နီညိုရင့်ရောင်ဆီးသွားခြင်းဟာ အသက်အရွယ်အလယ်အလတ်ရှိတဲ့ခွေးတွေမှာ မမြော်လင့်ပဲ
ရုတ်တရက်ဖြစ်ပွား တတ်ပြီး အခြေကိုအလျှင်အမြန် ဆိုးရွားသွားစေတတ်တဲ့ရောဂါတစ်မျိုးဖြစ်
ပါတယ် ၊ ဒီရောဂါဖြစ်လာတဲ့အခါ သွေးနီဉတွေပျက်စီးကုန်တဲ့အတွက် ခွေးဟာအလွန်အမင်း
သွေးအားနည်းသွားလေ့ရှိပါတယ်။
ရောဂါရဲ့အထင်ရှားဆုံးလက္ခဏာကတော့ ဆီးသွားတဲ့အခါ နီညိုရင့်ရောင်သွားတာပါပဲ ၊ ခွေးရဲ့လျှာ
နဲ့ မျက်တွင်း သားတွေဟာဖြူဖတ်ဖြူရော်ဖြစ် နေပြီးအမြဲတမ်းနွမ်းလျှကာမောဟိုက်နေတတ်ပါ
တယ်။
ဒီရောဂါဖြစ်ပွားလာရခြင်းအကြောင်းရင်းကတော့ခွေးတွေရဲ့ကိုယ်ခံစွမ်းအားစနစ်ထဲမှာပါဝင်နေတဲ့
ဘေလုံးခေါ် (spleen) ဟာ သူ့ရဲ့သွေးထဲကသွေးနီဉတွေကို ရန်သူအဖြစ်အမှတ်မှားသွားပြီး
တိုက်ခိုက်ဖျက်ဆီးပစ်နေတဲ့ အတွက် ခွေးရဲ့သွေးနီဉတွေဟာအလွန်လျှင်မြန်စွာပဲပျက်စီးကုန်ပါ
တယ် ၊ သွေးနီဉတွေပျက်စီမှုများလာတာနဲ့အမျှ ရောဂါလက္ခဏာတွေကလည်း ချက်ချင်းဆိုသလို
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။
ဒီရောဂါကိုကုသတဲ့အခါမှာ ယေဘုယျအားဖြင့် အဲဒီခွေးရဲ့ကိုယ်ခံစွမ်းအားကိုလျှော့ကျစေတဲ့
ဆေးဝါးတွေနဲ့ ကုသပေးရတာဖြစ်ပါတယ် Prednisone စားဆေးကို ခန္တာကိုယ်အလေးချိန်
(၁)ကီလိုဂရမ်ရှိလေတိုင်း 1 mg နှုန်းနဲ့ (၁၂)နာရီခြားတိုင်းတိုက်ကျွေးပြီး တစ်ပြိုင်နက်တည်းမှာပဲ
Azathioprine(IMURAN) စားဆေးကို ခန္တာကိုယ် အလေးချိန်(၁)ကီလိုဂရမ်ရှိလေတိုင်း 1-2 mg/kg
နှုန်းနဲ့ (၂၄)နာရီခြားတိုင်းတိုက်ကျွေးပေးရ မှာဖြစ်ပါတယ်။
ဒီလိုဆေးတွေတိုက်ကျွေးကုသမှုကို အချိန်တစ်လခွဲလောက်နေ့စဉ်ပြုလုပ်ရလေ့ရှိပါတယ် ၊
ကုသနေစဉ်အတွင်းမှာ ခွေးရဲ့အခြေအနေကို မပြတ်စစ်ဆေးနေရမှာဖြစ်ပြီး အခြေအနေပေါ်
မူတည်ပြီးလိုအပ်ရင် အခြားခွေးတစ်ကောင်ရဲ့ သွေးကိုဖောက်ယူပြီးသွေးသွင်းကုသမှု ပြုလုပ်ပေး
ရတတ်ပါတယ်။