«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 Aug 2013

ကြောင်မကို သန္ဒေတားပေးခြင်း(Contraceptions)

,
Unicode
 
အိမ်မှာကြောင်မွေးထားတာဟာ.......အဖော်လည်းရပြီးကြွက်တွေရဲ့ရန်ကစိတ်ချရစေတဲ့အပြင်…
 
.....လူတွေရဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုလည်း လျှော့ပါးစေပါတယ် … ကိုယ်မွေးထားတာက 
 
ကြောင်မကလေးဖြစ်နေမယ်ဆိုရင် …. သဘာဝအရကြောင်ထီးတွေရောက်လာတတ်တာမို့…
 
ကြောင်တွေရဲ့သဘာဝအတိုင်းဆူဆူညံညံအော်မြည်နေရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရ
 
တတ်ပါတယ် …. မိတ်လိုက်ပြီးလည်း ကောင်ရေအလျှင်အမြန်တိုးလာတတ်ပါတယ် … 
 
အဲဒီလိုကောင်ရေများပြားလာပြန်ရင်လည်း သူတို့အတွက်တာဝန်တွေပိုလာနိုင်တဲ့အပြင်…. 
 
မိမိအိမ်ရဲ့သန့်ရှင်းသပ်ရပ်မှု ကိုလည်းထိခိုက်လာစေပါမယ် … ကြောင်တွေအချင်းချင်းရန်ဖြစ်နေ 
 
ကြမယ်ဆိုရင် စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်… ဒီတော့ အိမ်မှာကြောင်အရေအတွက်ဟာ 
 
ရှိသင့်တာထက် ပိုများလာရင်တော့မကောင်းပါဘူး … ဒါကြောင့်မို့ ကြောင်မကလေးတစ်ကောင် 
 
မွေးထားမိသူတွေအဖို့ … ကြောင်မလေးကို သန္ဒေတားပေးတဲ့အလုပ်ကို မဖြစ်မနေပြုလုပ်ထားဖို့ 
 
လိုအပ်လာပါတယ် …..  ကြောင်မတွေကို သန္ဒေတားပေးဖို့ဆိုတာကလူတွေမှာလို နည်းလမ်း
 
များများစားစားရှိတာတော့ မဟုတ်ပါဘူး. ကြောင်မတွေကိုသန္ဒတားပေးနိုင်တဲ့နည်းတွေကတော့
 
(၁)သန္ဒေတားဆေးထိုးနှံပေးခြင်း (Chemotheraputic Contraception)
 
(၂) ခွဲစိတ်ကုသတဲ့နည်းနဲ့ သားကြောဖြတ်ခြင်း (Histeotomy)
 
(၃) ခွဲစိတ်ကုသတဲ့နည်းနဲ့ သားဥအိမ်ဖယ်ထုတ်ခြင်း(Overiotomy)  စတဲ့နည်းတွေနဲ့သန္ဒေတားပေး
 
    ထားနိုင်ပါတယ်…
 
 
(၁)သန္ဒေတားဆေးထိုးနှံပေးခြင်း(ChemotheraputicContraception)
 
ဒီနည်းကတော့ … Medroxyprogesterone ဆိုတဲ့ဆေးကို (၃)လတစ်ကြိမ် မှန်မှန်ထိုးပေးရမှာ
 
ဖြစ်ပါတယ် …ရက်ကျော်တာတို့ ရက်လွန်သွားတာတို့ဖြစ်ရင် ကလေးရသွားနိုင်ပါတယ်…
 
သတိပြုရမှာကတော့ ကြောင်မတွေရဲ့သဘာဝအတိုင်းသားမြူးပြီးစအချိန်မှာ စတင်ထိုးနှံ
 
ပေးရမှာဖြစ်ပါတယ် … ကြောင်အထီးနဲ့ သားလိုက်ပြီးရင်တော့ … လုံးဝမထိုးနှံသင့်ပါဘူး … 
 
ထိုးမိရင်တော့ အထဲမှာမျိုးအောင်နေပြီဖြစ်တဲ့သားလောင်းကလေးတွေ သေဆုံးသွားပြီး
 
ကြောင်မကြီးရဲ့သားအိမ်ထဲမှာ ပြည်တွေအဖြစ်ပြောင်းသွားပါလိမ့်မယ် … 
 
ပြည်တွေဟာ တစ်ဖြေးဖြေးနဲ့ ပွားများလာပြီးတော့ …. အဲဒီကြောင်မကြီးသားအိမ်အတွင်းမှာ 
 
ပြည်တွေနဲ့ အဆမတန်ဖောင်းကားလာပြီး ဝမ်းဗိုက်တစ်ခုလုံးဖောင်းကားလာတတ်ပါတယ် 
 
ဒီလိုဖြစ်ပွားခြင်းကို သားအိမ်အတွင်း ပြည်တည်ခြင်း(Pyometra)ဖြစ်တယ်လို့ခေါ်ပါတယ် … 
 
အဲလိုဖြစ်နေပြီဆိုရင်တော့ဝမ်းဗိုက်ကိုဖွင့်ပြီး သားအိမ်ကို လုံးဝဖယ်ထုတ်ပစ်ရမှာဖြစ်ပါတယ်.....
 
 
(၂) ခွဲစိတ်ကုသတဲ့နည်းနဲ့ သားကြောဖြတ်ခြင်း (Histeotomy)   
 
ဒီနည်းကတော့ … ဝမ်းဗိုက်ကိုခွဲစိပ်ပြီး သားအိမ်ရဲ့အထက်ပိုင်းက … အမမျိုးဥဆင်းလာတဲ့ 
 
လမ်းကြောင်းနှစ်ခုကို ဖြတ်ထုပ်ဖယ်ရှားပေးတဲ့နည်းပါ …. ကြောင်မကလေးရဲ့ “ကြောင်မ” 
 
ဆိုတဲ့သဘာဝကတော့ မပျက်မယွင်းရှိနေပါမယ် … ကလေးတော့မရနိုင်တော့ပါဘူး …
 
 
(၃)ခွဲစိတ်ကုသတဲ့နည်းနဲ့သားဥအိမ်ဖယ်ထုတ်ခြင်း(Overiotomy)                                                 
 
ဒီနည်းကတော့ … ဝမ်းဗိုက်ကိုခွဲစိပ်ပြီး သားအိမ်အထက်ပိုင်းက … အမမျိုးဥဖြစ်ပေါ်စေတဲ့ 
 
မျိုးဥအိမ်ကို ဖြတ်ထုတ်ဖယ်ရှားပေးတဲ့နည်းပါ …. ကြောင်မကလေးရဲ့ “ကြောင်မ” ဆိုတဲ့သဘာဝ
 
ကတော့ လုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ် …. ဘာဘာညာညာ လုံးဝနားမလည်တော့တဲ့ 
 
အမည်ခံ”ကြောင်မ” အဖြစ်နဲ့သာ … နေသွားတော့မှာဖြစ်ပါတယ် … ကလေးလည်းဘယ်တော့ 
 
မရနိုင်တော့ပါဘူး … ကြောင်ပိုင်ရှင်တွေအနေနဲ့ နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်ပြီးတဲ့အခါ 
 
တိရစ္ဆာန်ရောဂါကုဆရာဝန်က သင့်စိတ်ကြိုက်အတိုင်းဖြစ်အောင်ဆောင်ရွက်ပေးပါလိမ့်မယ် …
 
Zawgyi
 
အိမ်မှာကြောင်မွေးထားတာဟာ.......အဖော်ရတယ်ကြွက်တွေရဲ့ရန်ကစိတ်ချရစေတဲ့အပြင်
ကိုယ်မွေးထားတာက ကြောင်မကလေးဖြစ်နေမယ်ဆိုရင် …. သဘာဝအရကြောင်ထီးတွေရောက်လာ တတ်တာမို့…ကြောင်တွေရဲ့သဘာဝအတိုင်းဆူဆူညံညံအော်မြည်နရင်လည်း စိတ်အနှောက်အယှက်
ဖြစ်ရတတ်ပါတယ် …. မိတ်လိုက်ပြီး ကောင်ရေလည်း အလျှင်အမြန်တိုးလာတတ်ပါတယ် … အဲဒီလိုကောင်ရေများပြားလာပြန်ရင်လည်း သူတို့အတွက်တာဝန်တွေပိုလာနိုင်ပါတယ်…. အိမ်ရဲ့သန့်ရှင်းသပ်ရပ်မှု ကိုလည်းထိခိုက်လာစေပါမယ် … သူတို့အချင်းချင်းရန်ဖြစ်နေကြမယ်ဆိုရင် စိတ်အနှောက်အယှက်ဖြစ်ကြရပါမယ် … ဒီတော့ အိမ်မှာ ကြောင်အရေအတွက်ဟာ ရှိသင့်တာထက် ပိုများလာရင်တော့မကောင်းပါ … ဒါကြောင့်မို့ ကြောင်မကလေးတစ်ကောင်မွေးထားမိသူတွေအဖို့ … ကြောင်မလေးကို သန္ဒေတားပေးတဲ့အလုပ်ကို မဖြစ်မနေပြုလုပ်ထားဖို့ လိုအပ်လာပါတယ် ………..  ကြောင်မတွေကို သန္ဒေတားပေးဖို့ဆိုတာက … လူတွေမှာလိုနည်းလမ်းများများစားစားရှိတာတော့ မဟုတ်ပါဘူး. ကြောင်မတွေကိုသန္ဒတားပေးနိုင်တဲ့နည်းတွေကတော့
(၃) ခွဲစိတ်ကုသတဲ့နည်းနဲ့ သားဥအိမ်ဖယ်ထုတ်ခြင်း(Overiotomy) … စတဲ့နည်းတွေနဲ့ သန္ဒေတားပေး နိုင်ပါတယ်…
ဒီနည်းကတော့ … Medroxyprogesterone ဆိုတဲ့ဆေးကို (၃)လတစ်ကြိမ် မှန်မှန်ထိုးပေးရမှာဖြစ်ပါတယ် …ရက်ကျော်တာတို့ ရက်လွန်သွားတာတို့ဖြစ်ရင် ကလေးရသွားနိုင်ပါတယ်…… သတိပြုရမှာကတော့ ကြောင်မတွေရဲ့သဘာဝအတိုင်း သားမြူးပြီးစ အချိန်မှာ စတင်ထိုးနှံပေးရမှာဖြစ်ပါတယ် … ကြောင်အထီးနဲ့ သားလိုက်ပြီးရင်တော့ … မထိုးနှံသင့်ပါဘူး …  . အထဲမှာမျိုးအောင်နေပြီးဖြစ်တဲ့သားလောင်းကလေးတွေ သေဆုံးသွားပြီးတော့ ကြောင်မကြီးရဲ့ သားအိမ်ထဲမှာ  ပြည်အဖြစ်ပြောင်းသွားပါလိမ့်မယ် … ပြည်တွေဟာ တစ်ဖြေးဖြေးနဲ့ ပွားများလာ
ပြီးတော့ …. အဲဒီကြောင်မကြီးသားအိမ်အတွင်းမှာ ပြည်တွေနဲ့ အဆမတန်ဖောင်းကားလာပြီး ၀မ်းဗိုက်တစ်ခုလုံးဖောင်းကားလာတတ်ပါတယ် ဒီလိုဖြစ်ပွားခြင်းကို သားအိမ်အတွင်း ပြည်တည်ခြင်း(Pyometra)ဖြစ်တယ်လို့ခေါ်ပါတယ် … ၀မ်းဗိုက်ကိုဖွင့်ပြီး သားအိမ်ကို လုံးဝဖယ်ထုတ်ပစ်ရပါမယ်.....
ဒီနည်းကတော့ … ၀မ်းဗိုက်ကိုခွဲစိပ်ပြီး သားအိမ်ရဲ့အထက်ပိုင်းက … အမမျိုးဥဆင်းလာတဲ့ လမ်းကြောင်းနှစ်ခုကို ဖြတ်ထုပ်ဖယ်ရှားပေးတဲ့နည်းပါ …. ကြောင်မကလေးရဲ့ “ကြောင်မ” ဆိုတဲ့သဘာဝကတော့ မပျက်မယွင်းရှိနေပါမယ် … ကလေးတော့မရနိုင်တော့ဘူးပေါ့ …
ကတော့ လုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ် …. ဘာဘာညာညာ လုံဝနားမလည်တော့တဲ့ အမည်ခံ”ကြောင်မ” အဖြစ်နဲ့သာ … နေသွားတော့မှာဖြစ်ပါတယ် … ကလေးလည်းဘယ်တော့ မရနိုင်တော့ဘူးပေါ့ … ကြောင်ပိုင်ရှင်တွေအနေနဲ့ နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်ပြီးတဲ့အခါ တိရစ္ဆာန်ရောဂါကုဆရာဝန်က သင့်စိတ်ကြိုက်အတိုင်း ဖြစ်အာင်ဆောင်ရွက်ပေးပါလိမ့်မယ် …

2 မှတ်ချက်များ to “ကြောင်မကို သန္ဒေတားပေးခြင်း(Contraceptions)”

  • 9 April 2022 at 19:50
    Unknown says:

    ကြောင်မလေးတွေကို ထိုးပေးတဲ့သားဆေးက ပေါင်အသားထဲမရောက်ပဲ အရေပြားထဲ‌ေလာက်ပဲထိုးမိမယ်ဆို နောက်ဆက်တွဲကျန်းမာ‌ေရးပြသာနာများ ဖြစ်နိုင်လားရှင့်

  • 12 April 2022 at 10:09
    AYPC says:

    ပြသနာမရှိနိုင်ပါ

Post a Comment