြီး သွေးယိုရောဂါ

Immune-mediated thrombocytopenia (IMT) ကို စတင်ခံစားလာရတာဖြစ်ပါတယ်။
 

ဒီရောဂါဟာဖြစ်ခါစမှာ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေပြသလေ့သိပ်မရှိပေမယ့် သေချာ 

သတိထားပြီးကြည့်မယ်ဆိုရင်တော့ နှုတ်ခမ်းရဲ့အတွင်းဖက် နားရွက်ရဲ့အတွင်းဖက်နဲ့ ဝမ်းဗိုက် 

အောက်ပိုင်းနေရာတွေလို အမွှေးမပေါက်တဲ့နေရာတွေမှာသွေးချေဥနေတဲ့ အကွက်လေးတွေ 

ဖြစ်လာတာကိုစတင်မြင်တွေ့နိုင်ပါတယ်။
 

အဲဒါကတော့ ခွေးရဲ့သွေးထဲမှာ ရှိသင့်ရှိထိုက်တဲ့ platelet ပမာဏမရှိတော့တဲ့အတွက် သွေးမခဲနိုင် 

တဲ့ဖြစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပြီး အမွှေးအမျှင်မရှိတဲ့နေရာတွေမှာ အလွယ်တကူမြင်ရတဲ့သဘော 

ဖြစ်ပါတယ် ရက်ကြာလာတာနဲ့အမျှ မျက်လုံးတို့ နှာခေါင်းတို့ကနေသွေးယိုတာမျိုးနဲ့ ဆီးတွေ 

ဝမ်းတွေသွားတဲ့အခါသွေးစတွေပါလာတာမျိုးတွေဖြစ်လာတတ်ပါတယ်။
 

ဒီလိုအခြေအနေဖြစ်လာရင် အလျှင်အမြန်ကုသဖို့အလွန်အရေးကြီးပါတယ် အကယ်၍အချိန်မီ 

ကုသခြင်းမရှိရင်တော့ အခြေအနေပိုဆိုးလာပြီး ရင်ခေါင်းနဲ့အဆုပ်ထဲမှာ သွေးတွေယိုစိမ့်ထွက်ပြီး 

သွေးမခဲနိုင်တဲ့အတွက်သွေးလွန်ပြီး အသက်ဆုံးရှုံးတတ်ပါတယ် ။ 

ဒီလိုအချိန်မှာသွေးကိုဖောက်ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်တဲ့အခါ platelet လို့ခေါ်တဲ့  

Thrombocytes တွေရဲ့ပါဝင်မှုဟာ 40,000/ul အောက်အထိလျှော့နည်းနေတာကိုတွေ့ရမှာဖြစ်ပါ 

တယ်

ဒီရောဂါကိုကုသတဲ့အခါမှာ ယေဘုယျအားဖြင့် ခွေးရဲ့ကိုယ်ခံစွမ်းအားကို လျှော့ကျစေတဲ့ဆေးတွေ 

နဲ့ကုသပေးရမှာဖြစ်ပြီး ဒီရောဂါအတွက်အကောင်းဆုံးကုထုံးရယ်လို့ တိတိကျကျမရှိသေးဘူးလို့ဆို 

ပါတယ် ဖြစ်ပွားနေတဲ့အခြေအနေပေါ်မှာမူတည်ပြီး ကုသမယ့်ဆရာဝန်ကစဉ်းစားသုံးသပ်ပြီး 

လိုအပ်သလို ချင့်ချိန်ကုသပေးရတာဖြစ်ပါတယ်။

တိရစ္ဆာန်ဆေးပညာပါရဂူ ဒေါက်တာ Rance K. Sellon(DVM, PhD, DACVIM)ရဲ့ အယူအဆအရ 

Prednisone စားဆေးကို 1 mg/kg နှုန်းနဲ့ (၁၂)နာရီခြားတိုင်းတိုက်ကျွေးပြီး တပြိုင်တည်းမှာ 

Azathioprine(IMURAN)စားဆေးကို 1-2 mg/kg နှုန်းနဲ့ (၂၄)နာရီခြားတိုင်းပူးတွဲတိုက်ကျွေးကုသ 

ရမှာဖြစ်ပါတယ်၊ဒီလိုဆေးတိုက်ကျွေးကုသမှုကို(၁၄)ရက်တိတိဆက်တိုက်ပြုလုပ်ရမှာဖြစ်ပါတယ် 

ကိုယ်ခံစွမ်းအားကျစေဖို့အတွက် cyclosporine A (သို့) leflunomide ဆေးကိုလည်းအသုံးပြု 

နိုင်ကြောင်းဒေါက်တာ Rance K. Sellon ကအကြံပြုထားပါတယ်။ 

ခွေးရဲ့အခြေအနေတိုးတက်မှုအပေါ်မူတည်ပြီး လိုအပ်ရင် ဓါတ်ဆားရည်ပုလင်းကြီးချိတ်တာတို့ 

သွေးသွင်းကုသတာတို့ကိုလည်းဆာင်ရွက်ပေးရမှာဖြစ်ပါတယ် တိရစ္ဆာန်ရောဂါကုဆရာဝန် Dr. 

Leah Cohn ကတော့ ကင်ဆာရောဂါဆေးဖြစ်တဲ့ vincristine အကြောဆေးကို (0.02 mg/kg) 

နှုန်းနဲ့တစ်ကြိမ်ထိုးနှံပြီး Barium Sulfate ဆေးကိုတိုက်ကျွေးခြင်းအားဖြင့်အူထဲမှာသွေးယိုစိမ့်နေမှု

ကိုသက်သာစေနိုင်ကြောင်းသုတေသနပြုကာထုတ်ဖော်တင်ပြခဲ့ပါတယ်။
 

ဆေးကုသမှုနဲ့အတူသွေးထဲမှာ platelet ပမာဏပြန်လည်မြင့်တက်လာရင်တော့ ဒီရောဂါဟာ 

သက်သာပျောက်ကင်းလာနိုင်တယ်လို့ဆိုပါတယ်၊ဒါပေမယ့်ကုသနေစဉ် သွေးအတွင်းမှာ BUN 

ပမာဏမြင့်တက်လာတဲ့ခွေးတွေကတော့ မြော်လင့်ချက်သိပ်မကောင်းနိုင်ပါကြောင်းတင်ပြ

အပ်ပါတယ်။

ရောဂါလက္ခဏာချင်းတူသော ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ

0 မှတ်ချက်များ to “သွေးယိုရောဂါ-Immune-mediated thrombocytopenia (IMT) ”

Post a Comment