«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2017


,
Amebiasis ဆိုတာကတော့ ဆဲလ်တစ်လုံးတည်းသာရှိတဲ့အမီးဗားအကောင်လေးတွေကြောင့်ဖြစ်ပွားတဲ့

ရောဂါတွေကိုခေါ်တာပါ ၊ 

ဒီရောဂါတွေဟာအပူပိုင်းဒေသနိုင်ငံအတော်များများမှာဖြစ်ပွားလေ့ရှိပါတယ် ၊ အမီးဗားပိုးတွေဟာ 

ခွေးကြောင်တွေနဲ့ လူတွေမှာဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေကိုဖြစ်ပွားစေပါတယ် ၊  


Entamoeba histolytica  လို့အမည်ရတဲ့ အမီးဗားပိုးဟာလူတွေမှာဝမ်းကိုက်ရောဂါကိုဖြစ်ပွားစေပြီး  

ကြောင်တွေမှာအူမကြီးကိုယောင်ပြီး ဆိုးဆိုးရွားရွားဝမ်းလျှောစေပါတယ် ၊ ရောဂါပြင်းထန်ရင် ကြောင်ရဲ့ 

ဝမ်းထဲမှာသွေးပါတတ်ပါတယ်


ဝမ်းကိုက်ရောဂါရှိတဲံ့လူတွေရဲ့မစင်ထဲမှာဒီရောဂါပိုးတွေပါနေတတ်ပြီး ၊ သန့်ရှင်းမှုမရှိတဲ့အစာတွေ  

ရေတွေနဲ့ရောနှောစားသောက်မိတဲ့ကြောင်တွေကို ကူးစက်စေတာဖြစ်ပါတယ် ၊  

ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့မစင်ကို စစ်ဆေးကြည့်ရင်ရာဂါပိုးကိုတွေ့ရခဲပါတယ် ၊ အူမကြီးရဲ့အသားစကို 

ရယူစစ်ဆေးကြည့်ရင်တော့  ဒီရောဂါပိုးရဲ့သားလောင်းအဆင့်တွေကိုမြင်တွေ့နိုင်ပါတယ် ၊ ဒီရောဂါကို  

Metronidazole စားဆေးနဲ့ကုသပေးနိုင်ပါတယ် ။

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

(Unicode Version)
အမီးဘားဝမ်းလျှောရောဂါ(Amebiasis)
အမီးဘားရောဂါဆိုတာကတော့ ဆဲလ်တစ်လုံးတည်းနဲ့အသက်ရှင်နေနိုင်တဲ့ အမီးဘားကပ်ပါးကောင် လေးတွေကြောင့် ကြောင်တွေမှာဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါကရာသီဥတုပူပြင်းပြီး  ဖုန်ထူတဲ့နေရာဒေသတွေမှာဖြစ်ပွားတတ်ပြီး လူတွေနဲ့ခွေးတွေမှာလည်းဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်
အမီးဘားပိုးမျိုးစိပ်အမျိုးမျိုးရှိပေမယ့် ကြောင်တွေမှာတော့ Entamoeba histolytica လို့ခေါ်တဲ့မျိုးစိပ် ကသာရောဂါဖြစ်ပွားစေတာဖြစ်ပါတယ် ၊ ဒီရောဂါပိုးဟာကြောင်တွေမှာအူမကြီးကိုယောင်ယမ်းစေတဲ့ အတွက် ဆေးမတိုးတဲ့ဝမ်းလျှောမှုဖြစ်စေပြီး ဝမ်းထဲမှာသွေးပါလာတဲ့အထိဒုက္ခပေးတတ်ပါတယ်
Entamoeba histolyticus ရောဂါပိုးဟာ အဲဒီရောဂါပိုးရှိတဲ့လူတွေရဲ့မစင်ထဲမှာရှိနေတဲ့အတွက်   သန့်ရှင်းမှုမရှိတဲ့အစာကို ခုခံအားကျဆင်းနေတဲ့ကြောင်တွေနဲ့ ကြောင်ပေါက်စလေးတွေက စားမိတဲ့အခါဒီရောဂါဖြစ်ပွားလာတတ်ပါတယ် ၊ ရောဂါဖြစ်နေတဲ့ကြောင်တွေဟာ ဝမ်းလျှောမှုကြောင့် ခန္တာကိုယ်အရည်ဓာတ် ခန်းခြောက်လာလေ့ရှိပါတယ်
ဒီရောဂါဖြစ်ပွားနေကြောင်းသံသယရှိတဲ့ကြောင်တွေကို ရောဂါရှာဖွေရေးဆောင်ရွက်ရတဲ့အခါ  သွေးထဲကဓာတုဓာတ်ပေါင်းတွေကိုစစ်ဆေးလေ့ရှိပါတယ် ဓာတ်ခွဲခန်းမှာအောက်ပါစမ်းသပ်မှုတွေပြုလုပ်ဖို့ တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကညွှန်လေ့ရှိ     ပါတယ် အဲဒါတွေကတော့
  • အူမကြီးရဲ့အသားစကိုရယူပြီး ပိုးရှိမရှိစစ်ဆေးခြင်းနဲ့
  • အဲဒီကြောင်ရဲ့မစင်ထဲမှာ ရောဂါပိုးတွေရှိမရှိစစ်ဆေးခြင်းတို့
အမီးဘားရောဂါဖြစ်ပွားနေကြောင်း ဓာတ်ခွဲခန်းကအတည်ပြုချက်ရရှိပြီဆိုရင်တော့  အမီးဘားပိုးတွေကို သုပ်သင်နှိမ်နင်းနိုင်တဲ့ခေတ်မီဆေးဝါးတွေနဲ့  အမီးဘားဝမ်းလျှောရောဂါ(Amebiasis) ကို Metronidazole ဆေးနဲ့ထိထိရောက်ရောက်သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “၀မ်းလျှောရောဂါ(Amebiasis)”

Post a Comment