«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Jun 2018

အရေပြားယောင်ယားနာ(Pelodera dermatitis)

,
ဆွေးမြေ့နေတဲ့စပါးခွံပုံတို့ ကောက်ရိုးပုံတို့ထဲမှာရှိနေတတ်တဲ့ Pelodera လို့ခေါ်တဲ့အပ်ချည်မျှင်လို 
 
strongyloides  အမျိုးအစားသန်ကောင်လေးတွေရဲ့သားလောင်းလေးတွေကြောင့် အရေပြားမှာ 
 
ဖြစ်ပွားတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။

 
ဒီအကောင်လေးတွေဟာ ခွေးရဲ့ရင်ဘတ်ပိုင်း ဝမ်းဗိုက်ပိုင်းနဲ့ ခြေထောက်နေရာတွေက 
 
အရေပြားတွေကို ဖောက်ပြီးဝင်လာတဲ့အခါ ၊  ဖောက်ဝင်တဲ့နေရာတွေမှာ ဝက်ခြံလိုနီရဲရဲ 
 
အဖုတွေဖြစ်လာပြီး ခွေးဟာအလွန်ယားတဲ့‌ဝေဒနာကိုခံစားနေရတာတွေ့နိုင်ပါတယ်။

 
ယားတာကြာလာရင် အဲဒီနေရာတွေကို ခွေးကကိုက်တဲ့အတွက် ယောင်ယမ်းပြီး အနာဖြစ်လာ
 
တတ်ပါတယ် ၊ စိုနေတဲ့ကောက်ရိုးပုံလိုနေရာမျိုးမှာအိပ်ရတဲ့ခွေးတွေမှာ ဒီလိုရောဂါအဖြစ်များ
 
ပါတယ်။

        အကယ်၍ဖြစ်လာရင်တော့
 
(၁) Benzoyl peroxide  ဓါတ်ပါတဲ့ရှန်ပူနဲ့ရေချိုးပေးပါ အဲဒီနောက်ခွေးကို organophosphate              
    ပိုးသတ်ဆေးအပျော့စားဖျော်ထားတဲ့ရေထဲမှာစိမ်ပေးနိုင်ပါတယ်ယားနေသေးသရွေ့
     
     ပိုးသတ်ဆေးရည်ထဲစိမ်တာကို တစ်ပတ်တစ်ကြိမ်လုပ်ပေးသင့်ပါတယ်
 
 
(၂)အရေပြားယောင်တဲ့နေရာတွေကိုပဋိဇီဝဆေးတစ်မျိုးမျိုးပါတဲ့ညှစ်ဆေးကိုတစ်နေ့သုံးကြိမ်လောက်          
     
    လိမ်းပေးသင့်ပါတယ်
 
 
(၃)ခွေးအိပ်တဲ့နေရာကိုသန့်ရှင့်ရေးလုပ်ပြီး Malathion (သို့) Diazinon ပိုးသတ်ဆေးတစ်မျိုးမျိုး
     
    ပက်ဖျန်းပေးရပါမယ် ၊ ခွေးကိုဖိုင်ဘာအခင်းပြားပေါ်မှာသာ အိပ်စေသင့်ပါတယ်။


 
Zawgyi
 
ေဆြးေျမ႕ေနတဲ့ စပါးခြံပံုတို႔ ေကာက္ရိုးပံုတို႔ထဲမွာရွိေနတတ္တဲ့ Pelodera  လို႔ေခၚတဲ့အပ္ခ်ည္မွ်င္လို  
 
strongyloides  အမ်ိဳးအစားသန္ေကာင္ေလးေတြရဲ႕သားေလာင္းေလး ေတြေၾကာင့္ 
 
အေရျပားမွာျဖစ္ပြားတဲ့ ေ၀ဒနာတစ္ခုျဖစ္ပါတယ္။
 
ဒီအေကာင္ေလးေတြဟာ ေခြးရဲ႕ရင္ဘတ္ပိုင္း ၀မ္းဗိုက္ပိုင္းနဲ႔ ေျခေထာက္ေနရာေတြ 
 
ကအေရျပားေတြကို ေဖာက္ၿပီး၀င္လာတဲ့အခါ ၊  ေဖာက္၀င္တဲ့ေနရာေတြမွာ ၀က္ၿခံလိုနီရဲရဲ 
 
အဖုေတြျဖစ္လာၿပီး ေခြးဟာ အလြန္ ယားတာကိုခံစားေနရတာကိုေတြ႕ႏိုင္ပါတယ္။
 
ယားတာၾကာလာရင္ အဲဒီေနရာေတြကို ေခြးကကိုက္တဲ့အတြက္ ေယာင္ယမ္းၿပီး 
 
အနာျဖစ္လာတတ္ပါတယ္ ၊ စိုေနတဲ့ေကာက္ရိုးပံုလိုေနရာမ်ိဳးမွာအိပ္ရတဲ့ေခြးေတြမွာ 
 
ဒီလိုေရာဂါအျဖစ္မ်ားပါတယ္။

ျဖစ္လာရင္ေတာ့ 
 
(၁) Benzoyl peroxide  ဓါတ္ပါတဲ့ရွန္ပူနဲ႔ေရခ်ိဳးေပးပါ အဲဒီေနာက္ေခြးကို organophosphate 
 
ပိုးသတ္ေဆးအေပ်ာ့စားေဖ်ာ္ထားတဲ့ေရထဲမွာစိမ္ေပးႏိုင္ပါတယ္
 
ယားေနေသးသေရြ႕ပိုးသတ္ေဆးရည္ထဲစိမ္တာကို တစ္ပတ္တစ္ႀကိမ္လုပ္ေပးသင့္ ပါတယ္
 
 
(၂)အေရျပားေယာင္တဲ့ေနရာေတြကို ပဋိဇီ၀ေဆးတစ္မ်ိဳးမ်ိဳးပါတဲ့ညွစ္ေဆးကို တစ္ေန႔ 
 
သံုႀကိမ္ခန္႔ လိမ္းေပးသင့္ပါတယ္
 
 
(၃)ေခြးအိပ္တဲ့ေနရာကိုသန္႔ရွင့္ေရးလုပ္ၿပီး Malathion (သို႔) Diazinon ပိုးသတ္ ေဆး 
 
တစ္မ်ိဳးမ်ိဳးပက္ဖ်န္းေပးရပါမယ္ ၊ ေခြးကို ဖိုင္ဘာအခင္းျပားေပၚမွာ အိပ္ေစ
 
သင့္ပါတယ္။

0 မှတ်ချက်များ to “အရေပြားယောင်ယားနာ(Pelodera dermatitis)”

Post a Comment