«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

ခွေးအရေပြားအနာခွက်ရောဂါ (Leishmaniasis in dogs)

,

ဒီရောဂါကတော့ ပရိုတိုဇွားလို့ခေါ်တဲ့ကပ်ပါးကောင်လေးတွေကြောင့်လူအပါအဝင် 

နို့တိုက်သတ္တဝါအတော်များများမှာဖြစ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဒီရောဂါပိုးဟာ ယင်ကောင်ကနေကူးစက်စေတာဖြစ်ပါတယ်ဒီရောဂါဟာ

တစ်ကမ္ဘာလုံးအနှံ့နိုင်ငံပေါင်းအတော်တော်များများမှာဖြစ်ပွားလေ့ရှိပါတယ်။

ခွေးတွွေမှာဒီရောဂါဖြစ်ရင်အန်ခြင်းဝမ်းအရည်သွားခြင်းချောင်းဆိုးခြင်း နှာချေခြင်း

အဆစ်အမြစ်တွေယောင်ခြင်းလမ်းလျှောက်တဲ့အခါခွေယိုင်ယိုင်ဖြစ်ခြင်းမျက်လုံးရဲ့

အတွင်းသားကိုဖြဲကြည့်ရင်ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းခန္တာကိုယ်အနှံ့မှာအနာတွေ

ပေါက်ခြင်းခွေးရဲ့နှုတ်သီးမှာအဖုအကြိတ်တွေပေါ်ခြင်းခြေသည်းလက်သည်းတွေ

မှာ အရှည်လိုက်ကွဲအက်နေတတ်ခြင်းမျက်နှာပေါ်ကအမွှေးများကျွတ်ခြင်းစတဲ့  

လက္ခဏာမျိုးစုံဖြစ်တတ်ပါတယ်။ 

ကြောင်တွွေမှာတော့ဒီလိုလက္ခဏာမျိုးစုံပြသလေ့မရှိပဲရောဂါကငုတ်နေတတ်ပါတယ်  

ရောဂါပြင်းထန်တဲ့အခြေအနေဆိုရင်တော့ ခန္တာကိုယ်အနှံ့မှာ အနာငယ်လေးတွေ

ပေါက်လာတာမျိုးလောက်ပဲဖြစ်တတ်ပါတယ်။

ဒီရောဂါကိုဆေးဝါးတွေနဲ့ထိမ်းချုပ်ထားနိုင်ပေမယ့်အမြစ်ပြတ်အောင်တော့ကုသလို့

မရနိုင်သေးပါဘူး ဆေးကုပေးလို့ သက်သာသွားပေမယ့် ပြန်ဖြစ်တတ်ပါတယ်

ကုသမှုအနေနဲ့ Allopurinol စားဆေးကိုခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း 

(၁၅)မီလီဂရမ်နှုံးနဲ့ နေ့စဉ်တိုက်ကျွေးရပါမယ် Amphotericin B  ထိုးဆေးကို

ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း()မီလီဂရမ်နှုံးနဲ့တစ်ရက်ခြားထိနှံပေး

နိုင်ပါတယ်။

ကြောင်တွင်ဖြစ်ပွားမှုအားဖတ်ရှုရန်လင့်ကိုနှိပ်ပါ  LINK

0 မှတ်ချက်များ to “ခွေးအရေပြားအနာခွက်ရောဂါ (Leishmaniasis in dogs)”

Post a Comment