«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

12 Aug 2017

အိပ်ယာထဲဆီးသွားခြင်း

,
ကြောင်တွေ သူတို့ရဲ့အိပ်ယာထဲမှာဆီးသွားရခြင်းဟာ ဆေးပညာရပ်နဲ့ဆိုင်တဲ့ပြသနာတစ်ခု ဖြစ်တယ်ဆိုတာသိထားသင့်ပါတယ် ယေဘူယျအားဖြင့်ကြောင်တွေအိပ်ယာထဲဆီးသွားတာဟာ ဆီးအိမ်ယောင်လို့ဖြစ်ပါတယ် ၊ ဆီးအိမ်ထဲမှာ ကျောက်တည်တဲ့အခါ (သို့) ဆီးအိမ်ထဲကိုရောဂါပိုးဝင်တဲ့ အခါမှာ ဆီးအိမ်ဟာယောင်ယမ်းလာပါတယ် ၊ အဲဒီအခါမှာ ကြောင်ဟာဆီးခဏခဏသွားချင်စိတ် ဖြစ်ပေါ်လာတဲ့အတွက် အိပ်ယာထဲမှာဆီးသွားခြင်းဖြစ်ပါတယ် အိပ်ယာထဲဆီးသွားရခြင်းရဲ့အခြားအကြောင်းရင်းတစ်ခုကတော့ကြောင်ကိုထားတဲ့ပတ်ဝန်းကျင်နဲ့ဆိုင်ပါတယ် ကြောင်ရဲ့ပတ်ဝန်းကျင်ဟာ ပူလွန်းခြင်း၊အေးလွန်းခြင်း၊ ဆူညံလွန်းခြင်းစသဖြင့်ဒါဏ်ပိစေတဲ့အခြေအနေမျိုး ဖြစ်နေရင်  ကြောင်တွေမှာစိတ်ရှုပ်ထွေးမှုဖြစ်ပေါ်လာပါတယ် ၊ ကြောင်တွေ စိတ်ရှုပ်ထွေးလာတဲ့အခါ သူတို့ရဲ့သွေးအတွင်းမှာရှိနေတဲ့ဟော်မုန်းတွေရဲ့အချိုးအစားဟာပြောင်းလဲသွားတယ်လို့ဆိုပါတယ် ဟော်မုန်းတွေရဲ့အချိုးအစားပြောင်းလဲသွားတဲ့အခါ သူတို့ရဲ့ဆီးအိမ်ဟာယောင်ယမ်းလာတတ်ပါတယ် အဲဒီလိုဆီးအိမ်ယောင်ယမ်းလာခြင်းကို Idiopathic cystitis  လို့ခေါ်ပါတယ် ၊ ဒီအခြေအနေမျိုးကြောင့် အိပ်ယာထဲဆီးသွားတာဆိုရင်တော့ ကြောင်ကိုထားတဲ့ပတ်ဝန်းကျင်ကိုစစ်ဆေးသင့်ပါတယ် ဒါဏ်ပိစေတဲ့အနေအထား(ပူလွန်းခြင်း ၊ အေးလွန်းခြင်း ၊ ဆူညံလွန်းခြင်း)ဖြစ်နေရင်ပြုပြင်ပေးသင့်ပါတယ်

0 မှတ်ချက်များ to “အိပ်ယာထဲဆီးသွားခြင်း”

Post a Comment