«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

28 Aug 2017

သခင်လွမ်း၍ဝမ်းပျက်သောရောဂါ(Irritable bowel syndrome)

,
 Unicode
 
လူတွေမှာဖြစ်ပွားတဲ့ Irritable bowel syndrome ကတော့ အူမကြီးအတွင်းမှာ အပျက်အစီး 
 
အပြောင်းအလဲမှမတွေရပဲဝမ်းလျှောလိုက် ၊ ဝမ်းချုပ်လိုက်ဖြစ်နေတတ်ပြီး တစ်ပြိုင်တည်းမှာ 
 
ဗိုက်အောင့်ခြင်းကိုခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ် ၊ ခွေးတွေမှာဖြစ်ပွားတဲ့ Irritable bowel 
 
syndrome ကတော့လူတွေမှာလို ဝမ်းချုပ်တာမျိုးလုံးဝမဖြစ်ပါဘူး ၊ စစ်ဆေးကြည့်တဲ့အခါ 
 
သံကောင်ကြောင့်လည်းမဟုတ် ၊ အစားအသာက်မှားလို့လည်းမဟုတ် ၊ ဘက်တီးရီးယား 
 
ရောဂါပိုးလည်းမရှိ ရောဂါရှာမတွေ့ရပဲနာတာရှည်ဝမ်းပျက်နေတတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ် ၊
 
 
ဝမ်းထဲမှာအကျိအချွဲတွေအမြဲပါနေတတ်ပြီး တစ်ခါတရံမှာတော့သွေးစအနည်းငယ်ပါတတ်ပါတယ်၊ 
 
တောက်လျှောက်ဝမ်းပျက်နေပေမယ့် ပိန်မသွားတာက ဒီရောဂါရဲ့ထူးခြားမှု တစ်ခုဖြစ်ပါတယ် ၊ 
 
ဒီလိုအဖြစ်မျိုးဟာ တစ်ကောင်တည်းမွေးတာတဲ့ခွေးတွေမှာအဖြစ်များတတ်ပါတယ် ၊ ခွေးဟာ 
 
သူခင်မင်နေတဲ့သူနဲ့ ရုတ်တရက်ခွဲခွာလိုက်ရတဲ့အချိန်မှာ ဒီရောဂါလက္ခဏာတွေဖြစ်ပေါ်လာ
 
တတ်ပါတယ် ၊ 
 
 
ရဲလုပ်ငန်းနဲ့ စစ်ရေးတာဝန်ထမ်းဆောင်နေတဲ့ ဂျာမန်ရှက်(ပ)ဟတ်(GSD) ခွေးတွေကို 
 
သူ့သခင်နဲ့ရုတ်တရက်ခွဲလိုက်တဲ့အခါမှာ အများဆုံးဖြစ်တတ်တာကိုတွေ့ရပါတယ်၊ Irritable 
 
bowel syndrome  ဖြစ်နေတာကိုမသိပဲ ခွေးကိုဝမ်းပိတ်ဆေးတွေတိုက်ကျွေးရင်လည်း 
 
ဝမ်းမပိတ်နိုင်ပါဘူး ၊ ဒီလိုအခြေအနေမျိုးကြုံလာရရင် အမျှင်ဓါတ်များတဲ့အစာတွေကိုကျွေးပေးသင့်
 
ပါတယ် ၊ စိတ်ပိုင်းဆိုင်ရာသက်သာမှုကိုဖြစ်စေတဲ့ဆေးတွေကိုတိုက်ကျွေးပေးရမှသာ သက်သာ
 
ပျောက်ကင်းနိုင်မှာဖြစ်ပါတယ် ၊ Propantheline ဆေးကို ခန္တာကိုယ်အလေးချိန် တစ်ကီလို
 
ရှိလေတိုင်း (0.25 )မီလီဂရမ်နှုန်းနဲ့တွက်ချက်တိုက်ကျွေးနိုင်ပါတယ်၊ Dicyclomine ဆေးကိုလည်း 
 
ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း (0.15)မီလီဂရမ် နှုန်းနဲ့တွက်ချက်တိုက်ကျွေးနိုင်ပါတယ် ၊
 
 
Zawgyi
 
လူတွေမှာဖြစ်ပွားတဲ့ Irritable bowel syndrome ကတော့ အူမကြီးအတွင်းမှာ အပျက်အစီးအပြောင်းအလဲမှမတွေရပဲဝမ်းလျှောလိုက် ၊ ၀မ်းချုပ်လိုက်ဖြစ်နေတတ်ပြီး တစ်ပြိုင်တည်းမှာဗိုက်အောင့်ခြင်းကိုခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ် ၊ ခွေးတွေမှာဖြစ်ပွားတဲ့ Irritable bowel syndrome ကတော့လူတွေမှာလို ၀မ်းချုပ်တာမျိုးလုံးဝမဖြစ်ပါဘူး ၊ စစ်ဆေးကြည့်တဲ့အခါ သံကောင်ကြောင့်လည်းမဟုတ် ၊ အစားအသာက်မှားလို့လည်းမဟုတ် ၊ ဘက်တီးရီးယားရောဂါပိုးလည်မရှိ ရောဂါရှာမတွေ့ရပဲနာတာရှည်ဝမ်းပျက်နေတတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ် ၊ ၀မ်းထဲမှာအကျိအချွဲတွေအမြဲပါနေတတ်ပြီး တစ်ခါတရံမှာတော့သွေးစ အနည်းငယ်ပါတတ်ပါတယ် ၊ တောက်လျှောက်ဝမ်းပျက်နေပေမယ့် ပိန်မသွားတာက ဒီရောဂါရဲ့ထူးခြားမှု တစ်ခုဖြစ်ပါတယ် ၊ ဒီလိုအဖြစ်မျိုးဟာ တစ်ကောင်တည်းမွေးတာတဲ့ခွေးတွေမှာအဖြစ်များတတ်ပါတယ် ၊ခွေးဟာ သူခင်မင်နေတဲ့သူနဲ့ ရုတ်တရက်ခွဲခွာလိုက်ရတဲ့အချိန်မှာ ဒီရောဂါလက္ခဏာတွေဖြစ်ပေါ်လာ

0 မှတ်ချက်များ to “သခင်လွမ်း၍ဝမ်းပျက်သောရောဂါ(Irritable bowel syndrome)”

Post a Comment