«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 Sept 2020

ရီကားစီးယားရောဂါ(Rocky Mountain spotted fever)

,

ဒီရောဂါကို Rocky Mountain spotted fever လို့လည်းခေါ်ကြပါတယ်၊ ဖြစ်ပွားစေတဲ့ရောဂါပိုး 

ကတော့ Rickettsia rickettsii.လို့ခေါ်တဲ့ဘက်တီးရီးယားပိုးဖြစ်ပါတယ်၊ဒီရောဂါဟာတစ်ကမ္ဘာလုံး 

အနှံ့က နိုင်ငံတိုင်းလိုလိုမှာဖြစ်ပွားတတ်ပါတယ်၊ ဒီရောဂါဟာမွှားတွေကတဆင့်ကူးစက်ဖြစ်ပွား 

စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်၊ ခွေးတွေရဲ့ခန္တာကိုယ်ပေါ်မှာတွယ်ကပ်လေ့ရှိတဲ့ အညို့ရောင်မွှား 

ကောင်တွေဟာဒီရောဂါကိုဖြစ်ပွားစေတတ်ပါတယ်။

 

ရီကားစီးယားရောဂါရောဂါဟာခွေးတွေဆီကနေ လူတွေဆီကိုတိုက်ရိုက်ကူးစက်တဲ့ အထောက်  

အထားမရှိပါဘူး၊ သို့သော် ခွေးရဲ့ခန္တာကိုယ်ပေါ်ကမွှားတွေကိုဖယ်ရှားရင်းနဲ့ မွှားရဲ့ကိုယ်ထဲမှာစုပ် 

ယူထားတဲ့သွေးကနေ့တစ်ဆင့်တော့ကူးစက်တတ်ပါတယ်၊ အဲဒီမွှားတွေကထွက်တဲ့အရည်တွေဟာ 

လူရဲ့အနာနဲ့ထိတွေ့မိရင်ဖြစ်စေ ၊ အဲဒီအရည်တွေမျက်စေ့ထဲကိုဝင်ရင်ဖြစ်စေ လူကိုကူးစက်နိုင်ပါ 

တယ်

 

ခွေးတွေကိုတော့ဒီရောဂါက အလွယ်တကူကူးစက်နိုင်ပြီး၊ ကူးစက်ခံရတဲ့ခွေးဟာ ကိုယ်အပူချိန်  

105°F [40.5°C]လောက်အထိ အဖျားတက်လာတတ်ပါတယ်၊အဆစ်အမြစ်တွေယောင်လာတတ်ပြီး 

ခန္တာကိုယ်အနှံ့က လင့်အကြိတ်တွေကိုပါယောင်လာစေတတ်ပါတယ်၊‌ချောင်းဆိုးခြင်း ၊ အသက်ရှူ 

ကြပ်ခြင်း၊ အန်းခြင်း၊ဝမ်းပျက်ခြင်း၊မျက်နှာယောင်ခြင်း၊အစွန်အဖျားပိုင်းနေရာတွေယောင်ယမ်းလာ 

ခြင်းတွေဖြစ်တတ်ပါတယ်။

 

ရောဂါအခြေအနေအလွန်ဆိုးလာတဲ့အခါမှာတော့ ခွေးဟာ မတ်တပ်ထပြီးလမ်းမလျှောက်နိုင်

တော့ပဲ သေသေချာချာကြည့်ရင်မျက်တောင်တွေရဲ့အရင်းပိုင်းကနေရာတွေနဲ့ နှုတ်ခမ်းရဲ့အစပ်က 

နေရာတွေမှာ သွေးခြေဉတဲ့အတွက်ခရမ်းရောင်အကွက်လေးတွေကိုတွေ့ရတတ်ပါတယ်၊ 

ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေရဲ့ ၁၀% လောက်ဟာသေဆုံးသွားလေ့ရှိပါတယ်။

 

ဒီရောဂါဖြစ်ပွားတဲ့ခွေးကိုသွေးဖောက်ယူပြီး Rickettsia rickettsii. ပိုးကိုခုခံနေတဲ့ antibody တွေ 

မြင့်တက်နေခြင်းရှိမရှိစစ်ဆေးခြင်းအားဖြင့် ဒီရောဂါရှိမရှိကိုသိနိုင်ပါတယ် ၊ ဒါပေမယ့်ဓာတ်ခွဲခန်း 

အဖြေရဖို့က ၃-ရက်လောက်ကြာတတ်တဲ့အတွက် အဖြေရတဲ့အထိစောင့်မနေပဲ ပဋိဇီဝဆေးတွေ 

နဲ့စတင်ကုသပေးထားရပါတယ်၊ ကုသမှုနောက်ကျသွားရင်ရောဂါအခြေအနေက အလျှင်အမြန် 

ဆိုးရွားလာပြီး အသက်သေဆုံးသွားနိုင်တဲ့ရောဂါဖြစ်ပါတယ်။

 

ဒီရောဂါဖြစ်မှန်းသိလျှင်သိချင်းDoxycyclineဆေးကို၊ကိုယ်အလေးချိန် ၁-ကီလိုဂရမ်တိုင်းအတွက် 

၅-၁၀ မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး ၁၀-၂၁ ရက်လောက်တိုက်ကျွေးသွားရပါမယ်၊အကယ်၍ 

အန်နေရင်တော့ အကြောဆေးသွင်းပေးရပါတယ်။

Tetracycline ဆေးကို၊ ကိုယ်အလေးချိန် ၁-ကီလိုဂရမ်တိုင်းအတွက် ၂၂- မီလီဂရမ်နှုန်းနဲ့

တွက်ချက်ပြီး နေ့စဉ် ၃-ကြိမ် ၊ ၁၀-၂၁ ရက်လောက်တိုက်ကျွေးလို့လည်းရပါတယ်။

 

တစ်ချိန်တည်းမှာ သွေးပေါင်ကျမသွားစေဖို့အတွက်ဓာတ်ဆားရည်သွင်းပေးခြင်း၊တိုက်ပေးခြင်းတို့ 

ကိုလည်းပြုလုပ်ပေးရမယ့်အပြင် ခန္တာကိုယ်မှာ သွေးယို့စိမ့်မှုတွေဆက်ဖြစ်မလာစေဖို့အတွက် 

သွေးကိုခဲစေတတ်တဲ့ဆေးတွေကိုလည်းထိုးနှံပေးထားရပါတယ်၊

 

ဒီရောဂါမဖြစ်ပွားစေဖို့အတွက် မိမိခွေးမှာမွှားကောင်တွေကင်းစင်နေစေဖို့အမြဲဂရုပြုသင့်ပါတယ်၊ 

မွှားတွေကိုဖယ်ရှားတဲ့အခါမှာ လက်နဲ့ဖိသတ်ခြင်းမပြုသင့်ပါဘူး၊ အခန့်မသင့်ရင် လူကိုကူးစက်စေ 

နိုင်ပါတယ်၊ မွှားတွေကို ဇာကနာလိုညှပ်တစ်ခုခုနဲ့သာဖယ်ရှားပေးသင့်ပါတယ်၊ မိမိရဲ့ခွေးမှာ

ဒီရောဂါမဖြစ်ပွားစေဖို့ ထိရောက်တဲ့ကြိုတင်ကာကွယ်ဆေးမရှိသေးပါဘူး။

မွှားကင်းစင်ရေးဆောင်ရွက်နည်းများကိုလေ့လာရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “ရီကားစီးယားရောဂါ(Rocky Mountain spotted fever)”

Post a Comment