«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Mar 2019

ပဋိဇီဝဆေးအုပ်စုများ(Antibiotic Classes)

,
Unicode
 
ပဋိဇီဝဆေးတွေဟာ ခန္တာကိုယ်အတွင်းဝင်ရောက်ဒုက္ခပေးတဲ့ဘက်တီးရီးယားပိုးတွေနဲ့ ခန္တာကိုယ်
 
ပြင်ပကထိခိုက်ဒါဏ်ရာတွေထဲကို ဝင်ရောက်ဒုက္ခပေးတဲ့ဘက်တီးရီယားပိုးတွေကို နှိမ်နင်းသုပ်သင် 
 
ပေးနိုင်တဲ့ဆေးဝါးတွေဖြစ်ပါတယ်။

 
ပဋိဇီဝဆေးတွေကို သက်ဆိုင်ရာဓါတုဖြစ်စဉ်နဲ့ ဆေးဖက်ဆိုင်ဆိုင်ရာအာနိသင်အလိုက်တူရာတူရာ 
 
အုပ်စုတွေအဖြစ်ခွဲခြားသတ်မှတ်ထားပါတယ်။

အုပ်စုတူတစ်ခုမှာရှိတဲ့ပဋိဇီဝဆေးတွေဟာ ဓါတုဖွဲ့စည်းတည်ဆောက်ပုံချင်းခပ်ဆင်ဆင်တူကြပြီး 
 
သုပ်သင်နှိမ်နင်းနိုင်တဲ့ရောဂါပိုးကလည်းအနီးစပ်ဆုံးတူညီနေတတ်ပါတယ်၊ဆေးကုသရေးလုပ်ငန်း 
 
တွေမှာ  အသုံးအများဆုံးပဋိဇီဝဆေးအုပ်စုကြီး(၁၀)ခုကို ဗဟုသုတအဖြစ်လေ့လာနိုင်ရန်ဖော်ပြ 
 
လိုက်ပါတယ်။

အသုံးအများဆုံးပဋိဇီဝဆေးအုပ်စုကြီး(၁၀)ခုကတော့
 
(၂) တက်ထရာဆိုင်ကလင်း(Tetracyclines) ဆေးအုပ်စု
 
(၃) ဆက်ဖလိုစပိုရင်း(Cephalosporins) ဆေးအုပ်စု
 
(၅) လင်ကိုမိုင်စင်(Lincomycins) ဆေးအုပ်စု
 
(၇) ဆာလဖာ(Sulfonamides) ဆေးအုပ်စု
 
(၈) ဂလိုင်ကိုပက်ပတိုက်(Glycopeptides) ဆေးအုပ်စု
 
(၁၀) ကာဘက်ပင်း(Carbapenems) ဆေးအုပ်စုတို့ဖြစ်ပါတယ်။
 
ပဋိဇီဝဆေးတွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပြီး စည်းကမ်းမဲ့အသုံးပြုခြင်းဟာ 
 
အလွန်အန္တရာယ်များလှပါတယ်အုပ်စုတူပဋိဇီဝဆေးတွေပင်ဖြစ်လင့်ကစားမိမိသဘောနဲ့ပြောင်းလဲ 
 
အသုံးမပြုသင့်ကြောင်းသိထားသင့်ပါတယ်။

ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ပဋိဇီဝဆေးတွေကိုအသုံးပြုတဲ့အခါမှာ သတ်မှတ်ရက်ပြည့်သည်အထိ 
 
အပြည့်အဝအသုံးပြုရမှာဖြစ်ပြီး ရောဂါဝေဒနာပျောက်ကင်းသက်သာလာသည့်တိုင်သတ်မှတ်ရက်  
 
မတိုင်မီ ဆေးဖြတ်ပစ်လိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။
 
Zawgyi
 
ပဋိဇီဝဆေးတွေဟာ ခန္တာကိုယ်အတွင်းဝင်ရောက်ဒုက္ခပေးတဲ့ဘက်တီးရီးယားပိုးတွေနဲ့ ခန္တာကိုပြင်ပကထိခိုက်ဒါဏ်ရာတွေထဲကို ဝင်ရောက်ဒုက္ခပေးတဲ့ဘက်တီးရီယားပိုးတွေကို နှိမ်နင်းသုပ်သင်ပေးနိုင်တဲ့ဆေးဝါးတွေဖြစ်ပါတယ်
(၁) ပင်နီစလင်(Penicillins) ဆေးအုပ်စု
(၄) ကွီနိုလုန်း(Quinolones) ဆေးအုပ်စု
(၆) မက်ခရိုလိုက်(Macrolides) ဆေးအုပ်စု
(၉) အမိုင်နိုဂလိုင်ကိုဆိုက်(Aminoglycosides) ဆေးအုပ်စုနဲ့
ပဋိဇီဝဆေးတွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပြီး စည်းကမ်းမဲ့အသုံးပြုခြင်းဟာ အလွန်အန္တရာယ်များပါတယ် အုပ်စုတူပဋိဇီဝဆေးတွေပင်ဖြစ်လင့်ကစား မိမိသဘောနဲ့ပြောင်းလဲအသုံးမပြုသင့်ကြောင်းသိထားသင့်ပါတယ်
ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ပဋိဇီဝဆေးတွေကိုအသုံးပြုတဲ့အခါမှာ သတ်မှတ်ရက်ပြည့်သည်အထိအပြည့်အဝအသုံးပြုရမှာဖြစ်ပြီး ရောဂါဝေဒနာပျောက်ကင်းသက်သာလာသည့်တိုင် သတ်မှတ်ရက်မတိုင်မီ ဆေးဖြတ်ပစ်လိုက်တာမျိုးလုံးဝမလုပ်သင့်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “ပဋိဇီဝဆေးအုပ်စုများ(Antibiotic Classes)”

Post a Comment