ကမ္ဘာပေါ်မှာခွေးတုတ်ကွေးရောဂါက ၂၀၀၄ ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်
ဒီရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်ပိုးဟာမြင်းတွေမှာသွေးအားနည်းရောဂါ(EIA)ကိုဖြစ်ပွား
စေတဲ့ဗိုင်းရပ်ပိုးတွေကနေအသွင်ပြောင်းပြီး ဖြစ်လာတာလို့ဆိုပါတယ်
ဒီရောဂါဟာခွေးအမျိုးစားတိုင်းကိုကူးစက်ဖြစ်ပွားစေနိုင်ပါတယ်ခွေးတစ်ကောင်ဟာ
တုတ်ကွေးရောဂါ ဖြစ်ပွား လာပြီးဆိုရင် အစပိုင်းကာလမှာ အဖျားသိပ်မရှိပဲနဲ့ အပြင်း
အထန် ချောင်းဆိုးခြင်း နှာချေခြင်း နှှာရည်မျက်ရည် စီးကျခြင်းစတဲ့လက္ခဏာတွေကိုတွေ့
ရပြီး အချိန်နည်းနည်းကြာလာတဲ့အခါ သလိပ်ပါတဲ့ ချောင်းဆိုးခြင်းတို့ ဖြစ်လာပြီးနှာရည်
ပျစ်ပျစ်တွေထွက်ကျလာခြင်းအသက်ရှုမောဟိုက်လာခြင်း၊အစားအသောက်ပျက်လာခြင်း
စတဲ့လက္ခဏာ တွေကိုတွေ့ရတတ်ပါတယ်။
ရောဂါဖြစ်လာတဲ့ခွေးတွေရဲ့(၈၀%)ခန့်ဟာ သိပ်ပြီးဆိုးဆိုးရွားရွားမခံစားရပေမယ့်နာတာ
ရှည်အဆုပ်ယောင်မှု ဝေဒနာကိုခံစားနေရလေ့ရှိပါတယ်၊ ဒါပေမယ့် ခွေးပေါက်စလေးတွေနဲ့
အသက်အရွယ်ကြီးတဲ့ခွေးတွေအပါအဝင် ကိုယ်ခံအားမကောင်းတဲ့ခွေးတွေမှာ တုတ်ကွေး
ရောဂါဖြစ်လာရင်တော့ (၈၀%)ခန့်ဟာသေဆုံးသွားတတ်ပါ တယ်။
ဒီရောဂါဖြစ်ဖူးထားတဲ့ခွေးတွေဟာသက်သာပျောက်ကင်းသွားပေမယ့်ရောဂါပိုးတွေကို
အကြာကြီးသယ်ဆောင်ထားပြီးတော့ အခြားခွေးတွေကိုဆက်လက်ကူးစက်စေနိုင်ပါတယ်။
ဒါကြောင့်မို့ဒီရောဂါဖြစ်နေတဲ့ခွေးကိုအခြားခွေးတွေနဲ့ချက်ချင်းခွဲထားပြီးစနစ်တကျဆေးဝါး
ကုသပေးဖို့လိုအပ် ပါတယ်။
ဒီရောဂါဟာဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်တဲ့အတွက်အင်တာဖရွန်ဆေးကိုထိုးနှံပေး
နိုင်ပါတယ်၊ ရောဂါဖြစ်နေစဉ်မှာ ဘက်တီးရီးယားရောဂါပိုးတွေက နောက်ဆက်တွဲဝင်ရောက်ဒုက္ခပေးလာမှုကိုကာကွယ်ဖို့ အတွက်Amoxicillinစားဆေးကို
တိုက်ကျွေးရမယ့်အပြင် ဒီရောဂါကြောင့် ခန္တာကိုယ်ကနေ အရည်ဓာတ်ဆုံးရှုံးမှု ဖြစ်တတ်တဲ့အတွက်ပြန်လည်ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ဓာတ်ဆားရည်ကိုလည်း
ပုံမှန်တိုက်ကျွေးပေး ရမှာဖြစ်ပါတယ်။
အခုအချိန်အထိတော့ခွေးတုတ်ကွေးရောဂါကိုကာကွယ်ပေးနိုင်တဲ့ကာကွယ်ဆေးဆိုတာ
မရှိသေးပါကြောင်း တင်ပြလိုက်ပါတယ်။