«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ(Parvovirus Infestion)

,

Read in Zawgyi

ဒီရောဂါကတော့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်တဲ့အတွက်ကူးစက်မှုအလွန်မြန်ပါတယ် ၊ 

ဒီရောဂါ ဟာခွေးတွေမှာ အသက်(၁၂)ပါတ်သားကနေ(၃)နှစ်သားကြားအရွယ်တွေမှာအဖြစ်

များလေ့ရှိပါတယ် ။

ရောဂါဖြစ်ကာစမှာတွေ့ရတတ်တဲ့အထင်ရှားဆုံးလက္ခဏာတွေကတော့ မကြာခဏအန်ခြင်း

နဲ့ သွေးပါတဲ့ဝမ်း အရည်ကျဲတွေသွားခြင်းပဲဖြစ်ပါတယ်။


ဒီရောဂါဖြစ်ပွားကာစမှာ ခွေးဟာပထမဦးဆုံး ကိုယ်အပူချိန်တက်ပြီးဖျားနာလာလေ့ရှိ

ပါတယ် အဲဒီအချိန်ဟာအခြားခွေးတွေကို ကူးစက်နိုင်မှုအများဆုံးအချိန်လည်းဖြစ်ပါတယ်၊


အဲဒီလိုတစ်ရက်နှစ်ရက်လောက်ဖျားပြီးရင် အစာစားပြီးတိုင်းအစာကိုလက်မခံပဲအန်လာ

တာကိုတွေ့နိုင်ပါတယ်၊အန်ပြီးနောက်နေ့မှာတော့သွေးရောင်နည်းနည်းပါတဲ့ဝမ်းအရည်ကျဲ

တွေသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ၊ နောက်ရက်တွေမှာတော့ ရောဂါရင့်လာတာနဲ့အမျှ 

သွေးဝမ်းသွားတာဖြစ်လာပါတော့တယ်။


ဒီရောဂါဖြစ်နေပြီဆိုရင်အဲဒီခွေးရဲ့ခန္တာကိုယ်ကနေထွက်သမျှအရည်အားလုံးမှာရောဂါပိုးတွေ 

ပါလာနေတယ်ဆိုတာကိုသိထားသင့်ပါတယ်။


ဒီရောဂါဖြစ်ပွားကြောင်းသိလျှင်သိချင်း ပါဗိုဗိုင်းရပ်ဗိုင်းရပ်ကာကွယ်ဆေးကိုချက်ချင်း

ထိုးနှံပေးသင့်ပါတယ် ၊ ခန္တာကိုယ်မှာအရည်ဓာတ်ဆုံးရှုံးမှုများတတ်တဲ့ရောဂါဖြစ်တဲ့အတွက် 

ဓာတ်ဆားရည်ပုလင်းကြီးကိုမကြာခဏ ချိတ်ပေးရလေ့ရှိပါတယ်


ဒီရောဂါကြောင့် ခွေးဟာမကြာခဏအန်နေတတ်တဲ့အတွက် တိုက်ဆေးတွေကိုအားကိုးလို့

မရနိုင်တာကြောင့် ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဖြစ်ပွားတာသေချာရင်တော့ 

တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြပြီးကြပ်ကြပ်မမ ကုသသင့်ပါတယ်။


ဒီရောဂါဟာ စနစ်တကျကုသမှုမလုပ်ခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါတစ်ခုဖြစ်တဲ့

အတွက် မိမိရဲ့ခွေးမှာ ဖြစ်ပွားလာရင်တော့ ဆေးရုံတင်ထားပြီးကုသတာအကောင်းဆုံးဖြစ်

ပါတယ်။
 

ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဟုတ်မဟုတ်ကို Parvovirus Test Kit   နဲ့စမ်းသပ်သိရှိ

နိုင်ပါတယ်။


ဒီရောဂါဖြစ်ပွားကြောင်းအတည်ပြုပြီးရင်တော့ တိရစ္ဆာန်ရောဂါကုဆရာဝန်များဟာ ခွေးရဲ့

ခန္တာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ယိုယွင်းမှုအမျိုးမျိုးကိုစောင့်ကြည့်ပြုပြင်ပေးနေရမယ့်အပြင်

အခြားရောဂါတွေထပ်မဝင်လာ စေဖို့ သင့်လျှော်တဲ့ပဋိဇီဝဆေးတွေကိုလည်း နာရီအလိုက် 

စောင့်ကြည့်ပြီးလိုအပ်သလိုထိုးနှံပေးနေရမှာဖြစ်ပါတယ်။


ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဖြစ်ပွားခြင်းမရှိအောင် DHPPL လို့ခေါ်တဲ့ ရောဂါ

(၅)မျိုးစပ်ကာကွယ်ဆေးကို နှစ်စဉ်အချိန်မှန်ထိုးနှံပေး သင့်ပါကြောင်းတင်ပြအပ်ပါတယ်

ဆက်လက်ဖတ်ရှုရန် = = »» တက်ဖျားကျဖျားသွေးဝမ်းသွားရောဂါ

0 မှတ်ချက်များ to “ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ(Parvovirus Infestion)”

Post a Comment