Histoplasma
capsulatumလို့ခေါ်တဲ့မှိုကြောင့်ဖြစ်ပွား တဲ့ရောဂါတစ်ခုဖြစ်ပါတယ်
၊ ခွေးတွေမှာဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ပိန်ချုံးသွားစေပါတယ် ၊ ၀မ်းလျှောဝမ်းပျက်တဲ့အခါ
တစ်ခါတစ်ရံ အကျိအချွဲနဲ့သွေးစတွေလည်းပါလာတတ်ပါတယ် ၊ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်း
၊ အဆုပ် ၊ သရက်ရွက်တွေအပြင် အရိုးတွေနဲ့ မျက်စေ့ကိုလည်းထိခိုက်စေပါတယ် ၊ အဖျားတက်လာလိုက်
ပြန်ကျသွားလိုက်ဖြစ်နေတတ်ပါတယ် ၊ ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့စအိုထဲကို
လက်နဲ့ထိုးပြီးစမ်းသပ်ကြည့်ရင် အတွင်းသားတွေဟာ
ထူခေါက်ခေါက်ဖြစ်နေတာကိုတွေ့နိုင်ပါတယ်
၊ အာထရာဆောင်းဓါတ်မှန်ရိုက်ကြည့်ရင်
အသည်းနဲ့သရက်ရွက်ဟာ ကြီးမားနေတာကိုတွေ့ရတတ်ပါတယ်
ဒီရောဂါကို Itraconazole စားဆေးနဲ့ချည့်ဖြစ်စေ Itraconazole နဲ့ amphotericin B ဆေး
ပူးတွဲ၍ဖြစ်စေထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်
ဒါပေမယ့်အချိန်အတော်ယူရမှာဖြစ်ပြီး အနည်းဆုံး(၄)လကနေ (၆)လလောက်
ဆေးတိုက်ဖို့လိုအပ်ပါတယ်
အခြားသောဝမ်းပျက်ရောဂါများ
ဝမ်းပျက်ရောဂါ
ခွေးပေါက်စ၀မ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းလျှောရောဂါ
အခြားသောဝမ်းပျက်ရောဂါများ
ဝမ်းပျက်ရောဂါ
ခွေးပေါက်စ၀မ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းလျှောရောဂါ