သွေးအတွင်းမှာရှိတဲ့
သွေးနီဥတွေ ပျက်စီးပြီးတော့ သွေးအားနည်းတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
(((
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
Protozoa လို့ခေါ်တဲ့
ကပ်ပါးပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် ..
ခွေးမှာတွယ်ကပ်နေတဲ့
မွှားညိုတွေ ကိုက်တာကြောင့် ရောဂါပိုးကူးစက်ခံရတာ ဖြစ်ပါတယ် .. ဒီမွှားညိုတွေဟာ
ကြွက်တွေမှာလည်းတွယ်ကပ်လေ့ရှိပါတယ် … နောက်ထပ်ကူးစက်နိုင်တဲ့နည်း
တစ်နည်းကတော့…ရောဂါရှိနေတဲ့ခွေးရဲ့သွေးကို...သွင်းပေးမိရာကနေပြီးတော့လည်းကူးစက်တတ်ပါ
သေးတယ် …
သာမန်အားဖြင့် ရောဂါလက္ခဏာတွေမပြသပဲရှိနေတတ်ပါတယ် … ဒါပေမယ့် ရောဂါလက္ခဏာ တွေပြသလာတဲ့အခါ … အဖျားကြီးတတ်ပါတယ် … အထင်ရှားဆုံး လက္ခဏာကတော့ … သွေးအား အလွန်နည်းလာပါမယ် …. အဲဒီအကျိုးဆက် ကြောင့် အသက်ရှုတဲ့အခါမောဟိုက်ပြီး အသက်ရှုနှုန်း အလွန်မြန်နေတတ်ပါတယ်..လျှာရဲ့အရောင် ဟာ… ပန်းရောင်ဖြစ်နေရမယ့်အစား ဖြူဖတ်ဖြူရော် ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် … အသည်းနဲ့ သရက်ရွက်တွေကြီးလာတာကို စမ်းသပ်တွေ့ရှိ နိုင်ပါတယ် ….
((( ရောဂါရှာဖွေခြင်း )))
ရောဂါရှိကြောင်းသံသယရှိတဲ့ခွေးရဲ့သွေးကို
ဖောက်ယူပြီး မှန်ပြားပေါ်မှာ ဖြန့်ပြီးတင်ရပါမယ် .. ပြီးတော့ Giemsa-stained
ဆေးရည်နဲ့အရောင်ဆိုးပြီးအဏုကြည့်မှန်ပြောင်းအောက်မှာ
ကြည့်တဲ့ အခါ….ရောဂါရှိနေရင်
ရောဂါဖြစ်စေတဲ့ ပရိုတိုဇွား ကပ်ပါးပိုး လေးတွေကိုမြင်နိုင်ပါတယ်…
သွေးရည် ကြည်ကို ဓါတ်ခွဲစစ်ဆေးပြီး ဒီ ပရိုတိုဇွားကပ်ပါးပိုးကို ခန္တာကိုယ်က
ပြန်လည်တုန့်ပြန်တိုက်ခိုက်တဲ့ ခုခံဓါတ် (Antibody) တွေရှိမရှိ ရှာဖွေ
တဲ့နည်းနဲ့လည်း… ရောဂါရှာဖွေလို့ရပါတယ်….ဒီနည်းကိုတော့ (IFA) Immunofluorescence
antibody test လို့ခေါ်ပါတယ် …
((( ကုသခြင်း )))
Imidocarb
ဆေးနဲ့
ထိရောက်စွာကုသပျောက်ကင်းစေနိုင်ပါတယ်...
((( ကြိုတင်ကာကွယ်ခြင်း )))
ခွေးရဲ့ခန္တာကိုယ်ပေါ်မှာ
မွှားတွေကင်းစင်နေအောင် ဂရုပြုဆောင်ရွက်ပေးရပါမယ်
….နိုင်ငံခြားတိုင်းပြည်တွေမှာတော့ Chilled
vaccine ကာကွယ်ဆေးထိုးနှံပေးထားနိုင်ပါတယ်