ခွေးနှလုံးသန်ကောင်ကို Dirofilaria immitis လို့ခေါ်ပါတယ်၊နှလုံးထဲမှာသန်ကောင်ရှိတဲ့
ခွေးတွေမှာ သန်ကောင်အမက ဥချလိုက်တဲ့အခါသန်ကောင်ဥလေးတွေဟာသွေးထဲမှာပဲ
မျောပါနေရင်းကနေအကောင်ပေါက်ကလေးတွေဖြစ်လာကြပါတယ်။
ခွေးရဲ့သွေးထဲမှာမျေားပါနေတဲ့ နှလုံးသန်ကောင်ပေါက်ကလေးတွေဟာအရွယ်အစားအားဖြင့်
ဆိုရင် (300-322 µm x 6.8-7.0 µm)လောက်ပဲရှိတဲ့အတွက် သာမန်မျက်စေ့နဲ့မမြင်နိုင်ပါဘူး
သွေးထဲကိုရောက်နေတဲ့သန်ကောင်ပေါက်ကလေးတွေ(၂)ပါတ်သားအရွယ်ရောက်ချိန်မှာ
ခြင်ကောင်အမကသွေးလာစုပ်ရင် သန်ကောင်ပေါက်ကလေးတွေလည်းပါသွားပါတယ်။
ဒီသန်ကောင်ပေါက်ကလေးတွေဟာ ခြင်ကောင်ရဲ့ပါးစပ်ထဲမှာ (၃)ရက်လောက်ခိုအောင်း
နေရင်းရောဂါဖြစ်စေနိုင်တဲ့အဆင့်(L3s)ကိုရောက်လာပါတယ်၊အဲဒီခြင်ကောင်ရဲ့အကိုက်ခံရတဲ့
ခွေးဟာရောဂါကူးစက်ခံရပါတော့တယ်၊ခွေးဆီကိုရောက်လာတဲ့ ဒီသန်ကောင်ပေါက်ကလေး
တွေဟာ မသွားတတ်မလာတတ်သေးဘူးလို့ဆိုရပါလိမ့်မယ်။
ဘယ်ကိုမှမသွားသေးပဲအကိုက်ခံရတဲ့နေရာရဲ့အရေပြားအောက်မှာ(၃)ရက်နီးပါးခိုအောင်းနေပြီး
သားလောင်းအဆင့်(၄) (L4s) အဆင့်ကိုရောက်လာပါတယ်၊ဒီအဆင့်ရောက်လာတဲ့အကောင်လေး
တွေဟာ သွားနိုင်လာနိုင်ပြီဖြစ်ပေမယ့် သွေးထဲကိုချက်ချင်းဝင်သွားသေးပဲခန္တာကိုယ်တွင်းက
အခြားတစ်သျှူးတွေဆီဝင်ရောက်ပြီး ရက်သတ္တပါတ်တော်တော်ကြာကြာအထိနားခိုနေလေ့ရှိ
ပါတယ် ၊။ အဲဒီလိုနေရင်းနဲ့(၂)လလောက်ကြာတဲ့ အခါ အရွယ်အားဖြင့်(၂)စင်တီမီတာကျော်ကျော်
ဖြစ်လာပါပြီ ၊ အရွယ်ရောက်သေးတာတော့မဟုတ်ပါဘူး ဒီအရွယ်ရောက်တော့မှ ဒီသန်ကောင်လေး
တွေဟာ သွေးလှည့်ပတ်မှုစနစ်ထဲကို စတင်ဖောက်ထွင်းဝင်ရောက်ကြပါတယ်၊ သွေးကြောထဲကို
ရောက်ပြီဆိုတော့ သွေးနဲ့အတူမျောပါလိုက်သွားကြရင်းနဲ့ နောက်ဆုံးမှာအဆုပ်ကိုသွားတဲ့
သွေးကြောမကြီးနဲ့ နှလုံးထဲကိုရောက်တဲ့အခါ ဆက်မလိုက်တော့ပဲ အဲဒီနေရာမှာခိုအောင်းကျန်နေ
ခဲ့ကြပါတယ် ၊ ဒီအဆင့်ဟာ ခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း(၇၀)လောက်မှာဖြစ်ပါတယ် ၊
ဆိုလိုတာကခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း(၇၀)လောက်မှာနှလုံးထဲကိုစတင်ရောက်ရှိ
ကြတာဖြစ်ပါတယ် ။
နှလုံးသန်ကောင်များ၏ဘဝသံသရာစက်ဝန်း
အဲဒီနေရာတွေမှာခိုအောင်းနေထိုင်ရင်းအကောင်ကြီးဘဝကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာကြ
ပါတော့တယ်။
အထီးတွေဟာ (၆)လက္မအရှည်လောက်ဖြစ်လာပြီး ၊အမတွေဟာ(၁)ပေနီးပါးလောက်အထိ
တောင်ရှည်လျှားလာတတ်ကြပါတယ်။
ခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း (၆)လလောက်ဆိုရင် ၊ရောဂါလက္ခဏာတွေ စတင်ပြသ
လာတတ်ပါတယ် ၊ ဒီသန်ကောင်တွေဟာခွေးကိုဒုက္ခအမျိုးမျိုးပေးရင်းနဲ့ခွေးရဲ့ခန္တာကိုယ်ထဲမှာ
(၇)နှစ်လောက်အထိအသက်ရှင်နေထိုင်နိုင်ကြတယ်လို့ဆိုပါတယ်။
သန်ကောင်ကြီးတွေ ခိုးအောင်းနေတဲ့နေရာအလိုက် ကိုယ်တွင်းအင်္ဂါတွေရဲ့ ဆောင်ရွက်မှုကိုထိခိုက်စေတဲ့အပေါ်မှာပဲ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်၊
အကယ်၍အဆုပ်သွေးကြောထဲမှာ နှလုံးသန်ကောင်တွေပိတ်ဆို့တာဆိုရင် အဆုပ်ရဲ့ဆဲလ်တွေ
ပျက်စီးစေပါတယ် ဒီတော့ အသက်ရှုလို့မဝပဲပိန်ချုံးလာပါမယ် အသက်ရှုကျပ်တာမျိုးအထိဖြစ်
လာနိုင်ပါတယ်။
ပိုဆိုးတာက နှလုံးထဲမှာချိတ်တွယ်ခိုအောင်းနေတဲ့သန်ကောင်ကြီးတွေပါပဲ၊ ဒီသန်ကောင်ကြီးတွေ
ဟာ အလွန်ရှည်လျှားတဲ့အတွက် ၊ရှည်ထွက်လာပြီးနှလုံးအပြင်ဖက်အထိတန်းလန်းထွက်လာရင်
နှလုံးအဆို့ရှင်တွေပုံမှန် ပိတ်လို့ဖွင့်လို့မရအောင်ခံထားသလိုဖြစ်လာပါတယ်။
အဲဒီအခါမှာခန္တာကိုယ်အစပ်အပိုင်းတွေဆီ သွေးကိုကောင်းကောင်းမပို့လွှတ်နိုင်တော့တဲ့အတွက်
နည်းနည်းလေး လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ အမောမခံနိုင်ဖြစ်လာပါမယ် ၊ ဒီအချိန်မှာ
မျက်လုံးကိုဖြဲကြည့်ရင် သွေးရောင်မရှိပဲဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ် ၊
အောက်ကဓါတ်မှန်ကတော့ နှလုံးထဲမှာသန်ကောင်တွေပိတ်ဆို့ဖောင်းကားနေပုံဖြစ်ပါတယ်
ရောဂါရင့်တဲ့အခြေအနေမျိုးမှာဆိုရင် ဗိုက်ခေါင်းထဲမှာအရည်တွေစုလာပြီးဝမ်းဗိုက်တစ်ခုလုံး
ဖောင်းကားလာတတ်ပါတယ်။
ဒီရောဂါရှိမရှိသိနိုင်ဖို့အတွက်ကတော့ ဓါတ်ခွဲခန်းမှာသွေးရည်ကြည်စစ်ဆေးတဲ့နည်းနဲ့သိရှိနိုင်
ပါတယ် ဒါပေမယ့် ဘယ်စစ်ဆေးနည်းမှရာနှုန်းပြည့်အတိအကျမမှန်ဘူးလို့ ပညာရှင်တွေက
ဆိုပါတယ်။
ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်လို့ရောဂါမရှိကြောင်းအဖြေရတဲ့ခွေးတွေဟာနှလုံးသန်ကောင်
ရောဂါရဲ့ဂါလက္ခဏာတွေခံစားနေရတာတွေ့နိုင်ပြီး ရောဂါရှိပါတယ်လို့အဖြေရတဲ့ခွေးတွေဟာ
လည်း လက်တွေ့မှာ ဘာမှမဖြစ်တာမျိုးတွေလည်းရှိတတ်ပါတယ်။
စျေးကွက်မှာဝယ်လို့ရတဲ့ Heart-worm Test Kit လေးတွေနဲ့စမ်းသပ်ခြင်းအားဖြင့်လည်း
နှလုံးသန်ကောင်ရှိမရှိခန့်မှန်းအဖြေကိုရနိုင်ပါတယ်။
ဒီရောဂါမဖြစ်အောင်ပုံမှန်ကြိုတင်တိုက်ကျွေးရတဲ့ကာကွယ်ဆေးတွေရှိပါတယ်
Macrocyclic lactone ဆိုတဲ့ဆေးနဲ့ ကို Ivermectin စားဆေးတွေကတော့အသုံးများ
ပါတယ် စျေးကွက်ထဲမှာ Ivermectin စားဆေးကို Diroheart အမည်နဲ့ဝယ်လို့ရသလို
En-Dex 4000 အမည်နဲ့လည်းရရှိနိုင်ပါတယ်။
ဒါ့အပြင် Milbemycin oxime စားဆေးကိုလည်းတိုက်ကျွေးပေးနိုင်သလို ခြင်ကိုက်မှုကို
ကာကွယ်ဖို့ Selamectin လိမ်းဆေးနဲ့ Moxidectin လိမ်းဆေးတွေလည်းလိမ်းပေးလို့ရပါတယ်။
ဒီရောဂါဖြစ်လာရင်တော့ သွေးကြောကျယ်စေတဲ့ဆေးတွေ ကိုချက်ချင်းတိုက်ကျွေးရပါတယ်၊
အကယ်၍ဗိုက်ယောင်နေရင် ဆီးဆေးတိုက်တာ ထိုးတာလုပ်ပေးနိုင်ပါတယ် ၊ ခွေးရဲ့အခြေအနေ
အရလိုအပ်ရင်ဓါတ်ဆားရည်ပုလင်းကြီးချိတ်ပေးရပါတယ် ၊ ဖောတာယောင်တာရှိရင်
Corticosteroid ဆေးတွေပေးရပါမယ်
ခွေးတစ်ကောင်ဟာနှလုံးသန်စွဲရောဂါရှိကြောင်း စစ်ဆေးချက်အဖြေရရှိလိုက်တာနဲ့ ကာကွယ်ဆေး
တိုက်နေဆဲဖြစ်ရင်လည်း မရပ်ပစ်ပဲဆက်တိုက်ရမယ့်အပြင်၊ကာကွယ်ဆေးတိုက်နေတာမဟုတ်ရင်
လည်း ကာကွယ်ဆေးကိုချက်ချင်းစတိုက်ရပါမယ် ၊ ဒီလိုဆေးတိုက်ခြင်းအားဖြင့်ခြင်ကိုက်ခံရလို့
နောက်ထပ်ရောက်လာမယ့် သန်ကောင်ပေါက်ကလေးတွေကို သုပ်သင်ပစ်နိုင်မှာဖြစ်ပါတယ်။
နှလုံးသန်ကောင်ရောဂါစွဲကပ်နေပြီဆိုရင်လေ့ကျင့်ခဏ်မလုပ်ခိုင်းသင့်ပါဘူး၊နှလုံးထဲမှာ
အရွယ်အစားကြီးမားတဲ့သန်ကောင်ကြီးတွေစွဲကပ်နေတဲ့အဆင့်ဆိုရင်တော့ ဆေးဝါးနဲ့ကုသမှု
ဟာ အန္တရာယ်မကင်းတဲ့အပြင်အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။
၊သန်ကောင်ကြီးတွေရှိမရှိကို အာလ်ထရာဆောင်းဓါတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်
အကယ်၍ သန်ကောင်ကြီးတွေရှိနေရင်တော့ ကျွမ်းကျင်တဲ့ခွဲစိပ်ဆရာဝန်နဲ့ခွဲစိပ်ပြီး နှလုံးနဲ့
အဆုပ်ထဲကသန်ကောင်တွေကိုဆွဲထုပ်ပစ်ရမှာဖြစ်ပါတယ်။
ဒီဆေးက သန်ကောင်ပေါက်ကလေးတွေခန္တာကိုယ်ထဲရောက်လာရင်ချက်ချင်း
သုပ်သင်ပေးနိုင်ပါတယ်
Melarsomine ဆိုတဲ့စားဆေးဟာ နှလုံးသန်ကောင်ကြီးတွေကိုသာသုတ်သင်ပေးနိုင်ပေမယ့်
(၄)လသားအောက်အရွယ်အောက်သန်ကောင်တွေနဲ့ သန်ကောင်အပေါက်ကလေးတွေကိုတော့
မသုတ်သင်နိုင်ပါဘူး။
အရေးကြီးတဲ့အချက်ကတော့ခွေးနှလုံးသန်ကောင်ရောဂါကိုကုသတဲ့အခါမှာ အသုံးပြုရတဲ့ဆေး
တွေဟာ သန်ကောင်အရွယ်စုံကိုမသုတ်သင်နိုင်တဲ့အတွက် ကုသနေဆဲမှာပဲ ခြင်ကိုက်လို့
ထပ်ရောက်လာနေတဲ့သန်ကောင်ပေါက်ကလေးတွေက အကောင်ကြီးဘဝရောက်လာပြန်တာမို့
ဒီရောဂါကိုကုသတဲ့အခါမှာ ကုထုံးအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်မှသာ ကုသမှု
အောင်မြင်နိုင်မှာဖြစ်ပါတယ်။
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့ဒီရောဂါကိုအဆင့်(၃)ဆင့်ခွဲခြားသတ်မှတ်ပြီးရောဂါအဆင့်
အလိုက်သက်ဆိုင်ရာကုထုံးတွေနဲ့ ကုသပေးလေ့ရှိကြပါတယ် ၊ရောဂါအဆင့်(၁)နဲ့ရောဂါအဆင့်
(၂) မှာဆိုရင်တော့ Melarsomine Dihydrochloride ထိုးဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလို
ရှိလေတိုင်း (2.5 mg) နှုန်းနဲ့ထိုးနှံပေးရပါတယ် ၊ ဒီဆေးကို (၂၄)နာရီခြားပြီး(၂)ကြိမ်တိတိ
မပျက်မကွက်ထိုးနှံပေးရမှာဖြစ်ပါတယ်၊ ဒီ Melarsomine Dihydrochloride ထိုးဆေးကို
ဆေးထိုးနှံနေတဲ့ရက်တွေမှာ ခွေးကိုလှုပ်လှုပ်ရှားရှားမလုပ်စေဖို့ အကြံပြုကြပါတယ် ၊
ဒီလိုထိုးနှံလိုက်ရင် သန်ကောင်(၉၀%)ကသေသွားပါတယ် ၊ နောက်(၄)လကြာတဲ့အခါမှာ
ခွေးကို Test Kit နဲ့ သွေးပြန်စစ်ကြည့်ရပါမယ် ၊ အကယ်၍ သွေးအဖြေမှာရောဂါရှိနေသေးရင်
အထက်ပါအတိုင်း ကုသမှုကိုနောက်တစ်ကြိမ်ပြန်လုပ်ပေးရပါတယ််။
ဒီလို(၄)လ အချိန်ခြားပြီးမှ ကုသမှုပြန်လုပ်ရခြင်းကတော့ ပထမအကြိမ်ထိုးနှံစဉ်မှာ
နှလုံးသန်ကောင်သတ်တဲ့ထိုးဆေးကမသတ်နိုင်ခဲ့သေးတဲ့ သန်ကောင်အငယ်တွေကို
အရွယ်ရောက်လာအောင်စောင့်ဆိုင်းနေပြီး သတ်လို့ရတဲ့အချိန်ရောက်လာမှထပ်ပြီးသတ်တဲ့
သဘောဖြစ်ပါတယ်။
ရောဂါအဆင့်(၃) ဆိုရင်တော့ Melarsomine Dihydrochloride ထိုးဆေးကို ခန္ဆာကိုယ်အလေးချိန်
(၁)ကီလိုရှိလေတိုင်း(2.5 mg) နှုန်းနဲ့ပထမအကြိမ်အသားဆေးထိုးနှံပေးရပါတယ်၊နောက်(၁)လ
အကြာ ဒုတိယလမှာကျတော့(၂)ကြိမ်တိတိမပျက်မကွက်ထိုးနှံရမှာဖြစ်ပြီး တစ်ကြိမ်နဲ့တစ်ကြိမ်
(၂၄)နာရီခြားပြီးထိုးနှံပေးရမှာဖြစ်ပါတယ်။
ထုံးစံအတိုင်းပဲ ဒီဆေးကိုထိုးနှံနေတဲ့ရက်တွေမှာလည်း ခွေးကိုလှုပ်လှုပ်ရှားရှား မလုပ်စေဖို့
သတိပြုရပါမယ်။
ဒီလိုစနစ်တကျထိုးနှံလိုက်တဲ့အခါ သန်ကောင်(၉၈%)က သေဆုံသွားပါတယ် ၊ နောက်(၄)လ
ကြာတဲ့အခါမှာ ခွေးကိုသွေးတစ်ခါပြန်စစ်ကြည့်ရပါမယ်၊အကယ်၍ သွေးအဖြေမှာရောဂါရှိနေသေး
ရင် အထက်ပါအတိုင်းကုသမှုကို ၊နောက်တစ်ကြိမ်ပြန်လုပ်ပေးရပါတယ်၊ ဒီလိုကုသပေးနေစဉ်မှာ
လည်း ကာကွယ်ဆေးကိုဆက်လက်တိုက်ကျွေးနေရမှာဖြစ်ပါတယ်။
မကြာသေးခင်ကလေ့လာတွေ့ရှိချက်တွေအရ ၊နှလုံးသန်ကောင်ကုသဆေးမထိုးခင် Doxycycline
စားဆေးကို ကြိုတိုက်ထားခြင်းအားဖြင့်၊သန်ကောင်အသေတွေကြောင့် အဆုပ်ထိခိုက်ပျက်စီးမှုကို
လျှော့နည်းစေပြီး သန်ကောင်ပေါက်အရေအတွက်ကိုလည်း အများကြီးလျှော့ကျသွားစေနိုင်တယ်
လို့သိရပါတယ်။
နောက်ထပ်အရေးကြီးတဲ့တွေ့ရှိမှုတစ်ခုကတော့ Doxycyclineစားဆေးတိုက်ထားတဲ့ခွေးရဲ့သွေး
ထဲကသန်ကောင်ပေါက်တွေကို ခြင်ကစုပ်ယူသွားရင်တောင်မှ ၊နောက်ခွေးတစ်ကောင်ဆီရောက်
တဲ့အခါရောဂါပေးနိုင်ဖို့အခွင့်အလမ်းက အလွန်နည်းသွားစေတယ်လို့သိရပါတယ်။
ထပ်မံဖတ်ရှုရန်လင့်ကိုနှိပ်ပါ Link