«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

နာတာရှည်အန်နေ​သောရောဂါ(Helicobacter pylori infection )

,
 Unicode
 
ကြောင်တွေ နာတာရှည်အန်နေတယ်ဆိုရင်…Helicobacter pylori  လို့ခေါ်တဲ့ရောဂါပိုး 
 
ရှိနေလို့ဖြစ်နိုင်ပါတယ်… လူတွေရဲ့အစာအိမ်မှာအနာပေါက်တဲ့ရောဂါ ဖြစ်ပွားစေတဲ့ ဒီ  
 
Helicobacter pylori ဘက်တီးရီးယားပိုးဟာ ကြောင်တွေမှာ လေထိုးလေအောင့်ခြင်းနဲ့ 
 
အထက်လှန်အောက်လျှောဝေဒနာတွေကိုဖြစ်ပေါ်  စေပါတယ်အဖြစ်အများဆုံးကတော့…
 
မကြခဏဆိုသလို အန်နေတတ်တာပါပဲ… ဒီရောဂါပိုးဟာ ကြောင်တွေရဲ့အစာအိမ်ထဲမှာ 
 
ရှိနေတာမို့…နာတာရှည်အစာအိမ် ယောင် ရမ်းပြီး အန်နေတာဖြစ်ပါတယ်. 
 
.ကြောင်အများစုဟာဒီရောဂါပိုးရှိနေပေမယ့်ဘာ ရောဂါလက္ခဏာ မှမပြပဲ..ကျန်းကျန်းမာမာ 
 
ရှိနေတာကိုလည်း တွေ့မြင်နိုင်ပါတယ် ..         
       
ကုသခြင်းအနေနဲ့ကတော့- -
 
အစာအိမ်ထဲမှာ အက်စစ်ဓါတ်ထွက်တာကို လျှော့နည်းစေတဲ့ ဆေးတစ်မျိုးမျိုးကို တိုက်ကျွေး 
 
ရပါမယ်….Ranitidind,Famotidine စတာတွေကို တိုက်ကျွေးနိုင်ပါတယ်   … ရှိနေတဲ့ပိုးကို
 
သတ်ဖို့ ပဋိဇီဝဆေးအနေနဲ့ကတော့ … အမောက်ဇာဆီလင် နဲ့ မက်ထရိုနီဒါဇောစားဆေး
 
တွေကို ပူးတွဲတိုက်ကျွေးပေးရမှာဖြစ်ပါတယ် …. အဲဒီဆေးတွေကို(၁၄)ရက်အထိ ရက်မပျက်
 
အောင်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ် …
 
ဒီရောဂါဟာလူနဲ့ကြောင် အပြန်အလှန်ကူးစက်တာမျိုးကတော့ သိပ်မတွေ့ရပါဘူး၊ ဒါပေမယ့် 
 
ရောဂါဖြစ်ပွားစေတဲ့ပိုးကတော့  တစ်မျိုးတည်းဖြစ်ပါတယ် …

ဆက်လက်ဖတ်ရှုလေ့လာလိုပါက လင့်ကိုနှိပ်ပါ - Link


Zawgyi
 
 
        
ကုသခြင်း
လူထုကျန်းမာရေး
လူနဲ့ကြောင် အပြန်အလှန်ကူးစက်တာမျိုးကတော့ သိပ်မတွေ့ရပါဘူး…ဒါပေမယ့် ရောဂါဖြစ်ပွားစေတဲ့ပိုးကတော့ အတူတူတစ်မျိုးတည်းဖြစ်ပါတယ် …

0 မှတ်ချက်များ to “နာတာရှည်အန်နေ​သောရောဂါ(Helicobacter pylori infection )”

Post a Comment