«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Dec 2019

သိုင်းရွိုက်ဟိုမုန်းနည်းသည့်ရောဂါ(Hypothyroidism)

,
သွေးထဲမှာ သိုင်းရွိုက်ဟိုမုန်းပမာဏကျဆင်းနေတဲ့ရောဂါကို Hypothyroidism လို့ခေါ်ပါတယ်  သိုင်းရွိုက် ဟိုမုန်းနည်းတဲ့ရောဂါဟာ ခွေးတွေမှာပိုအဖြစ်များလေ့ရှိပါတယ်။ သိုင်းရွိုက်ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတဲ့ သိုင်းရွိုက်ဂလင်းတွေဟာမေးရိုးရဲ့နောက်ဖက် လည်ပင်းပိုင်းရဲ့ အထက်နားမှာတည်ရှိနေပြီး ခန္တာကိုယ်ရဲ့ဇီဝဆိုင်ရာလုပ်ငန်းတွေကို ထိန်းညှိ ဆောင်ရွက်ပေးဖို့အတွက် thyroxine (T4) ဟိုမုန်းတွေနဲ့ triodothyronine (T3)စတဲ့ဟိုမုန်းတွေ ကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။
Hypothyroidism ရောဂါဖြစ်ပွားတဲ့ခွေးအများစုဟာ မျိုးရိုးဗီဇကြောင့်ကိုယ်ခံစွမ်းအားစနစ် ဖောက်ပြန်လာပြီး သိုင်းရွိုက်ဂလင်းကိုပြန်လည် ဖျက်ဆီးတဲ့အတွက်ဖြစ်ပွားလာရခြင်းဖြစ်ပါတယ် ဒီရောဂါဟာမျိုးရိုးဗီဇကြောင့်အပြင် အစားအသောက်နဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် လည်းဖြစ်လာ တတ်ပါသေးတယ် ကြောင်တွေမှာတော့ ဒီရောဂါဖြစ်ပွားတာအလွန်နည်းပြီး Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟိုမုန်း လွန်ကဲတဲ့ရောဂါက ပိုပြီးအဖြစ်များလေ့ရှိပါတယ်
အလတ်စားခွေးအမျိုးအစားတွေနဲ့ အကြီးစားခွေးအမျိုးအစားတွေမှာတော့ Lymphocytic Thyreoditis လို့ခေါ်တဲ့ သိုင်းရွိုက်ဂလင်း ယောင်ယမ်းခြင်းကြောင့် သိုင်းရွိုက်ဟိုမုန်းထုတ်လုပ် နိုင်မှုလျှော့နည်းသွားပြီး Hypothyroidism ရောဂါဖြစ်လာတာမျိုးလည်းရှိပါတယ်

သိုင်းရွိုက်ဂလင်းယောင်ယမ်းလို့ဖြစ်စေ ပျက်စီးပြီးတော့ဖြစ်စေ Hypothyroidism ရောဂါဖြစ်လာ ပြီဆိုရင် ခန္တာကိုယ်ရဲ့ဇီဝဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုတွေဟာ ပုံမှန်ထက်ကျဆင်းသွားပါတယ်
Hypothyroidism ရောဂါဟာ အသက်အရွယ်အလည်အလတ်ရှိတဲ့ခွေးတွေမှာအဖြစ်များလေ့ရှိပြီး အလတ် စားခွေးမျိုးတွေနဲ့အကြီးစား ခွေးမျိုးတွေမှာပိုမိုဖြစ်ပွားလေ့ရှိပါတယ် အထူးသဖြင့် Golden Retriever, Doberman Pinscher နဲ့ Labrador ခွေးအမျိုးအစားတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။
 
Hypothyroidism ရောဂါဖြစ်လာရင် ခွေးရဲ့အမွှေးအမြှင်တွေဟာ ပျော့ပျော့ပြောင်းပြောင်းမရှိတော့ ပဲ မာတောင့်တောင့်ဖြစ်လာတာကို တွေ့ရမှာဖြစ်ပြီးခန္တာကိုယ်မှာယားယံခြင်းမရှိပဲနဲ့အလိုလိုနေရင်း
အမွှေးတွေ ကျွတ်လာတာကိုတွေ့ရတတ်ပါတယ်များသောအားဖြင့်မေးစေ့ရဲ့အောက်ပိုင်းလည်ပင်း 
ပိုင်း ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ရဲ့ဘေးဖက်တွေနဲ့ ပေါင်းတံတွေရဲ့နောက်ဖက်ပိုင်းနေရာတွေမှာ အမွှေးတွေကျွတ်လာလေ့ရှိပါတယ်

အမွှေးအမျှင်တွေဟာ ချက်ချင်းပြန်မပေါက်နိုင်ပဲပြောင်သလင်းခါနေတဲ့ခန္တာကိုယ်ဟာ ပြင်ပရာသီ ဉတုဒါဏ်ကို မခံနိုင်တော့ပဲ လေ့ကျင့်ခဏ်းလေး နည်းနည်းလုပ်လိုက်ရင်တောင် ခွေးဟာမောပမ်း လွယ်လာတာကို သတိထားကြည့်ရင်သိနိုင်ပါတယ် ရောဂါဖြစ်နေတဲ့ခွေးဟာပုံမှန်ထက်ပိုပြီး အချိန်ကြာကြာအိပ်နေတတ်ပြီး အချိန်တိုအတွင်းမှာပဲ ဝလာတာကိုတွေ့ရပါလိမ့်မယ်။
 
သေချာစစ်ဆေးကြည့်ရင်ခွေးရဲ့နှလုံးခုန်နှုန်းဟာ သိသိသာသာနှေးကွေးနေတတ်ပြီး ခွေးမတွေမှာ
ဆိုရင်တော့မြိုင်ပေါ်တာရပ်တန့်သွားလေ့ရှိပါတယ် ၊ အဲဒီနောက် တစ်ကိုယ်လုံးကအရေပြားတွေ
ယောင်ယမ်းလာပြီး ထူခေါက်ခေါက်မဲခြောက်ခြောက်ဖြစ်လာ လေ့ရှိပါတယ်။
 
အဲဒီလက္ခဏာတွေအပြင် Hypothyroidism ရောဂါကြောင့်မျက်စေ့နာလာတာတို့နားမကြားတာတို့ 
လည်းဖြစ်လာတတ်ပါသေးတယ်Hypothyroidism ရောဂါရဲ့အထူးခြားဆုံးလက္ခဏာတစ်ခုကတော့ ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏ သွားခြင်းပဲဖြစ်ပါတယ်ဒီရောဂါဖြစ်နေတဲ့ခွေးတွေကို သွေးစစ်ကြည့်တဲ့အခါ ခွေးအများစုဟာ ကိုလက်စထရောလို့ခေါ်တဲ့အဆီဓာတ် မြင့်တက်နေတာကို တွေ့ရပါတယ် Hypothyroidism  ရောဂါဖြစ်နေတဲ့ခွေးဟာ အမူအယာတွေပြောင်းလာတတ်ပြီး ဒေါသလည်းပိုကြီးလာတတ်ပါတယ် အဲဒီလက္ခဏာကိုတော့ ဂါမန်ရှက်(ပ)ဟတ်(GSD )ခွေးတွေမှာ သိသိသာသာတွေ့ရတတ်ပါတယ်

ဓာတ်ခွဲခန်းပဏာမစစ်ဆေးမှုတွေအရ ရောဂါတွေ့ရှိခဲ့ရင် သေချာအောင်ထပ်မံအတည်ပြုနိုင်ဖို့ အတွက်  Thyroid function test ကိုထပ်မံ လုပ်ဆောင်ပြီးရောဂါအတည်ပြုရပါတယ်
Hypothyroidism ေရာဂါဟာလုံးဝပျောက်ကင်းအောင်ကုသဖို့ခက်ပေမယ့် လူတွေဖန်တီးထားတဲ့ L-thyroxine ဆေးနဲ့သေချာစနစ်တကျ ကုသပေးရင် ရောဂါလက္ခဏာတွေ ပြန်လည်သက်သာလာ ပြီး အမွှေးတွေလည်း ပြန်ပေါက်လာနိုင်ပါတယ်

နိုင်ငံခြားကစီးပွားဖြစ်ခွေးသားပေါက်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ရောင်းချတော့မယ့်ခွေးတွေကို မှတ်ပုံတင်နိုင်ဖို့အတွက် အသက်(၁၂)လ အရွယ်မှာ တိရစ္ဆာန်အရိုးရောဂါဖောင်ဒေးရှင်း (OFA) က
စနစ်တကျ စစ်ဆေးပြီး Hypothyroidism ရောဂါကင်းရှင်းကြောင်းအသိအမှတ်ပြု လက်မှတ်ကို
ထုတ်ပေးထားလေ့ရှိပါတယ်။
 
မျက်စေ့နာတတ်သော Chlamydiasis ရောဂါအကြောင်းဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link
 
Hypothyroidism ရောဂါရှိမရှိစစ်ဆေးပုံကိုဆက်လက်ဖတ်ရှုလိုပါက= =

0 မှတ်ချက်များ to “သိုင်းရွိုက်ဟိုမုန်းနည်းသည့်ရောဂါ(Hypothyroidism)”

Post a Comment