«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Jan 2020

ခွေး၏သွေးအုပ်စုများနှင့်သွေးသွင်းကုသခြင်းအကြောင်း

,
သွေးထဲမှာကိုယ်ခံစွမ်းအားစနစ်ကိုနိုးကြားစေနိုင်တဲ့ Antigens ခေါ်ပစ္စည်းတွေပါဝင်နေလေ့ရှိပါတယ် Antigens တွေဟာ ပရိုတင်းဓာတ်(သို့) သကြားဓာတ်ပုံစံမျိုးနဲ့ရှိနေတတ်ပါတယ် Antigens တွေဟာအမျိုးအစားအမျိုးမျိုးရှိပြီး ခွေးတစ်ကောင်နဲ့တစ်ကောင်မှာ ပါဝင်တဲ့ Antigens တွေချင်းလည်းမတူညီကြပါဘူး အဲဒီလိုကွဲပြားနေတဲ့ Antigens အမျိုးအစားတွေအလိုက် သွေးအုပ်စုတွေခွဲခြားသတ်မှတ် ထားကြတာဖြစ်ပါတယ် ခွေးတွေရဲ့ Antigens အမျိုးအစားပေါ်မူတည်ပြီးသွေးအုပ်စု(၁၂)မျိုးထက်မနည်း ခွဲခြားထားပါတယ်
သာမန်အားဖြင့်ခွေးတွေဟာ သူတို့ရဲ့သွေးနီဥတွေမှာရှိနေတဲ့ Antigens နဲ့အမျိုးအစားချင်းတူနေရင်ပြန်လည်တိုက်ခိုက်တဲ့ Antibodies တွေထွက်လာလေ့မရှိတဲ့အပြင် သူတို့မှာရှိနေတဲ့ Antigens နဲ့အမျိုးအစားချင်းမတူတဲ့သွေးတွေ ပထမအကြိမ်ဝင်ရောက်လာရင်တောင်မှ ပြန်လည်တိုက်ခိုက်လေ့မရှိပါဘူး  ဒါပေမယ့်ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာရင်တော့လက်မခံတော့ပဲ Antibodies တွေထွက်လာပြီး ပြန်လည်တိုက်ခိုက် တတ်ပါတယ် တခါတရံမှာပထမအကြိမ်ဝင်ရောက်လာရင်လည်း ပြန်လည်တိုက်ခိုက်တာမျိုးလည်း ရှားရှားပါးပါးဖြစ်တတ် ပါတယ်

ခွေးတွေမှာသွေးအုပ်စု(၁၂)ထက်မနည်းရှိနေပေမယ့် အရေးအပါဆုံး Antigens ကတော့ သွေးနီဥထဲမှာပါတဲ့ Dog Erythrocyte Antigen (DEA) 1.1 ပဲဖြစ်တဲ့အတွက် (DEA) 1.1 ပါခြင်း မပါခြင်းကိုသာ စစ်ဆေးလေ့ရှိကြပါတယ် ခွေးတွေကိုသွေးသွင်းကုသဖို့လိုအပ်လာရင် အဲဒီ Dog Erythrocyte Antigen (DEA) 1.1ကိုစစ်ဆေးရပါတယ် ခွေးတွေရဲ့(၄၀%)ဟာ (DEA+)ဖြစ်ပြီး ကျန်တဲ့ခွေး (၆၀%)ကတော့ (DEA-) ဖြစ်ကြ ပါတယ်

 (DEA-) ခွေးကို  (DEA+) ခွေးရဲ့သွေး ပထမအကြိမ်သွင်းရင်ဘာမှမဖြစ်ပေမယ့် ဒုတိယအကြိမ်ထပ်သွင်းပေးမိရင်တော့ Antibodies တွေထွက် လာပြီး သွေးသွင်းခံရတဲ့ခွေးရဲ့သွေးတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်မှာဖြစ်ပါတယ် ဒါကြောင့်မို့ (DEA-)ခွေးကို သွေးသွင်းကုသဖို့လိုအပ်လာရင် (DEA-)ခွေးရဲ့သွေးကိုပဲရယူသင့်ပါတယ် သွေးသွင်းကုသမှုခံယူမယ့်ခွေးဟာ(DEA+)ဖြစ်နေရင်တော့ ဘယ်သွေးမျိုးနဲ့မဆို သွေးသွင်းကုသပေးလို့ ရပါတယ်
ခွေးတွေရဲ့သွေးမှာ (DEA) 1.1 လို့ခေါ်တဲ့ Antigens အပြင် အခြား Antigens အမျိုးအစားတွေရှိနေသေးတဲ့အတွက် အထက်ပါအတိုင်း(DEA) စစ်ဆေးပြီးသွေးသွင်းကုသမှုပြုခဲ့ရင် တောင်မှ အခန့်မသင့်ရင်သွေးသွင်းခံရတဲ့ခွေးမှာအန္တရာယ်ကျရောက်နိုင်ပါတယ် ဒါပေမယ့်အဲဒီလိုဖြစ်တာမျိုးက အလွန်ရှားတယ်လို့ဆိုပါတယ် ပထမအကြိမ်သွင်းလိုက်တဲ့အခါ ဘာမှမဖြစ်ပေမယ့် နောက်တစ်ကြိမ်ထပ်ဝင်လာရင် ပြန်လည်တိုက်ခိုက်ဖို့ Antibodies တွေကိုအသင့်ထုတ်လုပ်ထားမှာ ဖြစ်တဲ့အတွက်  ခွေးတွေကိုသွေးသွင်းကုသတဲ့အခါမှာ ခွေးတစ်ကောင်တည်းရဲ့ သွေးကို ဒုတိယအကြိမ်ထပ်မံ မသွင်းပေးမိဖို့ကပိုပြီးအရေးကြီးတယ်လို့ဆိုနိုင်ပါတယ်

သွေးထွက်လွန်တဲ့အခါမျိုး ၊ အသက်အန္တရာယ်ထိခိုက်လောက်အောင် သွေးအားအလွန်အမင်း နည်းနေတဲ့အခါမျိုးနဲ့သွေးနီဥတွေပျက်စီးတဲ့ ရောဂါမျိုးတွေမှာသွေးသွင်းကုသရလေ့ရှိပါတယ် ခွေးတွေကိုသွေးသွင်းကုသမှုတွေဟာ များသောအားဖြင့်အန္တရာယ်ဖြစ်လေ့မရှိပဲ ထိထိရောက်ရောက် ကုသနိုင်လေ့ရှိပါတယ်
                                  ကြောင်များ၏သွေးအုပ်စုများအကြောင်းဆက်လက်ဖတ်ရှုရန်== » »

0 မှတ်ချက်များ to “ခွေး၏သွေးအုပ်စုများနှင့်သွေးသွင်းကုသခြင်းအကြောင်း”

Post a Comment