«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Jun 2017

ကြောင်ဝမ်းလျှောရောဂါ(Feline Tritrichomoniasis)

,
Unicode
 
နွားတွေမှာ သားပျက်ကျတာ ၊သားမအောင်တာတွေဖြစ်စေတယ်လို့သာသိထားခဲ့တဲ့Trichomonas 
 
foetus ဆိုတဲ့ပိုးဟာ ကြောင်တွေမှာဝမ်းလျှောရောဂါကိုဖြစ်စေတယ်ဆိုတာသိရှိလာကြပါတယ် ၊ 
 
ဒီရောဂါပိုးဟာ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာတွေ့ရှိရတယ်လို့ဆိုပါတယ်။
 
ကြောင်တွေဆီကို ဒီရောဂါပိုးရောက်လာရင် အယိအချွဲတွေပါပြီးအမြုတ်ထနေတဲ့ဝမ်းအရည်ကျဲ
 
တွေသွားတတ်ပါတယ်
 
တစ်ခါတရံရောဂါပြင်းထန်ရင်ကြောင်ရဲ့စအိုနေရာမှာယောင်ယမ်းနေပြီးဝမ်းသွားတဲ့အခါအမြုတ်ထ
 
နေတဲ့သွေးစိမ်းတွေသွားတာကို တွေ့ရပါတယ်
 
ဒီရောဂါပိုးဟာ ကြောင်တွေမှာအသက်အရွယ်မရွေးဝမ်းပျက်ရောဂါဖြစ်စေနိုင်ပေမယ့်ကြောင်ပေါက်
 
စနဲ့နို့မခွဲသေးတဲ့အရွယ်မှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်
 

ဒီရောဂါဖြစ်နေတဲ့ကြောင်တွေကိုအာထရာဆောင်းရိုက်ကြည့်တဲ့အခါအူမကြီးရဲ့နံရံတွေယောင်ယမ်း
 
နေပြီးသွေးခဲတွေကပ်နေတာကိုတွေ့နိုင်ပါတယ်
 
ဒီရောဂါရဲ့ထူးခြားချက်တစ်ခုကတော့ ဘယ်လောက်ဝမ်းပျက်ပြီးရောဂါပြင်းထန်နေပါစေ 
 
အဲဒီကြောင်ဟာလန်းလန်းဆန်းဆန်းသာရှိနေပြီး ပိန်သွားလေ့မရှိပါဘူး
 
 
ဒီရောဂါပိုးဟာ အတူနေကြောင်အချင်းချင်းထိတွေ့မှုကနေကူးစက်စေတတ်ပါတယ်၊ ရောဂါဖြစ်နေ
 
တဲ့ကြောင်ရဲ့ လတ်ဆပ်တဲ့မစင်ထဲမှာ ဒီရောဂါပိုးတွေရှိမရှိကို မိုက်ကရိုစကုတ်အောက်မှာ ရှာဖွေ
 
ကြည့်နိုင်ပါတယ်
 
 
ဒီရောဂါဖြစ်တဲ့ကြောင်တွေကကုသမယ်ဆိုရင် အူလမ်းကြောင်းထဲမှာနေတဲ့ပိုးတွေကိုနှင်ထုတ်ဖို့ 
 
အတွက် ထုံးစံအတိုင်း probiotics  တွေကိုလည်းတိုက်ကျွေးနိုင်ပါတယ်
 
 
ပရိုတိုဇွားရောဂါပိုးကို နှိမ်နင်းနိုင်တဲ့ fenbendazole နဲ့ metronidazole နဲ့စားဆေးတွေတိုက်လို့
 
ရပါတယ်
 
မကြာသေးခင်က၊အမေရိကန်နိုင်ငံမြောက်ကာရိုလိုင်းနားတက္ကသိုလ်ကပညာရှင် DrJody Gookin 
 
ရဲ့သုတေသနတွေ့ရှိချက်အရ  ဒီရောဂါကို ronidazole နဲ့ Tinadazole စားဆေးတွေနဲ့ကုရင် 
 
ပိုမိုထိရောက်ကြောင်းတွေ့ရှိခဲ့ပါတယ်
 
သူ့ရဲ့အကြံပြုချက်ကတော့ ကြောင်ငယ်တွေမှာ ronidazole ဆေးကို 20-30mg/kg နှုန်းနဲ့ 
 
တစ်နေ့တစ်ကြိမ် ရက်သတ္တနှစ်ပတ်တိုက်ကျွေးရမှာဖြစ်ပြီး နို့မခွဲသေးတဲ့ကြောင်လေးတွေဆိုရင်  
 
10mg/kg  နှုန်းနဲ့ တစ်နေ့တစ်ကြိမ် ၊ ရက်သတ္တနှစ်ပတ်လောက် တိုက်ကျွေးဖို့အကြံပြုထားပါတယ်။
 
Zawgyi
 
ႏြားေတြမွာ သားပ်က္က်တာ ၊ သားမေအာင္တာေတြျဖစ္ေစတယ္လို႔သာသိထားခဲ့တဲ့ Trichomonas foetus ဆိုတဲ့ပိုးဟာ ေၾကာင္ေတြမွာ၀မ္းေလွ်ာေရာဂါကိုျဖစ္ေစတယ္ဆိုတာသိရွိလာၾကပါတယ္ ၊ ဒီေရာဂါပိုးဟာ ကမာၻေပၚက ႏိုင္ငံတိုင္းလိုလိုမွာေတြ႕ရွိရတယ္လို႔ဆိုပါတယ္
 
 
ေၾကာင္ေတြဆီကို ဒီေရာဂါပိုးေရာက္လာရင္ အရိအခၽြဲေတြပါၿပီးအျမဳတ္ထေနတဲ့၀မ္းအရည္က်ဲေတြသြား
တတ္ပါတယ္


တစ္ခါတရံေရာဂါျပင္းထန္ရင္ ေၾကာင္ရဲ႕စအိုေနရာမွာေယာင္ယမ္းေနၿပီး၀မ္းသြားတဲ့အခါအျမဳတ္ထေနတဲ့



ဒီေရာဂါပိုးဟာ ေၾကာင္ေတြမွာ အသက္အရြယ္မေရြး၀မ္းပ်က္ေရာဂါျဖစ္ေစႏိုင္ေပမယ့္ ေၾကာင္ေပါက္စနဲ႔

ႏို႔မခဲြေသးတဲ့အရြယ္မွာ ပိုၿပီးအျဖစ္မ်ားတာကိုေတြ႕ရပါတယ္


ဒီေရာဂါျဖစ္ေနတဲ့ေၾကာင္ေတြကို အာထရာေဆာင္းရိုက္ၾကည့္တဲ့အခါ အူမႀကီးရဲ႕နံရံေတြေယာင္ယမ္းေနၿပီး

ေသြးခဲေတြကပ္ေနတာကိုေတြ႕ႏိုင္ပါတယ္


ဒီေရာဂါရဲ႕ထူးျခားခ်က္တစ္ခုကေတာ့ ဘယ္ေလာက္၀မ္းပ်က္ၿပီးေရာဂါျပင္းထန္ေနပါေစ အဲဒီေၾကာင္ဟာ

လန္းလန္းဆန္းဆန္းရွိေနၿပီး ပိန္မသြားပါဘူး


ဒီေရာဂါပိုးဟာ အတူေနေၾကာင္အခ်င္းခ်င္းထိေတြ႕မႈကေနကူးစက္ေစတတ္ပါတယ္ ေရာဂါျဖစ္ေနတဲ့
ေၾကာင္ရဲ႕ လတ္ဆပ္တဲ့မစင္ထဲမွာ ဒီေရာဂါပိုးေတြရွိမရွိကို မိုက္ကရိုစကုတ္ေအာက္မွာ ရွာေဖြၾကည့္ႏိုင္ပါတယ္



ဒီေရာဂါျဖစ္တဲ့ေၾကာင္ေတြကကုသမယ္ဆိုရင္ အူလမ္းေၾကာင္ထဲမွာေနတဲ့ပိုးေတြကိုႏွင္ထုတ္ဖို႔အတြက္ ထံုးစံအတိုင္း probiotics  ေတြကိုလည္းတိုက္ေကၽြးႏိုင္ပါတယ္



ပရိုတိုဇြားေရာဂါပိုးကို ႏွိမ္နင္းႏိုင္တဲ့ fenbendazole နဲ႔ metronidazole နဲ႔စားေဆးေတြတိုက္လို႔ရပါတယ္


မၾကာေသးခင္က အေမရိကန္ႏိုင္ငံ ေျမာက္ကာရိုလိုင္းနားတကၠသိုလ္ကပညာရွင္ Dr Jody Gookin ရဲ႕

သုေတသနေတြ႕ရွိခ်က္အရ  ဒီေရာဂါကို ronidazole နဲ႔ Tinadazole စားေဆးေတြနဲ႔ကုရင္ ပိုမိုထိေရာက္ေၾကာင္း
ေတြ႕ရွိခဲ့ပါတယ္


သူ႔ရဲ႕အႀကံျပဳခ်က္ကေတာ့ ေၾကာင္ငယ္ေတြမွာ ronidazole ေဆးကို 20-30mg/kg ႏႈန္းနဲ႔ တစ္ေန႔တစ္ႀကိမ္ ရက္သတၱႏွစ္ပတ္တိုက္ေကၽြးရမွာျဖစ္ၿပီး ႏို႔မခဲြေသးတဲ့ေၾကာင္ေလးေတြဆိုရင္  10mg/kg  ႏႈန္းနဲ႔ 

တစ္ေန႔တစ္ႀကိမ္ ရက္သတၱႏွစ္ပတ္တိုက္ေကၽြးဖို႔အႀကံျပဳထားပါတယ္ ။

2 မှတ်ချက်များ to “ကြောင်ဝမ်းလျှောရောဂါ(Feline Tritrichomoniasis)”

  • 12 July 2020 at 07:23
    Unknown says:

    Unicodeနဲ့ဆိုပိုကောင်းပါမယ်ရှင့် ဖတ်လို့အဆင်မပြေလို့ပါ

  • 10 August 2020 at 23:24
    AYPC says:

    Unicode နဲ့ ပို့စ်အသစ်ထပ်တင်ပေးလိုက်ပါတယ်

Post a Comment