«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

လက်ပတိုစပိုင်ရိုးစစ်ရောဂါ(Leptospirosis in dogs)

,
ဒီရောဂါကတော့ Leptospira အမျိုးအစားဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် ၊ ရောဂါပိုးပါတဲ့ရေကိုသောက်မိရာကနေ ကူးစက်ခံရလေ့ရှိပါတယ်။

ဒီ Leptospira အမျိုးအစားဘက်တီးရီးယားတွေကို ကမ္ဘာအနှံ့မှာတွေ့ရပြီး   ပိုးမျိုးကွဲအမျိုးမျိုးရှိပါ တယ်၊လူတွေမှာရေကနေတဆင့်ကူးစက်ဖြစ်ပွားတဲ့(Leptospira)ရောဂါပိုးအမျိုးအစားတွေရှိပါတယ် ၊ခွေးကြောင်တွေမှာဖြစ်ပွားတဲ့ပိုးအမျိုးအစားကလူတွေကိုကူးစက်မှုမရှိသလောက်ပါပဲ၊ပူနွေးစွတ်စို ပြီးမိုးရေချိန်များတဲ့အရပ်ဒေသတွေမှာဒီရောဂါပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ 
လက်ပတိုစပိုင်ရိုးစစ်ရောဂါဟာခွေးတွေမှာအဖြစ်များပြီး‌ကြောင်တွေမှာတော့ဖြစ်ပွားမှုနည်းပါတယ်၊
မြစ်ချောင်းအင်းအိုင်တွေထဲကရေကိုသောက်သုံးရတဲ့ခွေးတွေမှာဒီရောဂါအဖြစ်များပါတယ်၊ ရောဂါရှိတဲ့ခွေးရဲ့ဆီးထဲမှာ ဒီရောဂါပိုးတွေပါလာပြီး ခန္တာကိုယ်မှာအပေါက်အပြဲအနာရှိတဲ့ခွေးတွေ
ဟာရောဂါပိုးပါတဲ့အရာတွေနဲ့ထိတွေ့မိရင်အနာထဲကနေပိုးဝင်သွားနိုင်ပါတယ်၊ရောဂါပိုးတွေပါတဲ့ ရေကိုသောက်မိရင်လည်း ရောဂါကူးစက်ခံရတတ်ပါတယ်။
ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေမှာဖြစ်ပွားတဲ့ရောဂါလက္ခဏာတွေကတစ်ကောင်နဲ့တစ်ကောင်မတူကြ
ပါဘူး အများစုကတော့သိပ်ပြင်းပြင်းထန်ထန် ခံစားရလေ့မရှိပဲပြန်လည်သက်သာပျောက်ကင်းသွား
လေ့ရှိပြီး တစ်ချို့ခွေးတွေကတော့ပြင်းပြင်းထန်ထန်ခံစားရလေ့ရှိပါတယ်၊
ရောဂါပြင်းထန်တဲ့ခွေးတွေမှာတော့ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ရေခဏခဏသောက်ပြီး
ဆီးခဏခဏသွားခြင်း၊ ဆီးအတွင်းမှာသွေးပါခြင်း၊ ဝမ်းလျှောခြင်း၊အန်ခြင်း၊တခါတရံအသက်ရှူ
ကြပ်ခြင်း၊အန်တဲ့အခါသွေးပါခြင်း၊ဝမ်းသွားတဲ့အခါသွေးစပါခြင်း၊နှာခေါင်းသွေးယိုခြင်း၊ခြေလက်များ
ယောင်ခြင်း၊ မေးစေ့နဲ့ဝမ်းဗိုက်အောက်ဖက်နေရာတွေမှာတွဲကျပြီးယောင်လာတတ်ခြင်းစတဲ့
လက္ခဏာမျိုးစုံခံစားရတတ်ပါတယ်။
ရောဂါအတည်ပြုနိုင်ဖို့ကတော့ ပြင်ပလက္ခဏာတွေ၊ ကိုင်တွယ်စမ်းသပ်တွေ့ရှိချက်တွေကနေ
သုံးသပ်ပြီး လိုအပ်ရင်သွေးစစ်ခြင်း ၊ဓာတ်မှန် ရိုက်ခြင်းစသဖြင့်လိုအပ်သလိုစစ်ဆေးမှုတွေပြုလုပ်
ရပါတယ်၊ဒီရောဂါမဖြစ်စေဖို့အတွက်မိမိရဲ့ခွေးကိုကာကွယ်ဆေးထိုးနှံပေးထားနိုင်ပါတယ်၊ 
ငါးမျိုးစပ်ကာကွယ်ဆေးရဲ့အတိုကောက်စာလုံးဖြစ်တဲ့ “DHPPL” ဆိုတဲ့အထဲမှာပါတဲ့ “L”  ဟာ လက်ပတိုစပိုင်ရိုးစစ်ရောဂါ(Leptospirosis) ရောဂါကိုဆိုလိုတာဖြစ်ပါတယ်။
၅-မျိုးစပ်ကာကွယ်ဆေးကို စနစ်တကိအချိန်မှန်ထိုးပေးထားရင်ဒီရောဂါကိုကာကွယ်ပြီးဖြစ်ပါတယ်
 ၊ ကာကွယ်ဆေးထိုးမထားမိလို့ရောဂါ ဖြစ်ပွားလာရင်တော့ပဋိဇီဝဆေးတွေနဲ့ကုသပျောက်ကင်းနိုင်
ပါတယ်၊ ရောဂါရဲ့ပြင်းထန်မှုအခြေအနေအရ  ရက်သတ္တ(၄-၅)ပါတ်လောက်အတွင်း မှာ ပြန်လည်
သက်သာပျောက်ကင်းလာနိုင်ပါတယ်။

0 မှတ်ချက်များ to “လက်ပတိုစပိုင်ရိုးစစ်ရောဂါ(Leptospirosis in dogs)”

Post a Comment