«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

24 Feb 2019

နာတာရှည်အစာအိမ်ယောင်ရောဂါ(Eosinophilic gastritis)

,
ဒီရောဂါဟာနာတာရှည်အစာအိမ်ယောင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်ခန္တာကိုယ်ထဲကိုရောဂါပိုးတွေ 
 
ဝင်လာတဲ့အခါ ခုခံတိုက်ခိုက်ရတဲ့ သွေးထဲကသွေးဖြူဥ(Eosinophils)တွေဟာ သွေးထဲမှာမနေပဲ 
 
အစာအိမ်နံရံရဲ့အပေါ်ဆုံးအလွှာမှာလာစုနေတဲ့အတွက်အစာအိမ်နံရံဟာထူခေါက်ခေါက်ဖြစ်လာပြီး 
 
အနာခွက်တွေပေါက်လာတာကို Eosinophilic Gastritis ရောဂါလို့ခေါ်ပါတယ်၊ ဒီရောဂါဖြစ်လာတဲ့

ခွေးကြောင်တွေသာ နေ့စဉ်လိုလိုအစာကျွေလိုက်တိုင်အန်နေတတ်ပြီး တဖြည်းဖြည်းနဲ့ပိန်ချုံးလာ

တတ်ပါတယ်။

 
သွေးဖြူဥတွေဟာဘာဖြစ်လို့  သူတို့နေရမယ့်နေရာမှာမနေပဲ အစာအိမ်နံရံထဲမှာလာနေကြသလဲ 
 
ဆိုတာကို ဘယ်သူမှတိတိကျကျမသိသေးပါဘူ တစ်ချို့ကတော့ စားနေကျအစာထဲမှာ 
 
ခန္တာကိုယ်ကလက်မခံတဲ့အရာပါနေလို့ဖြစ်တာလို့ပြောသူရှိသလို တစ်ချို့ကလည်းအစာအိမ်ထဲမှာ 
 
ကပ်ပါးကောင်တွေရှိနေတာကြောင့် စသဖြင့်ထင်မြင်ချက်အမျိုးမျိုးပေးတာတွေသာရှိပါတယ်။
 
သွေးအတွင်းရှိနေသော သွေးဖြူဥ(eosinophils)
 
ဒီရောဂါဟာ အခြားအစာအိမ်ယောင်ရောဂါတွေနဲ့ လက္ခဏာချင်းတူပါတယ် အစာအိမ်အတွင်းပိုင်း 
 
နဲ့ အူလမ်းကြောင်းရှေ့ပိုင်းမှာအနာခွက်တွေဖြစ်လာတဲ့အခါမျိုးမှာ မကြာခဏအန်တတ်ပါတယ် 
 
နာတာရှည်အစာအိမ်ယောင်ရောဂါဟုတ်မဟုတ်ကိုတော့ အစာအိမ်မှန်ပြောင်းကြည့်ခြင်းနဲ့ 
 
အစာအိမ်အသားစစစ်ဆေးခြင်း(Biopsy of the stomach wall)စတဲ့နည်းတွေနဲ့ အမြန်စစ်ဆေး 
 
ကြည့်နိုင်ပါတယ်။

 
ဒီရောဂါဖြစ်ကြောင်သေချာရင်တော့ ကစီဓါတ်မြင့်မားတဲ့အစာ(High-Carbohydrate Food) ကို 
 
မဖြစ်မနေကျွေးမွေးရပါမယ် အဲဒီအချက်ဟာဒီရောဂါကိုကုသမှုမှာအရေးကြီးပါတယ်။
 
ဒီရောဂါရဲ့ဖြစ်စဉ်မှာ အစာအိမ်ရံတွေဟာ Hypertrophy လို့ခေါ်တဲ့ ထူခေါက်ခေါက်ဖြစ်နေတဲ့ 
 
အတွက် Histamine ရဲ့အာနိသင်ကိုတားဆီးပေးနိုင်တဲ့Cimetidine, Famotidine နဲ့ Ranitidine 
 
ဆေးတွေကိုတိုက်ကျွေးကုသရမှာဖြစ်ပါတယ်။

 
Eosinophilic gastritis ဖြစ်နေတဲ့ခွေးအများစုဟာ Corticosteroids ဆေးတွေပေးလိုက်ရင် 
 
သက်သာလာလေ့ရှိပါတယ် ဒါပေမယ့်တစ်ချို့ခွေးတွေမှာတော့ ခုခံအားကိုကျစေတဲ့ 
 
Immunosuppressive drugs ဆေးတွေနဲ့တွဲပေးမှာသာ သက်သာလာတာမျိုးလည်းရှိပါတယ် 
 
အဲဒီလိုခွေးတွေကို အပူအစပ်တွေနဲ့ အရသာလွန်ကဲတဲ့အစာမျိုးတွေကျွေးတာကို ရှောင်ကြဉ်သင့် 
 
ပါတယ်။

 
သက်သာလာတဲ့ခွေးကို အစာကျွေးတဲ့အခါ ပမာဏအားဖြင့်အများကြီးမကျွေးပဲအာဟာရဓါတ် 
 
မြင့်မားပြီးအစာကြေလွယ်တဲ့အစာမျိုးကို အိမ်မှာပဲချက်ပြုတ်ပြီး မကြာခဏ နည်းနည်းချင်းသာ
 
ကျွေးမွေးပေးသင့်ပါတယ်။
 
အစာအိမ်ရဲ့အထွက်ပေါက်ဖက်မှာ ပိတ်ဆို့နေမှုကြောင့် အစာအိမ်ယောင်နေတာဆိုရင်တော့ 
 
အစာအိမ်ရောဂါကုသတဲ့ အခြားကုထုံးနဲ့ပြောင်းလဲကုသပေးရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “နာတာရှည်အစာအိမ်ယောင်ရောဂါ(Eosinophilic gastritis)”

Post a Comment