အက်ဒရီနယ်ဟိုမုန်းလွန်ကဲလာတာက ကျောက်ကပ်နဲ့ကပ်နေတဲ့ Adrenal ဂလင်းတွေကနေ
အက်ဒရီနယ်ဟိုမုန်းတွေကိုအလွန်အကျွံထုတ်ပေးနေလို့ဖြစ်ပါတယ်၊ ဒီလိုဖြစ်တာမျိုးက
ခွေးတွေမှာလည်းဖြစ်တတ်ပေမယ့် ဖြစ်ပျက်ပုံချင်းကတော့မတူပါဘူး။ ကြောင်တွေမှာ
ဒီရောဂါဖြစ်မဖြစ်ကိုဖော်ထုတ်တဲ့အခါမှ ရောဂါရဲ့ရာဇဝင်၊လက်တွေ့ကိုင်တွယ်စမ်းသပ်
တွေ့ရှိချက်တွေ၊ သွေးစစ်ဆေးမှုနဲ့ ဓာတ်မှန်အဖြေတွေအပေါ်မှာအခြေခံရပါတယ်၊
ကြောင်အမတွေဟာအထီးတွေထက်ပိုပြီးအဖြစ်များပါတယ်၊ဒီလိုဖြစ်ပွားတဲ့ကြောင်တွေရဲ့
၈၀% ဟာ ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းကြောင့်ဖြစ်ပြီး၊ ၂၀% နှုန်းကတော့
ကျောက်ကပ်နား Adrenal ဂလင်းတွေမှာအကြိတ်တည်လို့ဖြစ်တာဖြစ်ပါတယ်၊
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အစာခဏခဏစားခြင်း၊ရေကိုခဏခဏသောက်ပြီး
ဆီးခဏခဏသွားခြင်းစတဲ့လက္ခဏာတွေကို့တွေ့ရပါတယ်၊ ဒီလက္ခဏာတွေဟာ
ဆီးချိုရောဂါနဲ့လည်းတူတဲ့အတွက်ရုတ်တရက်အားဖြင့်လွဲမှားနိုင်ပါတယ်။
ရောဂါကြောင့်အရေပြားပါးလာပြီး၊မာခြောက်ကာအက်ကွဲလာတဲ့အပြင် အမွှေးတွေကျွတ်လာ
တတ်ပါတယ် ဒီလက္ခဏာတွေဟာ ဒီရောဂါနဲ့ ပန်ကရိယကင်ဆာရောဂါရဲ့အထင်ရှားဆုံး
လက္ခဏာတွေဖြစ်ပါတယ်။
ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းကြောင့်ဖြစ်တာနဲ့ ၊ ကျောက်ကပ်နား Adrenal ဂလင်း
တွေမှာအကြိတ်တည်လို့ဖြစ်တာကိုခွဲခြားသိရှိနိုင်ဖို့အတွက် dexamethasone ဆေးတိုက်ကျွေး
ပေးပြီးနောက် သွေးကိုဖောက်ယူပြီးဓာတ်ခွဲခန်းမှာ Dexamethasone suppression test
စစ်ဆေးမှုလုပ်ကြည့်ပြီးခွဲခြားရပါတယ်။
Dexamethasone suppression test ဆိုတာကတော့ UCCR လို့အတိုကောက်ခေါ်တဲ့ဆီးအတွင်းမှာပါဝင်နေတဲ့ Cortisol နဲ့ Creatinine အင်ဇိုင်တွေရဲ့အချိုးကိုစစ်ဆေးကြည့်တာ
ဖြစ်ပါတယ်၊ဒီလိုစစ်ဆေးနိုင်ဖို့အတွက် မိမိရဲ့အိမ်မှာဆီးကို(၃) ကြိမ်ခံယူပြီးဓာတ်ခွဲခန်းကိုပေးပို့
ရပါတယ်။
ပထမအကြိမ်နဲ့ဒုတိယအကြိမ်တွေမှာမနက်တိုင်းခံယူပေးပို့ရပါတယ်၊အဲဒီနောက်
Dexamethasone ဆေးကို 0.1 mg/kg နှုန်းနဲ့ ၈-နာရီခြားပြီး ၃-ကြိမ်တိတိကို ၊ တစ်ရက်
တိတိတိုက်ပြီးမှ တတိယအကြိမ်အတွက် ဆီးနမူနာကိုယူရပါတယ်။
ပထမဆီးနမူနာနဲ့ ဒုတိယဆီးနမူနာတို့ရဲ့ရလာဒ်အဖြေချင်းဟာတူချင်မှတူနိုင်ပေမယ့်၊အဲဒီ ၂-ကြိမ်အဖြေတွေကိုပျှမ်းမျှယူထားပြီးစံအညွှန်းကိန်းအဖြစ်ကတ်မှတ်ကာတတိယ
ဆီးနမူနာနဲ့နှိုင်းယှဉ်ကြည့်ရတာဖြစ်ပါတယ်။
Dexamethasone ဆေးတိုက်ပြီးမှရယူထားတဲ့တတိယအကြိမ်ဆီးနမူနာဟာ စံအညွှန်းကိန်းရဲ့ ၅၀-% ဖြစ်နေရင် ဦးနှောက်ထဲကပီကျူထရီအကြိတ်ကနေ ACTH ဟိုမုန်းတွေ
အများကြီးထုတ်ပေးနေခြင်းကြောင့်ဖြစ်ရတာလို့သတ်မှတ်ကြပါတယ်။
ပူးတွဲဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link