«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jul 2013

သားပျက်ရောဂါ(Herpesvirus infection in Dogs )

,
Unicode
 
ဒီရောဂါကခွေးတွေမှာအသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်..ခွေးပေါက်စနဲ့ 
 
ခွေးငယ်တွေမှာတော့ပိုပြီးအဖြစ်များပါတယ်
 
 
ရောဂါလက္ခဏာတွေအနေနဲ့(၂)ပတ်သားအောက်ခွေးငယ်လေးတွေမှာ ဒီရောဂါဖြစ်ရင် အဖျားပြင်း 
 
ထန်ပြီး သေစေနိုင်ပါတယ် ၊ (၃)ပါတ်သားအထက်ခွေးတွေမှာဖြစ်ပွားတာဆိုရင်တော့ဖျားတာမျိုး 
 
သိပ်မဖြစ်ပါဘူး … ရောဂါဖြစ်တဲ့ခွေးလေးတွေဟာချမ်းတုန်နေတတ်ပြီး…ဝမ်းဗိုက်ဖောင်းလာ
 
တတ်ပါတယ်…မတ်တပ်ရပ် တဲ့အခါ ခွေယိုင်နေတတ်ပြီး စိမ်းဝါရောင် ဝမ်းအရည်တွေသွားတတ်
 
ပါတယ် … ရောဂါလက္ခဏာပြပြီး နောက်(၂၄)နာရီအတွင်းမှာ သေဆုံးတတ်ပါတယ်
 
 
ခွေးမတွေမှာဒီရောဂါဖြစ်ရင်…အပြင်ကမြင်နေ ရတဲ့ အမအင်္ဂါယောင်ယမ်းလာတတ်ပါတယ်…
 
နောက်တော့တဖြည်းဖြည်းနဲ့ အဲဒီနေရာမှာ မီးလောင် ဖုလို အရည်ကြည်ဖုတွေထွက်လာပြီး 
 
ပေါက်ပြဲ သွားရာကနေသွေးယိုစိမ့်မှုတွေဖြစ်လာတတ်ပါတယ်
 
 
အဲဒီအဖုတွေဟာပျောက်ကင်းသွားရင်တောင်မှ…ခွေးမ မိတ်လိုက်ခါနီးတိုင်းမှာ ပြန်ပြန်ပေါ်လာ
 
လေ့ရှိ ပါတယ်…ဒီရောဂါရထားတဲ့ခွေးမတွေဟာ ကလေးမရနိုင်တာတို့ သားပျက်ကျတာတို့ 
 
ကလေးအသေ လေးတွေမွေးတာတို့ဖြစ်တတ်ပါတယ်၊ ခွေးအထီးတွေမှာဒီရောဂါဖြစ်ရင်အထီးအင်္ဂါ
 
ကိုဖုံးအုပ်ထားတဲ့ အရေပြားယောင်ရမ်းပြီးဖေါင်းကားနေတဲ့အတွက် နီရဲရဲအသားလုံးကြီးလိုဖြစ်နေ 
 
တာကို တွေ့ရတတ်ပါတယ်
 
 
ဒီရောဂါဟုတ်မဟုတ်သိနိုင်ဖို့အတွက် ရောဂါလက္ခဏာပြတဲ့နေရာက အသားစကိုယူပြီး ဓါတ်ခွဲခန်း
 
ကိုပေးပို့ စစ်ဆေးကြည့်ရပါတယ်
 
 
ဒီရောဂါကို ပျောက်ကင်းအောင်ထိထိရောက်ရောက် ကုသနိုင်တဲ့ဆေးရယ်လို့ မပေါ်သေးပါဘူး… 
 
ဒါပေမယ့် ရောဂါကူးစက်ခြင်းမခံရသေးတဲ့ခွေးပေါက်လေးတွေကို အနွေးပေးတဲ့ကိရိယာထဲမှာ 
 
သီးခြားခွဲထားပြီးပြုစုပေးရမှာဖြစ်ပါတယ် … ပြန်ကောင်းလာတဲ့ခွေးငယ်လေးတွေဟာအာရုံကြော 
 
ဆိုင်ရာပြသနာတွေတော့ဖြစ်တတ်ပါသေးတယ်..တစ်ချို့ခွေးလေးတွေဟာမျက်စိကွယ်သွားတတ်    
 
ပါတယ်


ရောဂါရှိတဲ့ခွေးနဲ့ သားတင်သားစပ်ခြင်း မပြုသင့်ပါဘူး… ကိုယ်ဝန်ဆောင်ခွေးမကြီးတွေကို 
 
ကလေးမမွေးမီ(၃)ပါတ် … မွေးပြီး(၃)ပါတ်အတွင်းမှာ အခြားခွေးတွေနဲ့ ခွဲထားသင့်ပါတယ် 
 
…ဒီရောဂါ ကာကွယ်ဆေးကို ဥရောပနိုင်ငံအချို့မှာတော့ စတင်အသုံးပြုနေပါပြီ…မြန်မာနိုင်ငံ 
 
မှာတော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး….ရောဂါဖြစ်ထားတဲ့ခွေးမကြီးဟာ ပြန်ကောင်းသွားရင် 
 
ဒီရောဂါ ကို ခံနိုင်ရည်ရှိ လာတတ်ပါတယ်..အဲဒီခွေးမကြီးက နောက်တစ်ကြိမ်ကလေးမွေးတဲ့အခါ 
 
ကလေးတွေကိုရောဂါတွေ့ရလေ့မရှိပါဘူး။

==============================================
Zawgyi
 
((( ဟားပီးဗိုင်းရပ်(စ)ရောဂါ ဆိုတာ )))

ခွေးတွေမှာ ကူးစက်ပြန့်ပွားပြီး ဖျားနာစေတဲ့ အဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်ပါတယ် .. ခွေးငယ်လေးတွေမှာ ကူးစက်ရင်တော့ .. သေစေနိုင်ပါတယ်

((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))

ဟားပီးဗိုင်းရပ်(စ)ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်…

((( ကူးစက်ပုံ )))

ခွေးအထီးနဲ့အမ မျိုးပွားရာကနေ ရောဂါပိုးဝင်ရောက်ကူးစက်စေတာဖြစ်ပါတယ်…ရောဂါပိုးပါ ရှိတဲ့ အစာ ၊ ရေ  ကိုသောက်မိရင် ရောဂါကူးစက်ခံရမှာ ဖြစ်ပါတယ် .. အစား အသောက်မသန့်ရှင်း တာကြောင့်လည်းဖြစ်တတ်ပါတယ် … ရောဂါရှိတဲ့မိခင်ရဲ့ မျိုးပွားအင်္ဂါမှာ ဒီရောဂါပိုးဟာ ခိုနေပြီးတော့ သားငယ်လေးတွေကိုကူးစက်တာမျိုးလည်းရှိပါတယ် … ခွေးငယ်လေးတွေဟာ အချင်းချင်းဖြစ်စေ မိခင်နဲ့ဖြစ်စေ .. ထိမိရုံနဲ့လည်း ရောဂါကူးစက်တတ်ပါတယ် …

((( အဖြစ်များသောအသက်အရွယ် )))

အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်..ခွေးပေါက်စနဲ့ခွေးငယ်တွေမှာပိုပြီးအဖြစ်များပါတယ်..

((( ရောဂါလက္ခဏာများ )))

(၂)ပတ်သားအောက်ခွေးငယ်လေးတွေမှာ ဒီရောဂါဖြစ်ရင် အဖျားပြင်းထန်ပြီး သေစေနိုင် ပါတယ် … (၃)ပါတ်သားအထက်ခွေးတွေမှာဖြစ်ပွားတာဆိုရင်တော့ ဖျားတာမျိုးသိပ်မဖြစ်ပါဘူး … ရောဂါဖြစ်တဲ့ခွေးလေးတွေဟာချမ်းတုန်နေတတ်ပြီး…၀မ်းဗိုက်ဖောင်းလာတတ်ပါတယ်…မတ်တပ်ရပ် တဲ့အခါ ခွေယိုင်နေတတ်ပြီး စိမ်းဝါရောင် ၀မ်းအရည်တွေသွားတတ်ပါတယ် … ရောဂါလက္ခဏာပြပြီး နောက်(၂၄)နာရီအတွင်းမှာ သေဆုံးတတ်ပါတယ် … ခွေးမတွေမှာဒီရောဂါဖြစ်ရင်…အပြင်ကမြင်နေ ရတဲ့ အမအင်္ဂါယောင်ယမ်းလာတတ်ပါတယ်…နောက်တော့တဖြည်းဖြည်းနဲ့ အဲဒီနေရာမှာ မီးလောင် ဖုလို အရည်ကြည်ဖုတွေထွက်လာပြီး ပေါက်ပြဲ သွားရာကနေ သွေးယိုစိမ့်မှုတွေဖြစ်လာ တတ်ပါတယ် …အဲဒီအဖုတွေဟာပျောက်ကင်းသွားရင်တောင်မှ…ခွေးမ မိတ်လိုက်ခါနီးတိုင်းမှာ ပြန်ပြန် ပေါ်လာလေ့ရှိ ပါတယ်…ဒီရောဂါရထားတဲ့ခွေးမတွေဟာ ကလေးမရနိုင်တာတို့ သားပျက်ကျတာတို့ ကလေးအသေ လေးတွေမွေးတာတို့ဖြစ်တတ်ပါတယ်…ခွေးအထီးတွေမှာဒီရောဂါဖြစ်ရင် အထီးအင်္ဂါကိုဖုံးအုပ်ထားတဲ့ အရေပြားယောင်ရမ်းဖေါင်းကားနေတဲ့အတွက် နီရဲရဲအသားလုံးကြီးလိုဖြစ်နေတာကို တွေ့ရတတ်ပါတယ် .. 

((( ရောဂါရှာဖွေခြင်း )))

ရောဂါလက္ခဏာပြတဲ့နေရာက အသားစကိုယူပြီး ဓါတ်ခွဲခန်းမှာစစ်ဆေးရပါတယ် …


((( ကုသခြင်း )))

((( ကြိုတင်ကာကွယ်ခြင်း )))

ရောဂါရှိတဲ့ခွေးနဲ့ သားတင်သားစပ်ခြင်း မပြုသင့်ပါဘူး… ကိုယ်ဝန်ဆောင်ခွေးမကြီးတွေကို ကလေးမမွေးမီ(၃)ပါတ် … မွေးပြီး(၃)ပါတ်အတွင်းမှာ အခြားခွေးတွေနဲ့ ခွဲထားသင့်ပါတယ် …ဒီရောဂါ ကာကွယ်ဆေးကို ဥရောပနိုင်ငံအချို့မှာတော့ စတင်အသုံးပြုနေပါပြီ…မြန်မာနိုင်ငံမှာတော့ အသုံးပြု နိုင်ခြင်းမရှိသေးပါဘူး….ရောဂါဖြစ်ထားတဲ့ခွေးမကြီးဟာ ပြန်ကောင်းသွားရင် ဒီရောဂါ ကို ခံနိုင်ရည်ရှိ လာတတ်ပါတယ်..အဲဒီခွေးမကြီးက နောက်တစ်ကြိမ်ကလေးမွေးတဲ့အခါ ကလေးတွေကိုရောဂါမတွေ့ ရပါဘူး …

0 မှတ်ချက်များ to “သားပျက်ရောဂါ(Herpesvirus infection in Dogs )”

Post a Comment