Neosporosis ရောဂါဆိုတာကတော့ခွေးတွေအပါအဝင် သီးနှံအရွက်စားသတ္တဝါတွေမှာဖြစ်ပွားတဲ့
ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါကတော့ Neospora caninum လို့ ခေါ်တဲ့ ပရိုတိုဇွားပိုးကြောင့်
ဖြစ်ပွားရတာဖြစ်ပြီး နွားတွေမှာကြားခံအနေနဲ့ခိုအောင်းနေပြီးရောဂါကိုကူးစက်စေနိုင်ပါတယ်။
ရောဂါပိုးပါနေတဲ့အမဲသားစိမ်းကိုကျွေးမိတဲ့အခါမျိုးမှာ ခွေးတွေကိုကူးစက်လာတတ်ပါတယ် ၊
အဲဒီလိုနည်းနဲ့ရောဂါကူးစက်ခံထားရတဲ့ခွေးမကြီး ဟာ သန္ဓေလွယ်ထားရတဲ့အခြေအနေဆိုရင်
သူ့ရဲ့အချင်းတိုင်ကနေဗိုက်ထဲက သားငယ်လေးတွေဆီကိုရောဂါကူးစက်စေနိုင်ပါတယ်။
Neosporosis ရောဂါရှိနေတဲ့ခွေးအတော်များများဟာ ကြွက်သားနဲ့ အာရုံကြောဆိုင်ရာရောဂါ
လက္ခဏာတွေကိုပြသတတ်တဲ့အပြင် အဆုပ်ယောင် ပြီးမောပမ်းခြင်း ၊ အရေပြားဆိုင်ရာပြသနာ
များနဲ့ နှလုံးကိုထိခိုက်တဲ့လက္ခဏာတွေကိုလည်းပြသလေ့ရှိပါတယ် ၊ရောဂါပြင်းထန်ပြီးအာရုံကြော
စနစ်ထိခိုက်ပျက်စီးသွားတဲ့တစ်ချို့ခွေးတွေဆိုရင် လေဖြတ်သွားတဲ့အထိဖြစ်တတ်ပါတယ်။
ဒီရောဂါဖြစ်ကြောင်းသံသယရှိလာရင် အဲဒီခွေးရဲ့သွေး(သို့)အသားစကိုရယူပြီးတော့ ဓာတ်ခွဲခန်းမှာ
အချိန်မီစစ်ဆေးကြည့်သင့်ပါတယ်။
ဓာတ်ခွဲခန်းကနေ ရောဂါအတည်ပြုချက်ရပြီဆိုရင်တော့ Clindamycin, Pyrimethamine, နဲ့
Sulfadiazine စတဲ့ဆေး တွေနဲ့ကုသပေးနိုင်ပါတယ် ၊ တစ်ခါတလေအာရုံကြောတွေထိခိုက်ပျက်စီး
သွားပြီးမှဆေးကုသရင် ပြန်ကောင်းမလာတော့တဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ် ၊အဲဒီလို
အခါမျိုးမှာတော့ခွေးကို ပုံမှာပြထားတဲ့အတိုင်း လှည်းဘီးလေးတပ်ဆင်ပေးပြီး သွားလာနိုင်အောင်
ပြုလုပ်ပေးထား ရပါတယ်။
ဒီလိုရောဂါဆိုးတွေမဖြစ်ပွားစေဖို့အတွက်မိမိခွေးကိုအမဲသားစိမ်းကျွေးတာမျိုးတွေကိုရှောင်ကျဉ်သင့်
ပါတယ် ၊ Neosporosis ရောဂါကိုဖြစ်ပွားစေတဲ့ပိုးဟာ ခွေးနဲ့နွားကိုအပြန်အလှန်ကူးစက်စေနိုင်တဲ့
အတွက် ခွေးနဲ့နွားကိုအတူတွဲပြီးမမွေးတာကပိုပြီးကောင်းပါတယ်၊ ဒီရောဂါပိုးဟာ လူတွေဆီကို
ကူးစက်တဲ့အထောက်အထားမတွေ့ရသေးပါဘူး။