«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Aug 2017

ဝမ်းကိုက်ရောဂါ (Campylobacteriosis)

,
Campylobacter jejuni လို့ခေါ်တဲ့ ဘက်တီးရီယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်
ဒီပိုးဟာ ကျန်းမာနေတဲ့ကြောင်တွေရဲ့အစာအိမ်အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းရှိနေတတ်ပြီး သာမန်အားဖြင့်ဒုက္ခပေးလေ့မရှိပေမယ့် အကြောင်းတိုက်ဆိုင်လာတဲ့အခါထကြွသောင်းကျန်းပြီး ရောဂါအဆင့်အထိလည်းဖြစ်လာစေနိုင်ပါတယ် ၊ အဲဒီအခါမှာ ဖျားနာလာပြီး ၀မ်းသွားတဲ့အခါအကျိအချွဲတွေပါလာတတ်ပါတယ် ၊ ရောဂါပြင်းထန်ရင်တော့ သွေးစအနည်းငယ်ပါလာတတ်ပါတယ်၊တစ်ခါတစ်ရံ နာတာရှည်ဝမ်းပျက်ဝမ်းလျှောနေတာမျိုးလည်း
ဖြစ်တတ် ပါတယ် ၊ အဲဒီအခါမှာ ၀မ်းနမူနာကိုရယူပြီး ဓါတ်ခွဲခန်းမှာ Polymerase chain reaction (PCR)ဆိုတဲ့စမ်းသပ်စစ်ဆေးမှုလုပ်တဲ့နည်းနဲ့ ဒီရောဂါဟုတ်မဟုတ်စစ်ဆေးသိရှိနိုင်ပါတယ် ၊
ဒီရောဂါဖြစ်လာရင် Erythromycin စားဆေးကို ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း (၁၅) မီလီဂရမ် နှုန်းနဲ့တွက်ချက်ပြီး (၈)နာရီခြားတစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ် ၊ Neomycin  ဆေးကိုလည်း ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း (၂၀)မီလီဂရမ် နှုန်းနဲ့တွက်ချက်ပြီး မနက်တစ်ကြိမ်ညတစ်ကြိမ် တိုက်ကျွေးနိုင်ပါတယ် ၊ များသောအားဖြင့် (၃)ရက်လောက်ဆေးတိုက်ရင် သက်သာပျောက်ကင်းသွား တတ်ပါတယ် ၊ တစ်ခါတစ်ရံမှာ (၃)ရက်ဆေးတိုက်ပြီး ဆေးရပ်လိုက်လိုက်ချိန်မှာ လက်ကျန်ပိုးအချို့ကျန်နတတ်ပြီး နာတာရှည်ဝမ်းပျက်နေတတ်တာလည်းရှိနိုင်ပါတယ် ၊အဲဒီအခါမျိုးမှာ ဆေးကိုရက်အတော်ကြာ 
ပြန်တိုက်ပေးဖို့လိုအပ်ပါတယ် ။

0 မှတ်ချက်များ to “၀မ်းကိုက်ရောဂါ (Campylobacteriosis)”

Post a Comment