Unicode
ကျူလာရေးမီးယားရောဂါဆိုတာကတော့ ယုန်တို့ရှဉ့်တို့လိုတောရိုင်းတိရစ္ဆာန်တွေနဲ့ကြွက်တွေမှာ
သာ အဓိကဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်..တစ်ခါတရံမှာတော့အိမ်မွေး တိရစ္ဆာန်ဖြစ်တဲ့
ခွေးတွေကြောင်တွေမှာလည်းကူးစက်ဖြစ်ပွားလာနိုင်ပါတယ် …
ဒီရောဂါကFrancisella tularensis လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရတာဖြစ်
ပါတယ်။
ရောဂါပိုးရှိနေတဲ့ အကောင်ကိုကိုက်ထားတဲ့ မွှားတွေ ၊ လှေးတွေက ကြောင်တို့ခွေးတို့ကို လာကိုက်
ရင် ဒီရောဂါကူးစက်နိုင်ပါတယ် … ရောဂါဖြစ်နေတဲ့ အကောင်နဲ့ဖြစ်စေ ရောဂါဖြစ်ပြီးသေတဲ့
အကောင်နဲ့ဖြစ်စေ တိုက်ရိုက်ထိတွေရင်လည်းကူးတာပါပဲ ၊ဒါကြောင့်မို့အိမ်လည်ပြီးအစာရှာတတ်
တဲ့ကြောင်တွေမှာ မကြာခဏဖြစ်ပွားတာကိုတွေ့ရပါတယ် …
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ဖျားခြင်း .. မှိုင်ခြင်း .. ပိန်ချုံးချည့်နဲ့လာခြင်းနဲ့ ခန္တာကိုယ်
အနှံ့က အကြိတ်တွေယောင်ရမ်းလာခြင်း .. အဆုပ် ယောင်ခြင်း…မျက်စေ့နဲ့ နှာခေါင်းအတွင်းက
ပျစ်ချွဲချွဲအရည်များထွက်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်… ပေါင်ခြံအတွင်းပိုင်း
နေရာမှာအင်ပြင်လိုအဖုအပိန့်တွေထွက်လာတတ်ပါတယ် …
ခန္တာကိုယ်တစ်ခုလုံးရဲ့ အရည်ပြားတွေမှာ မွှားကိုက်ထားတဲ့အနာတွေ တွေ့မြင်ရပြီးတော့ မွှားတွေ၊
လှေးတွေရှိနေတာကိုတွေ့ရရင် ဒီရောဂါဖြစ်နိုင်ခြေကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်
ဒီရောဂါကြိုတင်ကာကွယ်နိုင်ဖို့အတွက် မိမိရဲ့ခွေးကြောင်တွေမှာသန်းတို့ မွှားတို့လှေးတို့မရှိ်အောင်
ဂရုပြုဆောင်ရွက်ပေးသင့်ပါတယ် … ကြောင်ကို အိမ်မလည်အောင်တတ်နိုင်သမျှစီမံသင့်ပြီး ၊
မွှားကိုက်ထားတဲ့အနာတွေကိုတွေ့ရရင်ခြစ်ထုတ်ပြီးတော့ အောက်မှာဖော်ပြထားတဲ့ ပဋိဇီဝဆေး
တစ်မျိုးမျိုး ထည့်ပေးနိုင်ပါတယ်…
ဒီရောဂါဖြစ်လာရင် Tetracycline , Chloramphenicol , Streptomycin, နဲ့ Gentamicin စတဲ့
ပဋိဇီဝဆေး တွေနဲ့ ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ် … ဒါပေမယ့် ဆေးတွေကို ဆေးပါတ်
လည်တဲ့အထိ အချိန်အတန်ကြာတိုက်ကျွေးဖို့တော့လိုအပ်ပါတယ်…
သတိပြုသင့်တဲ့အချက်ကတော့ ရောဂါရှိတဲ့ကြောင်က လူကိုကိုက်တာ၊ ကုပ်တာကြောင့်လည်း
လူကို ဒီရောဂါကူးစက်နိုင်ပါတယ် …. ခွေးကြောင်တွေရဲ့ အနာကိုကိုင်တွယ်ရာကနေလည်းကူးစက်
တတ်ပါတယ် ... ဒါကြောင်မို့ ...တိရစ္ဆာန်ကိုပြုစုပေးတဲ့အခါ ...လက်အိပ်စွပ်ပြီးမှကိုင်တွယ်ဖို့နဲ့
.....လက်ကို သေသေချာချာပြန်လည်ဆေးကြောသုပ်သင်ပစ်ဖို့အရေးကြီးပါတယ် …
Zawgyi
ကျူလာရေးမီးယားရောဂါ
ဆိုတာ
ဖြစ်ပါ တယ်..တစ်ခါတရံမှာတော့အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ခွေးတွေကြောင်တွေမှာ လည်းဖြစ်ပွားနိုင်ပါ
တယ် …
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
ကူးစက်ပုံ
ရောဂါဖြစ်နေတဲ့
မွှားတွေ လှေးတွေက
ကြောင်တို့ခွေးတို့ကို လာကိုက်ရင် ရောဂါကူးစက်နိုင်ပါတယ် … ရောဂါဖြစ်နေတဲ့
တိုက်ရိုက်ထိတွေရင်လည်းကူတာပါပဲ .. ဒါကြောင့်မို့ အိမ်လည်ပြီး
…
ရောဂါလက္ခဏာများ
အကြိတ်တွေယောင်ရမ်းလာခြင်း .. အဆုပ် ယောင်ခြင်း … မျက်စေ့နဲ့ နှာခေါင်းအတွင်းမှ ပျစ်ချွဲချွဲအရည်များထွက်ခြင်းစတဲ့
ခန္တာကိုယ်တစ်ခုလုံးရဲ့ အရည်ပြားတွေမှာ မွှားကိုက်ထားတဲ့အနာတွေ တွေ့မြင်ရပြီးတော့ မွှားတို့ လှေးတို့
ကြိုတင်ကာကွယ်ခြင်း
မရှိအောင်ဂရုပြုဆောင်ရွက်ပေးပါ … ကြောင်ကို အိမ်မလည်အောင် စီမံပါမွှားကိုက်ထားတဲ့အနာတွေတွေကိုခြစ်ထုတ်ပြီးတော့ဆေးထည့်ပေးပါ…
ကုသခြင်း
စတဲ့ ပဋိဇီဝဆေး တွေနဲ့
ထိထိရောက်ရောက်ကုသနိုင်ပါတယ် … ဒါပေမယ့် ဆေးတွေကို ဆေးပါတ် လည်တဲ့အထိ အချိန်အတန်ကြာတိုက်ကျွေးရမှာဖြစ်ပါတယ်
…
လူထုကျန်းမာရေး
ရောဂါရှိတဲ့ကြောင်က
လူကိုကူးစက်နိုင်ပါတယ် …. သူ့ရဲ့ အနာကိုကိုင်တွယ်ရာကနေလည်းကူးတတ်ပါတယ် ...
ဆေးကြောသုပ်သင်ပစ်ဖို့ အေရေးကြီးပါတယ် …